ငရုတ်သီးမှုန့်ဖြင့်ပက်ကာ ဆိုင်ကယ်ကို လုယူသွား

လှိုင်သာယာမြို့နယ်တွင် မျက်နှာကို ငရုတ်သီးမှုန့်ဖြင့်ပက်ကာ ဆိုင်ကယ်လုယူသွားသည် ဆိုကာ
တိုင်တန်းမှု နိုဝင်ဘာလ ၂၈ ရက်နေ့ကဖြစ်ပွားခဲ့ကြောင်း သိရသည်။

အဆိုပါနေ့ ည ၇ နာရီခွဲအချိန်ခန့်တွင် လှိုင်သာယာမြို့နယ်နေ ကိုဇော်ဇော်အောင်သည် လှိုင်သာ
ယာမြို့နယ် အဆင့်မြင့်အိမ်ယာဆိုင်ကယ်ကယ်ရီဂိတ်တွင်ရှိနေစဉ် အသက် ၂၉ နှစ် အရွယ်အမျိုး
သားတစ်ဦး ရောက်လာပြီး အနောက်ပိုင်းနည်းပညာတက္ကသိုလ်သို့ ငွေကျပ် ၅၀၀၀ ဖြင့်ငှားရမ်း
သဖြင့် လိုက်ပါပို့ဆောင်စဉ် ၀ါဝါ၀င်းကုမ္ပဏီပတ်လမ်း ဆောက်လုပ်ရေးဂိုထောင်အနီးအရောက်
ဆိုင်ကယ်ငှားရမ်းစီးသူကမျက်နှာကို ငရုတ်သီးမုန့်ဖြင့်ပက်ကာ လည်ပင်းအားဓားနှင့်ထောက်
သဖြင့် ဆိုင်ကယ်တိမ်းမှောက်ခဲ့ သည်။

ဆိုင်ကယ်တိမ်းမှောက်စဉ် ဆိုင်ကယ်ကိုလုယူကာထွက်ပြေးသွားခဲ့ကြောင်း၊ ဆိုင်ကယ်လုယူစဉ်
ဓားဖြင့်ထောက်ခဲ့သောကြောင့် လည်ပင်းနှင့်လက်တို့တွင် ပြတ်ရှ ဒဏ်ရာများရရှိခဲ့သောကြာင့်
လှိုင်သာယာဆေးရုံသို့ တင်ပို့ကုသရသောကြောင့် အရေးယူ ပေးရန်တိုင်ကြားခဲ့သည်။

သောင်ကြီးနယ်မြေရဲစခန်းက(ပ)၇၄၀/၁၃ ပြစ်မှုပုဒ်မ ၃၉၄ အရ အမှုဖွင့်စုံစမ်းလျက်ရှိ ကြောင်း
သိရသည်။

ဤအကြောင်းအရာနှင့် ပက်သက်၍ ထင်မြင်ချက်ပေးလိုပါက ...
[email protected] သို့ ပေးပို့နိုင်ပါသည်။


အကြည့်အများဆုံး - မှုခင်းသတင်းတိုများ