နိုင်ငံတော်သမ္မတ ဦးထင်ကျော် စင်္ကာပူဝန်ကြီးချုပ်နှင့် တွေ့ဆုံ

ပြည့်သက်ဖြိုး/မြန်မာတိုင်း(မ်)ပြည့်သက်ဖြိုး/မြန်မာတိုင်း(မ်)

နိုင်ငံတော်သမ္မတ ဦးထင်ကျော်သည် စင်္ကာပူနိုင်ငံ၊ ၀န်ကြီးချုပ် မစ္စတာလီရှန်လုံးနှင့် ဇွန်လ ၇ ရက်နေ့က
သမ္မတအိမ်တော်တွင် တွေ့ဆုံခဲ့သည်။

မတွေ့ဆုံမီအချိန် သမ္မတက နိုင်ငံတော်သမ္မတအိမ်တော်အရှေ့ရှိ မြက်ခင်းပြင်တွင်
မစ္စတာလီရှန်လုံးအား ဂုဏ်ပြုတပ်ဖွဲ့ ဖြင့် ကြိုဆိုခဲ့ကြသည်။

ထို့နောက် သမ္မတသည် ဧည့်ခန်းမဆောင်တွင် မြန်မာနိုင်ငံဘက်မှ ပြည်ထောင်စုဝန်ကြီးများအပါအ၀င်
စင်္ကပူဝန်ကြီးချုပ် မစ္စတာလီရှန်လုံးနှင့် မိနစ် သုံးဆယ်ကြာ တွေ့ဆုံဆွေးနွေးခဲ့သည်။

စင်္ကာပူဝန်ကြီးချုပ်သည် မွန်းလွဲ ၂ နာရီခွဲအချိန်ခန့်တွင် နိုင်ငံတော်သမ္မတ အိမ်တော်သို့
ရောက်ရှိလာခဲ့ခြင်းလည်း ဖြစ်သည်။

၎င်းသည် နိုင်ငံတော်သမ္မတ ဦးထင်ကျော်နှင့် တွေ့ဆုံပြီးနောက် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်
ဒေါ်အောင်ဆန်းစုကြည်ကိုလည်း သွားရောက်တွေ့ဆုံခဲ့သည်။

ဤအကြောင်းအရာနှင့် ပက်သက်၍ ထင်မြင်ချက်ပေးလိုပါက ...
[email protected] သို့ ပေးပို့နိုင်ပါသည်။