တာချီလိတ်မြို့နယ်တွင် မူးယစ်ဆေးဝါး အမြောက်အမြား ဖမ်းမိ

ကာလတန်ဖိုး ၆၄,၅၈၆ ဒသမ ၇၅ သန်းရှိ ဘိန်းဖြူအပါအ၀င် စိတ်ကြွမူးယစ်ဆေးဝါး
အမြောက်အမြားကို ယမန်နေ့က တာချီလိတ်မြို့နယ်တွင် ပူးပေါင်းတပ်ဖွဲ့ဝင်များက ဖမ်းဆီးရမိခဲ့သည်။

တာချီလိတ်အခြေစိုက် စစ်ဗျူဟာမှူး ဦးဆောင်သည့် တာချီလိတ်မူးယစ်တပ်စု(၃၀) တပ်ဖွဲ့ဝင်များက
သတင်းအရ မိုင်းဟဲ (အောက်) ကျေးရွာအုပ်စု၊ ကျဆီးကျေးရွာအတွင်း စီးနင်းရှာဖွေခဲ့ရာတွင်
ဖမ်းဆီးရမိခဲ့ခြင်း ဖြစ်သည်။

ဖမ်းဆီးရမိခဲ့သည့် မူးယစ်ဆေးဝါးများမှာ WY စာတမ်းပါ စိတ်ကြွဆေးပြား သန်း ၂၀ ခန့်ပါ
ဆာလာအိတ်ဖြင့် (၈၅)လုံး၊ ကိုး ဒသမ တစ် ကီလိုခန့်ရှိ ဘိန်းဖြူ ဘလောက်တုံး၂၆ တုံး၊
အက်တက်စီဆေးပြား ခြောက် ဒသမ တစ်သိန်းခန့် (စိစစ်ဆဲ)၊ ကဖင်း ငါးအိတ် (အလေးချိန် စိစစ်ဆဲ)၊
ဘိန်းစိမ်း တစ် ဒသမ ငါး ကီလိုခန့်၊ ကက်တမင်း တစ်ကီလို၊ အိုက်စ် ၁၉၉ ကီလိုခန့်၊
ထိုင်းဘတ်ငွေ ၁၈ သိန်း၊ တရုတ်ယွမ်ငွေ ၁၀,၀၀၀၊ စိတ်ကြွဆေးပြားရိုက်မို ၇၀ ချောင်း၊ ၉၉၉ တံဆိပ်ပါ
မိုနှစ်၂ ချောင်း၊ ပွိုင့် ၂၂ ပြောင်းရှည် သေနတ်နှစ်လက်၊ ရီမင်တန်တစ်လုံးထိုး သေနတ်တစ်လက်၊
ရွှေထည်မျိုးစုံ (စိစစ်ဆဲ)၊ Vigo Hilu) သုံးစီးတို့ဖြစ်သည်။

မူးယစ်ဆေးဝါးများနှင့်အတူ ဖမ်းဆီးရမိခဲ့သည့် တရားခံ လေးဦးကို ဥပဒေအရ
အရေးယူဆောင်ရွက်နိုင်ရေးနှင့် ကွင်းဆက် တရားခံများ ဖမ်းဆီးဖော်ထုတ်နိုင်ရေး
ဆောင်ရွက်လျက်ရှိကြောင်း ရဲတပ်ဖွဲ့က ထုတ်ပြန်ထားသည်။

ဤအကြောင်းအရာနှင့် ပက်သက်၍ ထင်မြင်ချက်ပေးလိုပါက ...
[email protected] သို့ ပေးပို့နိုင်ပါသည်။


အကြည့်အများဆုံး - မှုခင်းသတင်းတိုများ