ပညာရေးကဏ္ဍကို နိုင်ငံတကာနဲ့ပူးပေါင်းပြီး ပြန်လည်သုံးသပ်နေတယ်

စစ်တွေတက္ကသိုလ်မှ ကျောင်းသားကျောင်းသူများအား အောက်တိုဘာလအတွင်းက တွေ့ရစဉ်။ စိုးသန်းလင်း / မြန်မာတိုင်း(မ်)စစ်တွေတက္ကသိုလ်မှ ကျောင်းသားကျောင်းသူများအား အောက်တိုဘာလအတွင်းက တွေ့ရစဉ်။ စိုးသန်းလင်း / မြန်မာတိုင်း(မ်)

အောက်တိုဘာ ၂၄ ရက်က မြန်မာနိုင်ငံ ၀ိဇ္ဇာနှင့်သိပ္ပံပညာရှင်အဖွဲ့၏ စာတမ်းဖတ်ပွဲသို့
တက်ရောက်သည့် ပညာရေးဝန်ကြီးဌာန ဒုတိယ၀န်ကြီး ဒေါက်တာမျိုးမြင့်အား ရန်ကုန်တက္ကသိုလ်၊
ဝိဇ္ဇာခန်းမ၌ ပညာရေးကဏ္ဍနှင့်ပတ်သက်၍ ဆူညံနေသည့် ဝေဖန်သံများ၊ ပြန်လည်သုံးသပ်မှုများနှင့်
ပြုပြင်ပြောင်းလဲမှုအခြေအနေများကို  မြန်မာတိုင်း(မ်)မှ အကြီးတန်းလက်ထောက်စာတည်း
စန္ဒာလွင်က  တွေ့ဆုံမေးမြန်းခဲ့သည်။

* ပညာရေးကဏ္ဍကို ပြန်လည်သုံးသပ် ဖို့ လွှတ်တော်က တိုက်တွန်းထားပြီး ပြန်လည်သုံးသပ်နေ
တယ်လို့လည်း သိရပါတယ်။ အဲဒီအကြောင်းလေး ပြောပြပေးပါဆရာ။

ဆရာတို့က Comprehensive Education Sector Review (CESR) နော်။ ဒီ review ကို
launch လုပ်တဲ့ အခမ်း အနား မနေ့ကပဲ နေပြည်တော်မှာ လုပ်ခဲ့ ပါတယ်။ မြန်မာပညာရှင်တွေ
သက်သက် နဲ့ မဟုတ်ဘဲ ကုလသမဂ္ဂဆိုင်ရာ၊ နိုင်ငံ တကာဆိုင်ရာနဲ့ စနစ်တကျလည်းလုပ် ဖို့
ဆောင်ရွက်နေတာ ဖြစ်တယ်။ ပထမ လေးလကတော့ rapid assessment ပေါ့။ ကဏ္ဍစုံ။
ပညာရေးတင်မကဘူး၊ ကျန်တဲ့ဝန်ကြီးဌာနတွေ၊ ဥပမာ- သိပ္ပံနှင့် နည်းပညာ၊ vocaltional
education, non formal educationကဏ္ဍစုံ အားလုံး ပါဝင်မယ့် လေးလဖြစ်တယ်။ ပြီးရင်
အဖြေပေါ်မှာမူတည်ပြီးတော့ နောက်ထပ် တစ်နှစ်မှာ ဘာတွေဆောင်ရွက်မလဲ ဆိုတာကို ဆက်ပြီး
စီမံဆောင်ရွက်မှာ ဖြစ်တယ်။ အဲဒီအခါကျတော့ ပြည်တွင်း တင်မကဘူး၊ နိုင်ငံတကာအတွေ့အကြုံ၊
အာဆီယံဒေသတွင်းက အတွေ့အကြုံ စသည်အားဖြင့် ထည့်သွင်းပြီး စဉ်းစား ဆောင်ရွက်မှာဖြစ်
တယ်။ အဲဒါပြီးလို့ ရှိရင်တော့ စီမံကိန်းတစ်ရပ်ပေါ်လာမှာ ဖြစ်ပါတယ်။

