ဒေါ်အောင်ဆန်းစုကြည်ကို ဂုဏ်ပြုထားသည့် နှစ်သစ် ဆုတောင်းစာ သူရဦးရွှေမန်း လူမှုကွန်ရက်ပေါ်၌ ဖော်ပြ

ဥပဒေရေးရာနှင့် အထူးကိစ္စရပ်များ လေ့လာဆန်းစစ်ရေး
ကော်မရှင်ဥက္ကဋ္ဌ သူရဦးရွှေမန်း က နိုင်ငံတော်အတိုင်ပင်ခံ
ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ကို ဂုဏ်ပြုထားသည့်
နှစ်သစ် ဆုတောင်းကို ၎င်း၏ လူမှုကွန်ရက်စာမျက်နှာ၌
ဧပြီ ၁၉ ရက်တွင် ဖော်ပြခဲ့သည်။

» အပြည့်အစုံသို့

"ပြည်သူပြည်သားတွေ အပေါ်မှာ မေတ္တာထားပါ့မယ် နိုင်ငံအပေါ်မှာ သစ္စာစောင့်ပါ့မယ်" - ဒေါ်အောင်ဆန်းစုကြည်၏ နှစ်သစ်ကူးမိန့်ခွန်း

အင်န်အယ်လ်ဒီအစိုးရ တာဝန်ယူပြီးနောက် နိုင်ငံတော်၏
အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က မြန်မာပြည်သူ
ပြည်သားများကို မြန်မာ့ရုပ်မြင်သံကြားမှတစ်ဆင့်
ဧပြီလ ၁၈ ရက်နေ့က နှစ်သစ်ကူးမိန့်ခွန်း ပြောကြားခဲ့သည်။

» အပြည့်အစုံသို့

အတိုင်ပင်ခံ ပုဂ္ဂိုလ်ဆိုင်ရာ ဥပဒေနှင့် သက်ရောက်မှုများ သက်ဆိုင်ရာနယ်ပယ်အလိုက် ကျွမ်းကျင်သူများ၏ သုံးသပ်ချက်

ဒေါ်ဒွဲဘူ
လွှတ်တော် ကိုယ်စားလှယ်ဟောင်း

ဥပဒေကတော့ အများဆန္ဒနဲ့ဆိုတော့ နိုင်သွားတာပေါ့။ ဒီဥပဒေက သမ္မတ သုံးယောက်ကို အကြံပြုဖို့
ဆိုတာပါနေတော့ အကြံပေးတောင် မဟုတ်ပါဘူး အတိုင်ပင်ခံဆိုတော့ သူ့သဘောအတိုင်းဖြစ်ဖို့
အနေအထားအများကြီးရှိတယ်။ ဒီသမ္မတ သုံးယောက်ထဲက နှစ်ယောက်က အင်န်အယ်လ်ဒီက
ဆိုတော့ ပြဿနာမရှိပေမယ့် နောက်တစ်ယောက်က အင်န်အယ်လ်ဒီက မဟုတ်တဲ့ အခါကျတော့
အခက်အခဲများဖြစ်လေမလားလို့ ထင်တယ်။

» အပြည့်အစုံသို့

လွှတ်တော် ကိုယ်စားလှယ်တွေ ဘာပြောသလဲ

ဦးဝေလှိုင်ထွန်း
ပြည်သူ့လွှတ်တော် ဥပဒေကြမ်းကော်မတီမှ အဖွဲ့ဝင်

ဥပဒေကြမ်းပါ ပြဋ္ဌာန်းချက်များဟာ ဖွဲ့စည်းပုံအခြေခံဥပဒေ ပုဒ်မ၂၁၇ နှင့်ညီညွတ်ပြီး ပြည်ထောင်စု
လွှတ်တော်က တာဝန်ပေးခြင်းဖြစ်တာကြောင့် အမျိုးသားလွှတ်တော်က အတည်ပြုထားသည့်
အတိုင်းသာ အတည်ပြုသင့်ပါတယ်။

» အပြည့်အစုံသို့

ဥပဒေနဲ့ ပတ်သက်လို့ တပ်မတော်က ဘာပြောခဲ့လဲ

ဗိုလ်မှူးချုပ်မောင်မောင်
(တပ်မတော်သား လွှတ်တော်ကိုယ်စားလှယ်)

