Monday, April 24, 2017

ဗေဒါရီရဲ့ ဟင်းလျာ (မှန်ကူသီးသုပ်)

ဒီတစ်ပတ်တော့ စားစရာအမယ် (အမည်) ဆန်းလေးတစ်မျိုးကို ဝေမျှပေးသွားပါမယ်။

ကချင်ပြည်နယ်ဘက်မှာ ရရှိနိုင်တဲ့ ချဉ်ဖန်အရသာ မှန်ကူသီးကို ချဉ်ငန်စပ်လေး သုပ်ပေးထားပါတယ်။

မှန်ကူသီးသုပ်ကို ထမင်းနဲ့ တွဲစားတဲ့အခါ အအီပြေပြီး ထမင်းမြိန်စေတဲ့ အတို့အမြှုပ်တစ်မျိုးအဖြစ်
စားသုံးနိုင်သလို နေ့လယ်နေ့ခင်းပိုင်းမှာလည်း အဆာပြေစာ၊ အိပ်ချင်ပြေစာ အသုပ်တစ်မျိုးအဖြစ်လည်း
မြည်းစမ်းနိုင်ကြပါတယ်။

ခုလိုရာသီဥတု ပူတဲ့ကာလမှာ စားလို့ကောင်းတဲ့ အသုပ်လေးတစ်မျိုးပဲဖြစ်ပါတယ်။

ပါဝင်ပစ္စည်းများ

  • မှန်ကူသီး ၁၅ လုံး
  • ငရုတ်တ်သီးလှော်မှုန့် ထမင်းစားဇွန်း ၁ ဇွန်း
  • ပုစွန်ခြောက်မှုန့် ထမင်းစားဇွန်း ၂ ဇွန်း
  • ငံပြာရည် အနည်းငယ်
  • ငါးပိစိမ်းစားကင် အနည်းငယ်
  • သကြား လက်ဖက်ရည်ဇွန်း ၁ ဇွန်း

ပြင်ဆင်ပုံ

မှန်ကူသီးတွေကို ရေဆေးသန့်စင်ပါ။

ပြီးတဲ့အခါ မှန်ကူသီးကို ငါးပိကင်၊ ပုစွန်ခြောက်မှုန့်၊ ငံပြာရည်၊ သကြား၊ ငရုတ်သီးအလှော်မှုန့်တို့နဲ့
ရောမွှေလိုက်ရုံပါပဲ။

ဒီလိုဆိုရင် ချဉ်ငန်စပ်အရသာ မှန်ကူသီးသုပ် ရပါပြီ။

ဤအကြောင်းအရာနှင့် ပက်သက်၍ ထင်မြင်ချက်ပေးလိုပါက ...
[email protected] သို့ ပေးပို့နိုင်ပါသည်။