တကယ်တမ်း ဒီ review က ဩဂုတ် ကတည်းက စနေတာဖြစ်တယ်။ သုတေသန အချိန်ယူမှုအရ
ခန့်မှန်းခြေ ဇန်န၀ါရီ လောက်မှာ စုံမယ်လို့ ခန့်မှန်းတယ်။

* တွဲလုပ်တဲ့ အဖွဲ့အစည်းတွေကို သိပါ ရစေ။ UN ပါမယ်။ EU ပါမယ်။ World Bank, AUSAID,
JICA ပါတယ်။  AUSAID က တော်တော်လေး ဦးဆောင် လုပ်ပေးနေတာတွေ ရှိပါတယ်။ အခု
ပြောတာ စုံချင်မှစုံမယ်လေ။ ဒါအဓိက အဖွဲ့အစည်းတွေပေါ့။ ပါဝင်မှုကတော့ တော်တော်များပါ
တယ်။ မနေ့ကကိုပဲ launching ceremony ပြီးတဲ့အခါ panel discussion လုပ်ပါတယ်။ အမေး
အဖြေတွေ လုပ်တယ်။ သူတို့ဘက်ကလည်း ဆရာတို့ရဲ့ ဆောင်ရွက်ချက်တွေ ကို တော်တော်လေး
အားရတဲ့အကြောင်း၊ ပူးပေါင်းဆောင်ရွက်မှု ထိရောက်နေတဲ့ အကြောင်း ပြောပါတယ်။ သင်ကြား
နည်းဆိုင်ရာကတော့ အခု အများပြောတဲ့ ကျောင်းသားဗဟိုပြု စနစ်ပေါ့။

* လက်ရှိ ပညာရေးဝန်ကြီးဌာနရနေ တဲ့ အဓိက complaint က ပညာရေး က သင်ပေးလိုက်တဲ့
ကလေးတွေ မတတ်ဘူးဆိုတာ ဖြစ်ပါတယ်။

ဟုတ်ကဲ့ ...ဟုတ်ကဲ့ ...။

* အခုတော့ ပြန်လည်သုံးသပ်နေပြီ။ ဒါ့ပြင် လက်ရှိအချိန်မှာ ဒီ complaint ရှိနေမှုအရ ပညာရေး
ဝန်ကြီးဌာနက ဆောင်ရွက်နေမှုကို သိပါရစေ။

