Monday, April 24, 2017

ပေ ၃၀၀ ခရီး ...

ဟယ်ရီဟာ မကြာသေးခင်က ကျင်းပခဲ့တဲ့ ရန်ပုံငွေရှာဖွေပွဲတစ်ခုမှာ အပျော်တမ်းအနေနဲ့ လေထီးခုန်
သရုပ်ပြသပေးခဲ့ပါတယ်။

အဲဒီအတွက် တက်ကြရတဲ့ ပထမဆုံးနေ့သင်တန်းမှာ ပေ ၃၀၀ ရောက်တဲ့အခါ မြေပြင်ကိုဆင်းဖို့
ပြင်ဆင်ရမှာတွေအတွက် အရေးကြီးတဲ့ အချက်အလက်တွေကို သင်တန်းဆရာက
သင်ကြားပေးပါတယ်။

အဲဒီမှာပဲ ပါဝင်ပြီး လေထီးခုန်တဲ့ အမျိုးသမီးတစ်ဦးက "ကျွန်မတို့ ပေ ၃၀၀ ရောက်ပြီဆိုတာကို
ဘယ်လိုသိနိုင်မှာလဲ"လို့ သင်တန်းဆရာကို မေးလိုက်ပါတယ်။

"မေးသင့်တဲ့ မေးခွန်းတစ်ခုပဲ"လို့ ဆရာက ပြန်ပြောလိုက်ပြီး "မြေပေါ်ကလူတွေရဲ့ မျက်နှာကိုကြည့်ပြီး
သူတို့ဘယ်သူဘယ်ဝါဆိုတာ မင်းတို့ သိနိုင်တယ်ဆိုရင် အဲဒါ ပေ ၃၀၀ ကိုရောက်ပြီပဲ"လို့လည်း
ဆက်ပြောလိုက်ပါတယ်။

ဆရာ့အဖြေစကားကြောင့် မေးခွန်းမေးတဲ့ အမျိုးသမီးဟာ တစ်ခဏကြာမျှ ငြိမ်သက်စဉ်းစားနေလိုက်ပြီး
ထပ်ပြောလိုက်တာကတော့ - "ဟုတ်ပါပြီ.. ဆရာရယ်။ ဒါပေမဲ့ လှမ်းမြင်နေရတဲ့သူတွေကို ကျွန်မက
တစ်ယောက်မှ မသိဘူးဆိုရင်ရော ဘယ်လိုလုပ်ရမလဲ"တဲ့။

ဤအကြောင်းအရာနှင့် ပက်သက်၍ ထင်မြင်ချက်ပေးလိုပါက ...
[email protected] သို့ ပေးပို့နိုင်ပါသည်။