နိုင်ငံတော်ရဲ့ အတိုင်ပင်ခံပုဂ္ဂိုလ်ဟာ ဥပဒေပြုမှု အာဏာရော၊
အုပ်ချုပ်မှုအာဏာပါကျင့်သုံးနိုင်တဲ့သဘော ဖြစ်နေပါတယ်။

» အပြည့်အစုံသို့

နိုင်ငံတော် အတိုင်ပင်ခံ ပုဂ္ဂိုလ်ဆိုင်ရာ ဥပဒေကြမ်းနှင့် ပတ်သက်ပြီး ပြည်သူအချို့ရဲ့ သဘောထားအမြင်

ကိုခင်မောင်သန်း (လုပ်ငန်းရှင်)
Success ဖိတ်စာလုပ်ငန်း

မဲပေးပြီးရလာတဲ့ရလဒ်တစ်ခုပါ။ အခုက မဲပေးပြီး
ဆုံးဖြတ်တာမို့ တရားပါတယ်။ တစ်ခုတော့ ရှိတာပေါ့။
လွန်ခဲ့တဲ့ နှစ် ၂၀ က သာဓကလေးတော့ သတိထားစေချင်
ပါတယ်။ မေးခွန်းဟောင်း ပြန်လေ့လာတာမျိုးပေါ့။ ...

» အပြည့်အစုံသို့

လေ့လာသုံးသပ်သူများ၏ ပြောစကားများ

ဦးရဲထွန်း
ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်ဟောင်း

ဒီဥပဒေက ဖွဲ့စည်းပုံအရ ပုဒ်မ ၂၁၇ အရ ပြည်ထောင်စု
လွှတ်တော်ကနေ လူပုဂ္ဂိုလ်တစ်ဦးတစ်ယောက်ကို
တာဝန်ပေးအပ်နိုင်သည်ဆိုပြီးတော့ ပြဋ္ဌာန်းတာပဲလေ။ သူတို့က
တတ်နိုင်သမျှဖွဲ့စည်းပုံနဲ့ မငြိစွန်းအောင် သတိထားပြီးတော့
ရေးသားထားတာတွေ့ရတယ်။ အတိုင်ပင်ခံပုဂ္ဂိုလ်ဆိုတာက
အမိန့်ပေးတာ ညွှန်ကြားတာမျိုး လုပ်ခွင့်မရှိတော့ ...

» အပြည့်အစုံသို့

အစိုးရသစ် မှတ်တမ်း

ဧပြီ ၁ - ဒုတိယအကြိမ် အမျိုးသားလွှတ်တော် ပထမ ပုံမှန်အစည်းအဝေး ၁၅ ရက်မြောက်နေ့အဖြစ်
ကျင်းပရာ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်ဆိုင်ရာ ဥပဒေကြမ်း ဆွေးနွေးခြင်းနှင့် လွှတ်တော်
အဆုံးအဖြတ်ရယူ အတည်ပြုခြင်းတို့ကို ဆောင်ရွက်သည်။

» အပြည့်အစုံသို့

အာဏာလွှဲပြောင်းမှုနဲ့ပတ်သက်ပြီး သံအမတ်ကြီးများရဲ့ သဘောထား

အစိုးရသစ်ကို စောင့်ကြိုနေတဲ့ စိန်ခေါ်မှုတွေ၊ ဦးစားပေး
လုပ်ဆောင်ရမှာတွေအပြင် ရင်းနှီးမြှုပ်နှံမှု အခွင့်အရေးတွေနဲ့
ပတ်သက်တဲ့ သဘောထားအမြင်တွေကို သံအမတ်ကြီး
တွေထံ မြန်မာတိုင်း(မ်) သတင်းအယ်ဒီတာ ဂိုင်းဒင်မိုးက
မေးမြန်းခဲ့ပါတယ်။

» အပြည့်အစုံသို့

ရန်ကုန်တိုင်းဒေသကြီး ၀န်ကြီးများ ခန့်အပ်တာဝန်ပေး

ရန်ကုန်တိုင်းဒေသကြီး ၀န်ကြီးချုပ်က တင်ပြလာသည့် ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့
ဝန်ကြီးများကို နိုင်ငံတော်သမ္မတ ဦးထင်ကျော်က ဧပြီလ ၅ ရက်နေ့တွင် နိုင်ငံတော်သမ္မတရုံး
အမိန့်အမှတ် ၂၁/၂၀၀၆ ဖြင့် အတည်ပြု ခန့်အပ်လိုက်သည်။

» အပြည့်အစုံသို့