ပြုပြင်ပြောင်းလဲမှုကို အခြေခံပညာ မှာ ကဏ္ဍ ၁၂ ခု၊ အဆင့်မြင့်ပညာမှာ ၁၃ ခု ဆောင်ရွက်ဖို့လို့
သတ်မှတ်ထားတယ်။ အခြေခံပညာမှာ အရည်အသွေး မြင့်မား ရေးနဲ့ ကျောင်းနေတဲ့အခွင့်အလမ်း
ပိုရရှိ ဖို့လို့ အဓိကနှစ်ချက်ပေါ့။ တက္ကသိုလ် အဆင့်မှာတော့ ဆရာ၊ ဆရာမ၊ ကျောင်းသူ၊ ကျောင်း
သား၊ နောက်တစ်ခါ ကျောင်းတွေရဲ့ အရည်အသွေး မြင့်မား ရေး၊ ဘက်စုံ ဆရာတို့ ဆောင်ရွက်နေ
တာ ဖြစ်တယ်။ အချိန်အတိုင်းအတာ တစ်ခု တော့ စိတ်ရှည် လက်ရှည် စောင့်ဆိုင်းဖို့ တော့ လို
တယ်။ ဒါပေမယ့်လို့ အခု လက်ငင်းပဲ ထင်သာမြင်သာရလဒ်တွေ လည်း အခြေခံပညာမှာဆိုရင်
မူလတန်း မသင်မနေရ ပညာရေးအတွက်ကို အထောက်အကူပြုဖို့ လုပ်နိုင်တဲ့ဟာ တွေ၊ ဥပမာ-
ဖတ်စာအုပ်အခမဲ့၊ ဒီနှစ်ဆို exercise book ပါ ကလေးတိုင်းကို ဝေ တာရှိတယ်။ လာမယ့်နှစ်
ဆိုရင် ဒီထက် တိုးပြီးတော့ ဝေဖို့ရှိတယ်။ တစ်ဖက်က လည်း ဆရာ၊ ဆရာမတွေရဲ့ အဆင်ပြေမှု
အတွက် တတ်နိုင်သမျှ မူလတန်းမှာဆို ရင် အရည်အချင်းရော၊ လုပ်သက်ပါ ပြည့် တဲ့ ဆရာ၊
ဆရာမတွေကို လစာ၊ အဆင့် တိုးမြှင့်ပေးတာရှိတယ်။ နောက်စီမံခန့်ခွဲရေးပိုင်း ပိုပြီးခိုင်မာဖို့ အခြေခံ
ပညာအဆင့်မှာ ခရိုင်ပညာရေးမှူးဆိုတာ နောက်ထပ် အဆင့်တစ်ဆင့် တိုးတယ်။ တိုးတဲ့အပြင်
လစာလည်း တိုးမြှင့်ပေး တယ်။ နှစ်ပိုင်းပေါ့လေ၊ သင်ကြားရေး မြှင့်ပေးသလိုပဲ တစ်ဖက်ကလည်း
စီမံခန့်ခွဲရေးပိုင်းကို မြှင့်ပေးနေတယ်။ နောက် ကျောင်းသားတွေ စာသင် ကြားနိုင်ဖို့ အခွင့်အလမ်း
တွေ ပိုပြီးတော့ ဖန်တီးနေတယ်။ အဲတော့ သုံးဖက် သုံးတန် ကြိုးစားနေတာတွေရှိပါတယ်။ နောက်
တက္ကသိုလ်မှာ ဒီနှစ်ဆို ပညာရေးဝန်ကြီးဌာနကို ဘတ်ဂျက်လည်း ပိုရတဲ့အတွက် တက္ကသိုလ်တိုင်း
ကို တိုးမြှင့် ပေးထားတယ်။ အထိုက်အလျောက် သင်ယူရေးမှာ အထောက်အကူပြုမယ့် facilities
တွေ တိုးမြှင့်နေတာတွေ့မယ်။ တစ်ဖက်ကလည်း တစ်ပြည်လုံးမှာရှိ တဲ့ တက္ကသိုလ်ကောလိပ်တွေ
အတွက် ဆရာဆရာမ အသစ် ၁,၅၇၃ ဦးကို ခန့် လိုက်ပါတယ်။ အရင်ကတော့ ခန့်ပြီးရင် ချက်ချင်း
အလုပ်ဝင်တဲ့သဘောရှိတယ်။ အခု ဒီ ၁,၅၀၀ ကျော်သော ဆရာ၊ ဆရာမ အားလုံးကို ဆရာတို့က
နှစ်လသင်တန်း ပို့ချနေတယ်။ ဘာသာရပ်အပြင် ပညာရေး တက္ကသိုလ်တွေရဲ့ အကူအညီနဲ့ ဆရာ
အတတ်သင်ပညာပိုင်းကိုပါ ပေးနေတာ ရှိတယ်။ ဒီသင်တန်းပြီးရင် နောက် တစ်ဆင့်က ဒီဆရာ
ဆရာမတွေရဲ့ အင်္ဂလိပ်စာအရည်အသွေးကိုပါ မြှင့် တင်ဖို့ အသုတ်လိုက် ဆောင်ရွက်သွား မှာ
ဖြစ်တယ်။

* တက္ကသိုလ်တွေမှာ နိုင်ငံခြား တက္ကသိုလ်တွေနဲ့ ပူးပေါင်းလုပ်မယ့် အစီအစဉ်တွေရှိတယ်လို့
သမ္မတကြီး ကလည်း ပြောပါတယ်။ အဲဒီအစီ အစဉ်တွေကို သိပါရစေ။

