သင်္ဘောလုပ်သားချင်းချင်း စကားများရန်ဖြစ်ရာက လူသတ်မှုဖြစ်

စစ်ကိုင်းတိုင်းဒေသကြီးတွင် သင်္ဘောလုပ်သားချင်းချင်း စကားများ ရန်ဖြစ်ရာက လူသတ်မှု
ဖြစ်ပွားခဲ့သည် ဆိုမှုကို သက်ဆိုင်ရာက သြဂုတ်လ ၉ ရက်နေ့တွင် အမှုဖွင့်အရေးယူထားသည်။

အဆိုပါနေ့ ည ၇ နာရီ ၃၀ မိနစ်အချိန် စစ်ကိုင်းတိုင်းဒေသကြီး၊ ဆားလင်းကြီးမြို့နယ်၊
ကျောက်မျက်ကျေးရွာရှိ “မြဝတီ”ကုမ္ပဏီတွင် လူသတ်မှုဖြစ်ပွားကြောင်းသတင်းအရ
ဆားလင်းကြီးမြို့မရဲစခန်းမှ တပ်ဖွဲ့ဝင်များက သွားရောက်စစ်ဆေးခဲ့သည်။

စုံစမ်းချက်အရ အဆိုပါ ကုမ္မဏီမှ သင်္ဘောလုပ်သားများဖြစ်သည့် ဧရာဝတီတိုင်းဒေသကြီး၊
မော်လမြိုင်ကျွန်းမြို့နယ်၊ အလယ်ရေကျော်ကျေးရွာနေ ကောင်းဇော်လင်း(၃၆)နှစ်နှင့် တစ်ရွာတည်းနေ
မြင့်ခိုင်(၃၄) နှစ် တို့(၂)ဦး စကားများရန်ဖြစ်ရာ ကောင်းဇော်လင်း မှ လုပ်ငန်းသုံးစကေဘာဖြင့်
ထိုးခဲ့သောကြောင့် မြင့်ခိုင်တွင် ဒဏ်ရာများ ရရှိ၍ ဆေးရုံသို့ တင်ပို့ကုသစဉ် သေဆုံးသွားသဖြင့
ကောင်းဇော်လင်း အား ဆားလင်းကြီးမြို့မရဲစခန်း (ပ)၁၆၉/ ၁၇၊ ရာဇသတ်ကြီးပုဒ်မ ၃၀၂ အရ
အမှုဖွင့်အရေးယူထားသည်။

ဤအကြောင်းအရာနှင့် ပက်သက်၍ ထင်မြင်ချက်ပေးလိုပါက ...
[email protected] သို့ ပေးပို့နိုင်ပါသည်။


အကြည့်အများဆုံး - မှုခင်းသတင်းတိုများ