နိုင်ငံတကာအစည်းအဝေးများတွင် ဦးဆောင်ဆွေးနွေးရန် ဒေါ်အောင်ဆန်းစုကြည်ကို စင်ကာပူဝန်ကြီးချုပ် ကမ်းလှမ်း

နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နှင့် စင်ကာပူသမ္မတ နိုင်ငံဝန်ကြီးချုပ် မစ္စတာ လီရှန်လွန်းတို့ နိုင်ငံတော်သမ္မတအိမ်တော် သံတမန်ဆောင် ဧည့်ခန်းမ၌ ဇွန် ၇ ရက်က တွေ့ဆုံစဉ်။ ဓာတ်ပုံ - အီးပီအေနိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နှင့် စင်ကာပူသမ္မတ နိုင်ငံဝန်ကြီးချုပ် မစ္စတာ လီရှန်လွန်းတို့ နိုင်ငံတော်သမ္မတအိမ်တော် သံတမန်ဆောင် ဧည့်ခန်းမ၌ ဇွန် ၇ ရက်က တွေ့ဆုံစဉ်။ ဓာတ်ပုံ - အီးပီအေ

ဒေသတွင်း ထိပ်တန်းနိုင်ငံတစ်နိုင်ငံဖြစ်သော စင်ကာပူနိုင်ငံ၏ ၀န်ကြီးချုပ် မစ္စတာလီ ရှန်လွန်းသည်
နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ကို နိုင်ငံတကာနှင့် ပူးတွဲပြုလုပ်သော
အာဆီယံအစည်းအဝေးများတွင် အာဆီယံအဖွဲ့ဝင်များကိုယ်စား ဦးဆောင်ဆွေးနွေးပေးရန်
ဇွန် ၇ ရက်က နေပြည်တော်၌ တွေ့ဆုံစဉ် ကမ်းလှမ်းခဲ့ကြောင်း သမ္မတရုံးဝန်ကြီး ဌာန၏
ပြောရေးဆိုခွင့်ရှိသူ ဦးဇော်ဌေးက မြန်မာတိုင်း(မ်)ကို ပြောသည်။

အာဆီယံသည် သေးငယ်သော အဖွဲ့ အစည်းတစ်ခုဖြစ်သည့်အပြင် နိုင်ငံတကာ အသိုင်းအ၀ိုင်း
တွင်လည်း အာဆီယံအဖွဲ့ဝင်များ၏ ဆွေးနွေးမှုများမှာ အရာမရောက်သည့် အနေအထားများ
ရှိခဲ့ခြင်းကြောင့် ဒေါ်အောင်ဆန်းစုကြည်ကို ထိုသို့ ကမ်းလှမ်း ခဲ့ခြင်းဖြစ်သည်ဟု စင်ကာပူဝန်ကြီးချုပ်က
ပြောကြားခဲ့ကြောင်း အဆိုပါ ပြောရေးဆိုခွင့် ရှိသူထံမှ သိရသည်။

"အာဆီယံ ဂျီ-၂၀ ပူးတွဲအစည်းအဝေးကိုလည်း တက်ဖို့ရှိနေတယ်။ အာဆီယံက အဖွဲ့သေးသေးလေး
ဖြစ်တော့ နိုင်ငံတကာမျက်နှာစာမှာ အာဆီယံရဲ့ အသံကို မကြားနိုင်ခဲ့ဘူး။ အဲဒါကြောင့်
ဒေါ်အောင်ဆန်းစုကြည်ရဲ့ အရှိန်အ၀ါနဲ့ဆို ဖြစ်နိုင်ခြေရှိတယ်။ နိုင်ငံတကာကလည်း သူ့ကို
လေးစားကြတယ်ဆိုတော့ အဲဒီလို လုပ်ပေးဖို့ ကမ်းလှမ်းတာ ဖြစ်ပါတယ်"ဟု ဦးဇော်ဌေးက ဆိုသည်။

စင်ကာပူနိုင်ငံ ၀န်ကြီးချုပ်၏ ကမ်းလှမ်းချက်အပေါ် အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က
အာဆီယံကို ကိုယ်စားပြုပြီး နိုင်ငံတကာနှင့် ပူးပေါင်းဆောင်ရွက်မှုများတွင် တတ်နိုင်သည့်
အခန်းကဏ္ဍများ၌ ပါဝင်ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း ပြန်လည်ဖြေကြားခဲ့သည်ဟု
ပြောရေးဆိုခွင့်ရှိသူက ပြောကြားသည်။

စင်ကာပူနိုင်ငံ ၀န်ကြီးချုပ်သည် သမ္မတ ဦးထင်ကျော်နှင့်လည်း ဇွန် ၇ ရက်က သမ္မတအိမ်တော်၌
တွေ့ဆုံခဲ့ပြီး ၁၉၉၉ ခုနှစ်တွင် ချုပ်ဆိုခဲ့သည့် နှစ်နိုင်ငံအခွန် နှစ်ထပ်မဖြစ်ရေး သဘောတူညီချက်နှင့်
ပတ်သက်ပြီး ယနေ့ခေတ် စီးပွားရေးနှင့် ကိုက်ညီခြင်း မရှိတော့သည့်အတွက် ပြန်လည်သုံးသပ်ရန်နှင့်
လျှပ်စစ်ကဏ္ဍဖွံ့ဖြိုး တိုးတက်ရေးအတွက် ရင်းနှီးမြှုပ်နှံပေးရန် စင်ကာပူဝန်ကြီးချုပ်ဘက်က
အဆိုပြုခဲ့သည်ဟု သမ္မတရုံးဝန်ကြီးဌာန၏ ပြောရေးဆိုခွင့်ရှိသူ ဦးဇော်ဌေးက
သတင်းစာရှင်းလင်းပွဲတွင် ပြောကြားခဲ့သည်။

"မြန်မာနိုင်ငံရဲ့ ခရီးသွားလုပ်ငန်း မြှင့်တင်ရေးအတွက် ရန်ကုန်မှာ ဖွင့်ထားတဲ့ စင်ကာပူကျောင်းမှာ
ဟိုတယ်လုပ်ငန်း၊ အီလက်ထရွန်း နစ်ကျွမ်းကျင်မှု သင်တန်းတွေ၊ လူငယ်တွေအတွက်
အသက်မွေးဝမ်းကျောင်းပညာတွေ ရရှိဖို့အတွက် သင်တန်းတွေပေးဖို့ဖြစ်ပါတယ်။
စင်ကာပူလေကြောင်းလိုင်းတွေက ရန်ကုန်မှာ နှစ်ရက်တာနေမယ်။ ပြီးရင် မန္တလေးကို
တိုက်ရိုက်ပျံသန်းမှာဖြစ်တဲ့အတွက် ခရီးသွားတွေပိုပြီး မြင့်မားလာမယ်ဆိုတာကို ၀န်ကြီးချုပ်က
အဆိုပြုပါတယ်"ဟု ဦးဇော်ဌေးက ဆိုသည်။

ဤအကြောင်းအရာနှင့် ပက်သက်၍ ထင်မြင်ချက်ပေးလိုပါက ...
[email protected] သို့ ပေးပို့နိုင်ပါသည်။