တိတိကျကျကတော့ Johns Hopkins နဲ့ ရန်ကုန်တက္ကသိုလ်နဲ့၊ နောက်တစ်ခါ မန္တလေးတက္ကသိုလ်
နဲ့ ပြင်သစ်က ပါရီမှာရှိတဲ့ Montpellier တက္ကသိုလ်နဲ့ ညှိနှိုင်းထားတာရှိပါတယ်။ လောလော
ဆယ်ပဲ ဒုဝန်ကြီး ဦးအေးကြူ နဲ့ မန္တလေးတက္ကသိုလ်ပါမောက္ခချုပ်နဲ့ နောက်ဆုံးအဆင့် သွားရောက်
ညှိနှိုင်း နေတာ ဖြစ်ပါတယ်။ Johns Hopkins နဲ့ ဆိုရင် Centre of Excellence တည်ထောင်ဖို့မှာ
ဆရာတို့ တက္ကသိုလ်က တာဝန်ယူရမယ့် လိုအပ်တဲ့ အဆောက်အအုံပိုင်း၊ အိုင်စီတီပိုင်း facilities
တွေကို မြှင့်တင်ဖို့လို့ ဆောင် ရွက်နေတာ ဖြစ်တယ်။ ဆရာတို့ ပူးပေါင်းဆောင်ရွက်ဖို့ အတွက်
concept proposal တွေ တင်ပြီး ပြီ။ နှစ်ဖက်စလုံးက လက်ခံပြီးတဲ့အဆင့် ကို ရောက်နေပါပြီ။
ဒါပေမယ့် သူတို့ဘက် ကလည်း ပညာရှင်တွေခေါ်လာဖို့ဆိုတာ လည်း သူတို့ဘက်ကလည်း
funding လိုပါတယ်။ အဲဒီ funding အတွက် လည်း ဆောင်ရွက်ဖို့လိုပါတယ်။ အဲဒါ ပြည့်စုံတဲ့အခါ
ကျလို့ရှိရင်တော့ ဆရာတို့ ဒီ Centre of Excellence ထောင်မှာ ဖြစ်တယ်။

* သမ္မတကြီးကလည်း အင်္ဂလိပ်စာ အရည်အသွေးမြှင့်ဖို့ ပြောသွားတာ ရှိတယ်။ ကျောင်းသားတွေ
ကို အင်္ဂလိပ်စာ အရည်အသွေးမြှင့်ဖို့ အတွက် ဆရာတို့ ပညာရေးဝန်ကြီး ဌာနက ဘယ်လိုလုပ်ဖို့
အစီအစဉ် ရှိပါသလဲ။

အခု အသစ်ခန့်အပ်တဲ့အထဲမှာ အင်္ဂလိပ်စာဆရာမ အသစ် ၁၄၀ ရှိတယ်။ သူတို့ကို အခု ဆရာတို့
အင်္ဂလိပ်ဘာသာ စကား ဗဟိုဌာန၊ မာလာဆောင်ပေါ့။ လက်ရှိ ထိထိရောက်ရောက် သင်တန်း
ပေးနေတယ်။ တစ်ဦးချင်းစီကို သူတို့ရဲ့ လိုအပ်ချက်တွေကို အကဲခတ်ပြီးတော့ စနေနေ့ကျလို့ရှိရင်
သီးခြား အပိုဆောင်း ပြီးတော့ကို၊ ဥပမာ-အသံထွက် လိုအပ် ရင် အသံထွက်၊ သဒ္ဒါပိုင်းဆိုင်ရာဆို
သဒ္ဒါ ပိုင်း၊ speaking ပိုင်းဆိုင်ရာဆို speaking ပိုင်း၊ အထူးကို ပို့ချမှုလေး တွေနဲ့ လုပ်နေပါတယ်။
နောက်တစ်ခါ အရေးကြီးတဲ့ ဆောင် ရွက်ချက်တစ်ခုက နိုင်ငံတကာအဆင့်မီ တဲ့ text book တွေ
ကို ဒီဇင်ဘာကျရင် ဆရာတို့က တက္ကသိုလ်တွေမှာ introduce လုပ်မှာ ဖြစ်တယ်။

