နိုင်ငံတော်အတိုင်ပင်ခံ ပုဂ္ဂိုလ်ရုံး ၀န်ကြီးဌာန တိုးချဲ့ဖွဲ့စည်းမည်

ဝန်ကြီးဌာနအသစ်တစ်ခု တိုးချဲ့ဖွဲ့စည်းရန် လိုအပ်ကြောင်း နိုင်ငံတော်သမ္မတက ပြည်ထောင်စု
လွှတ်တော်သို့ ယနေ့ ပေးပို့သွားမည်ဖြစ်ကြောင်း နိုင်ငံတော်သမ္မတရုံး ဒုတိယ ညွှန်ကြားရေးမှူးချုပ်
ဦးဇော်ဌေးက မြန်မာတိုင်း(မ်)ကို အတည်ပြုပြောကြားသည်။

» အပြည့်အစုံသို့

ပြည်ထောင်စုအင်္ဂါစဉ်ကို နိုင်ငံတော်သမ္မတရုံး ထုတ်ပြန်

နိုင်ငံတော်သမ္မတရုံးက ဧပြီ ၂၇ ရက်တွင် ထုတ်ပြန်သည့် ပြည်ထောင်စုအင်္ဂါစဉ်တွင် နိုင်ငံတော်
အတိုင်ပင်ခံပုဂ္ဂိုလ် ပါဝင်လာပြီး သမ္မတဦးသိန်းစိန် လက်ထက်တွင် ခုနစ်နေရာ ရရှိသော်လည်း
နိုင်ငံတော်အတိုင် ပင်ခံပုဂ္ဂိုလ် ပါဝင်လာသည့်အတွက် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်မှာ
အဆင့်ရှစ်နေရာ၌ ရှိခဲ့သည်။

» အပြည့်အစုံသို့

'၀' ဒေသ သွားသည့် အင်န်အယ်လ်ဒီအမတ် ပါတီ၏ အရေးကြီးတာဝန်မှ ရပ်စဲခံရ

မိမိသဘောဖြင့် '၀'ဒေသသို့ သွားရောက်ခဲ့သည့်အတွက် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ
(အင်န်အယ်လ်ဒီ)က ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးစိုးဌေးကို ပါတီ၏ အရေးကြီးတာဝန်များ
ထမ်းဆောင်ခွင့် တစ်နှစ်ခန့် ရပ်ဆိုင်းလိုက်ကြောင်း သိရသည်။

» အပြည့်အစုံသို့

အစိုးရသစ်အပေါ် ပြည်သူ့အသံနှင့် မျှော်လင့်ချက်

မြန်မာ့အနာဂတ် ပြုပြင်ပြောင်းလဲရေးအတွက်
ပြည်သူလူထုက အင်န်အယ်လ်ဒီပါတီကို ပုံအော
ရွေးချယ်ခဲ့ပြီးတဲ့နောက် အစိုးရသစ်ရဲ့ တစ်လအတွင်း
ဆောင်ရွက်ချက်တွေနဲ့ ပတ်သက်ပြီး ပြည်သူတွေရဲ့ အသံကို
မြန်မာတိုင်း(မ်)သတင်းထောက် သူသူအောင်က
မေးမြန်းထားပါတယ်။

» အပြည့်အစုံသို့

အစိုးရသစ် မှတ်တမ်း

ဧပြီ ၆ - အစိုးရသစ်လက်ထက်တွင် ပထမဆုံး အတည်ပြု
ပြဋ္ဌာန်းသော ဥပဒေတစ်ခုဖြစ်လာသည့် နိုင်ငံတော်၏
အတိုင်ပင်ခံပုဂ္ဂိုလ်ဆိုင်ရာ ဥပဒေကို သမ္မတက
လက်မှတ်ရေးထိုး ထုတ်ပြန်လိုက်ရာ ဒေါ်အောင်ဆန်းစုကြည်
သည် အဆိုပါ ဥပဒေအရ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်
ဖြစ်လာသည်။

» အပြည့်အစုံသို့

နိုင်ငံ၊ နိုင်ငံသားအကျိုးစီးပွား အဓိကထား

ပြည်ခိုင်ဖြိုးပါတီ၏ ထိပ်ပိုင်းခေါင်းဆောင် ၁၇ ဦးအား
ဧပြီလ ၂၂ ရက်နေ့က တရားဝင် အကြောင်းကြားစာပို့ကာ
ပါတီက ထုတ်ပယ်လိုက်ခြင်းဖြစ် ...


» အပြည့်အစုံသို့

နှစ်ဆယ့်တစ်ရာစု ပင်လုံညီလာခံ နှစ်လအတွင်း ကျင်းပရန် နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် ဆန္ဒရှိ

၂၁ ရာစု ပင်လုံညီလာခံကို တစ်လ၊ နှစ်လအတွင်း
ကျင်းပသွားရန် ဆန္ဒရှိကြောင်း နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ်
ဒေါ်အောင်ဆန်းစုကြည်က အပစ်ခတ်တိုက်ခိုက်မှု
ပူးတွဲစောင့်ကြည့်ရေးကော်မတီ၏ အစည်းအဝေး
ဒုတိယနေ့တွင် ပြောကြားခဲ့သည်။

» အပြည့်အစုံသို့

နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ်၏ အခန်းကဏ္ဍ ပြည်တွင်းငြိမ်းချမ်းရေးအတွက် အရေးပါ

အစိုးရသစ်လက်ထက်တွင် ပထမဆုံးအကြိမ်အဖြစ်
စတင်ကျင်းပသည့် အပစ်အခတ်ရပ်စဲရေး
ပူးတွဲစောင့်ကြည့်ရေး ကော်မတီ၏ အစည်းအဝေးတွင်
ဒေါ်အောင်ဆန်းစုကြည်  တက်ရောက်ခဲ့ပြီး
ကော်မတီဝင်များနှင့် တွေ့ဆုံခဲ့သည်။

» အပြည့်အစုံသို့

သမ္မတအိမ်တော် ၂၀၁၆ သင်္ကြန်ပုံရိပ်များ

နေပြည်တော် ဇမ္ဗူသီရိမြို့နယ်ရှိ နိုင်ငံတော်သမ္မတ အိမ်တော်၌
ဧပြီ ၁၂ ရက် နံနက်ပိုင်းတွင် ကျင်းပခဲ့သော သင်္ကြန်အကြိုနေ့
မြင်ကွင်းများကို ဖော်ပြလိုက်ပါသည်။


» အပြည့်အစုံသို့

ငွေကြေးပေးအပ်ခြင်း မပြုရန် မီဒီယာကုမ္ပဏီကြီးတစ်ခုကို နိုင်ငံတော်သမ္မတရုံး ၀န်ကြီးဌာနက ပညာပေး အသိပေး

နေပြည်တော်တွင် ကျင်းပသော မဟာသင်္ကြန်ပွဲ၌
မီဒီယာကုမ္ပဏီကြီးတစ်ခုက အစိုးရအဖွဲ့ ၀န်ကြီးဌာနများမှ
ပုဂ္ဂိုလ်များကို ဖိတ်ကြားဧည့်ခံရာတွင် အရေးကြီးပုဂ္ဂိုလ်၏
ကိုယ်ရေးအရာရှိအား ငွေကျပ် သိန်း ၅၀ ပါ အထုပ်ကို
ပေးအပ်သည်ဟု နိုင်ငံတော် သမ္မတရုံး လူမှုကွန်ရက်
စာမျက်နှာတွင် ဖော်ပြပါရှိသည်...

» အပြည့်အစုံသို့