* Native Speaker တွေကို ခန့်ထားဖို့ ရော ရှိပါသလားဆရာ။

ဆရာဆရာမတွေကို လေ့ကျင့်တဲ့ British Council ကနေ သင်ပြနည်း methodology ပိုင်းတစ်
ယောက် လွှတ်ပြီးတော့ ကူညီတာရှိပါ တယ်။ နောက် ဩစတြေးလျနိုင်ငံနဲ့လည်း ညှိနှိုင်းထားတာ
ရှိတယ်။ မကြာမီပေါ့ လေ၊ လာမယ့်နှစ်ဆန်းလောက်မှာ သူတို့ ဘက်ကနေပြီးတော့ အင်္ဂလိပ်စာနဲ့
ပတ်သက်ပြီး ဆရာနှစ်ယောက် နှစ်နှစ်ပို့ပေးဖို့လည်းရှိတယ်။ နောက်ရည်ရွယ်တာက ဆရာ၊ ဆရာမ
တွေအားလုံး ဟိုးပါမောက္ခချုပ်ကအစ အသစ်ဝင်တဲ့ ဆရာ၊ ဆရာမတွေအထိကို မွမ်းမံသင်တန်းတွေ
ပေးဖို့လို့ ရည်ရွယ် ချက် ရှိတယ်။ ဆရာတို့ချည်းပဲ လုပ်တာမျိုးရှိသလို နိုင်ငံတကာနဲ့ ပေါင်းပြီးတော့
လုပ်ဖို့ ရှိပါတယ်။ British Council နဲ့ ညှိနှိုင်းထားတာတွေလည်း ရှိပါတယ်။

* တက္ကသိုလ်တွေကို သင်ကြားရေး အပြင်သုတေသနအခြေပြုတက္ကသိုလ် တွေဖြစ်လာအောင်
ဆောင်ရွက်ဖို့ အစီအစဉ်က ဘယ်လိုရှိပါသလဲ။

တကယ်တမ်းကတော့ တက္ကသိုလ်တိုင်းကတော့ လုပ်ငန်းကြီးတစ်ရပ်က ဘာလဲဆိုတော့ သုတေ
သနဆောင်ရွက်ဖို့ပဲ ဖြစ်ပါတယ်။ အဲတော့ ခုနက ပြောတဲ့ အင်္ဂလိပ်စာ၊ နောက် ဘာသာရပ်စွမ်းရည်၊
သင်ကြားရေးစွမ်းရည် အဲတော့ ဒီသုံးခုပေါင်းပြီးတော့ ဒီသုံးချက်ကို ဖြည့်လိုက်လို့ အထိုက်အ
လျောက် သုတေသန အရည်အချင်းတွေလည်း မြင့်မားလာမယ်။

* လက်ရှိ ကျောင်းသားကို စာမေးပွဲရမှတ်အပေါ် မူတည်အကဲဖြတ်နေတာက စာကိုအလွတ်ကျက်
တဲ့ဆီ ဦးတည်ပေးတယ်ဆိုတဲ့ complaint တွေလည်းရှိပါတယ်ဆရာ။ နောက်သင်ကြားနည်းဆိုင်
ရာကိုလည်း ဘယ်နည်းလမ်းကိုသုံးဖို့ စိတ်ကူး ထားပါသလဲ။

အဲဒါကတော့ ဆရာမြင်တာကတော့ မေးခွန်းအပေါ်မှာလည်း ဆိုင်တာပေါ့လေ။ မေးခွန်းကအလွတ်
ကျက်မှတ်တာကို မေးရင်တော့ အလွတ်ကျက်မှတ်တာကို အားပေးသလို ဖြစ်တာပေါ့။ ဒါပေမယ့်
ဆရာတို့က ကြာပါပြီ။ အလွတ်ကျက် မှတ်မှုတင်မကပါဘူး။ သူတို့ ဉာဏ်သုံး ပြီးတော့ စဉ်းစားဆုံး
ဖြတ်ရတဲ့ မေးခွန်းတွေ၊ ပုစ္ဆာတွေ ထည့်ပေးလို့ ရှိရင်သူတို့ ဘက်ကလည်း သူတို့ဟာသူတို့ လေ့လာ
ထားတဲ့ဟာတွေ၊ ကျောင်းမှာ လေ့လာထားတာတွေကို ပေါင်းစပ်ပြီးတော့ ဖြေနိုင်တဲ့မေးခွန်းတွေ
ဖြစ်လို့ရှိရင် သူတို့ အရည်အသွေးလည်း ပိုတက်လာမယ်။ သင်ကြားနည်းဆိုင်ရာကတော့ အခု
အများပြောတဲ့ ကျောင်းသားဗဟိုပြုစနစ် ပေါ့။ နောက်တစ်ခါ ဒီစာမေးပွဲတစ်ခုတည်း မဟုတ်ဘူး။
ဘွဲ့ကြိုအဆင့်မှာဆို ဆရာ တို့ term paper တွေ ဘာတွေ တင်ရ တယ်။

* အဲဒီ Term paper ၀ယ်လို့ရတယ်ဆိုတဲ့ ပြဿနာတွေရှိနေတာကိုရော ဆရာတို့ ဘယ်လို
ဖြေရှင်း
ဖို့ရှိပါ သလဲ။

Term paper ကတော့ ဒါ ဆရာမြင် တာကတော့ ကျောင်းတွေအားလုံးတော့ မဟုတ်ဘူးပေါ့လေ။
ဆရာ အတော်အသင့်ကို ရောက်ခဲ့ပြီ။ သက်ဆိုင်ရာ supervisor နဲ့ ကျောင်းသားကျောင်းသူ တွေ
ဆွေးနွေးနေတာကို ဆရာတော် တော်များများ တွေ့တယ်။ အဲတော့ သဘောကတော့ ဒီလိုတိုင်
ပင်ဆွေးနွေး ပြီးရေးတဲ့ဟာမျိုးဖြစ်တဲ့အတွက် သူတို့အနေနဲ့ ပြင်ပအကူအညီလည်း ယူစရာမလိုဘူး။
ဆရာ၊ ဆရာမတွေနဲ့ လိုအပ်တဲ့ လမ်းညွှန်မှုတွေ ခံယူမယ်။ သူတို့ ဖတ် မယ်၊ ရေးမယ်ဆိုလို့ရှိရင်
ဒီကိစ္စက ဘာမှပေါ်စရာ အကြောင်းမရှိဘူးလေ။ နောက် ကျောင်းသူကျောင်းသား ဘက်ကလည်း
တကယ်တတ်ကျွမ်း အောင် ကြိုးစားမယ်ဆိုတဲ့အမြင်လေး လည်း ရှိဖို့လိုတယ်။ အဲတော့ term
paper research လုပ်တာတော့ ဆရာ တို့ မြန်မာနိုင်ငံ တက္ကသိုလ်မှာတင်မကပါဘူး၊ နိုင်ငံတကာ
တက္ကသိုလ်တွေမှာ လည်း အဆင့်တိုင်း ဟိုး နိုင်ငံခြားမှာ ဆိုရင် ဟိုးကလေးငယ်ငယ်လေးတွေကို
တောင် research ဆန်တဲ့ activities မျိုး လေးတွေ လုပ်ပြီးတော့ကို ခိုင်းတာတွေ ရှိပါတယ်။
အဲဒါ ဆရာတို့ ကျောင်းသားကျောင်း သူတွေဘက်က အလေ့အထလေးတွေ ရလာလို့ ရှိရင် ဒီ
term paper ရေးတာဟာ ပညာလည်းရတယ်။ ထက်ထက် မြက်မြက်ဖြစ်အောင်လည်း လေ့ကျင့်
ပေး နေတယ်။ နောက် ပျော်စရာလည်း ကောင်းတယ်ဆိုတာ သူတို့ သဘော ပေါက်မှာဖြစ်တယ်။
နောက် ဘာလဲဆို တော့ ဒီအတိုင်း term paper ရေး ဆိုပြီး ဆရာတို့ ခိုင်းလေ့မရှိပါဘူးနော်။
လိုအပ် တဲ့ research methodology တွေ အဆင့်တိုင်း ဒီ term paper ရေး နိုင် အောင်ဆိုရင်
ဘွဲ့ကြိုတန်းမှာလည်း ဆရာတို့ သင်ပေးတယ်။ မဟာတန်းမှာ လည်း သင်ပေးတယ်။ ပါရဂူတန်း
တက် တဲ့အခါမှာလည်း ဒီ research ကို ဆောင် ရွက်နိုင်မယ့် နည်းလမ်းတွေ၊ methodology
တွေ ပို့ချလေ့ရှိပါတယ်။

ဤအကြောင်းအရာနှင့် ပက်သက်၍ ထင်မြင်ချက်ပေးလိုပါက ...
[email protected] သို့ ပေးပို့နိုင်ပါသည်။