လူငယ်စကားဝိုင်းနှင့် စီးပွားရေးစကားဝိုင်း ပြုလုပ်မည်

လူငယ်စကားဝိုင်းနှင့် စီးပွားရေးစကားဝိုင်းပါဝင်မည့် ''သေချာလှပ အနာဂတ်ဘဝ''
ဟောပြောပွဲကို ယခုလ ၂၃ ရက်က အမျိုးသားဇာတ်ရုံတွင် နံနက် ၉ နာရီမှ ညနေ ၅နာရီခွဲ
အထိ ပြုလုပ်သွားမည်ဖြစ်ကြောင်း မန္တလေးတိုင်းဒေသကြီး ကုန်သည်များနှင့် စက်မှုလက်မှု
လုပ်ငန်းရှင်များအသင်း (MRCCI) မှ ဥက္ကဋ္ဌဦးအောင်သန်းက ယခုလ ၁၅ ရက်တွင်
ပြောသည်။

» အပြည့်အစုံသို့

မြန်မာ–တရုတ် ရေနံပိုက်လိုင်းကြောင့် ပတ်ဝန်းကျင်အပေါ်သက်ရောက်မှုများအတွက် ကြေညာချက် ထုတ်ပြန်

မြန်မာ–တရုတ် ဂက်စ်နှင့် ရေနံပိုက်လိုင်း ဖြတ်သန်းမှုကြောင့် ပတ်ဝန်းကျင်အပေါ်
သက်ရောက်မှုများအတွက် ပြင်ဦးလွင်မြို့နယ်တောင်သူများက လက်ရှိ ကြုံတွေ့
အကျိုးသက်ရောက်မှု ၁၄ ချက်နှင့် တောင်းဆိုချက်ခုနစ်ချက်ကို ထုတ်ပြန်ခဲ့သည်။

» အပြည့်အစုံသို့

စစ်ကိုင်းရေကြီးမှု တစ်ဦးသေ၊ လူဦးရေ ၁၈,ဝဝဝ ကျော် ပြောင်းရွှေ့နေထိုင်နေရ

စစ်ကိုင်းတိုင်းဒေသကြီးတွင် ချင်းတွင်းမြစ်ရေကြီးမှုကြောင့် မြို့နယ်အချို့တွင် ရေဘေးခံစား
နေရပြီး ယခုလ ၃ ရက်မှ ၁၈ ရက်အထိ သေဆုံးသူတစ်ဦးရှိကာ အိမ်ထောင်စု ၄,၁၅၈စု၊
လူဦးရေ ၁၈,၆၃၂ ဦး ပြောင်းရွှေ့နေထိုင်နေကြရကြောင်း တိုင်းဒေသကြီး လူမှုဝန်ထမ်း၊
ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဦးစီးဌာနထံမှ သိရသည်။

» အပြည့်အစုံသို့

ရေနစ်မြုပ်ခဲ့သည့် စိုက်ခင်းများအတွက် ထောက်ပံ့မှုများ ဆောင်ရွက်ပေးမည်

စစ်ကိုင်းတိုင်းဒေသကြီးတွင် မိုးရွာသွန်းမှုများပြားခြင်း၊ မြစ်ရေကြီးခြင်းများကြောင့် သီးနှံများ
ပျက်စီးဆုံးရှုံးခဲ့ပြီး ယင်းအတွက် လိုအပ်သည့် ကူညီထောက်ပံ့မှုများ ပေးနိုင်ရန် ဆောင်ရွက်
မည်ဖြစ်ကြောင်း တိုင်းဒေသကြီး လယ်ယာစိုက်ပျိုးရေးနှင့် ဆည်မြောင်းဝန်ကြီး
ဦးကမ်ဇာမုံက ပြောသည်။

» အပြည့်အစုံသို့

အတွင်းဝန်ရုံးတွင် အာဇာနည်များ၏ ကျန်ရစ်ပစ္စည်းများ ထားရှိပြသသွားမည်

ရန်ကုန်မြို့ အတွင်းဝန်ရုံးကို ယခုနှစ် အာဇာနည်နေ့မှစ၍
သုံးရက်တိုင်တိုင် အများပြည်သူ လာရောက်လေ့လာနိုင်ရန်
ဖွင့်လှစ်ပေးမည် ဖြစ်ကြောင်း အတွင်းဝန်ရုံး ထိန်းသိမ်း
စောင့်ရှောက်ရေးအဖွဲ့၊ မြို့ပြအမွေအနှစ် စီမံကိန်းမန်နေဂျာ
ဒဲရန်မက်ကလင်းန်က ပြောသည်။

» အပြည့်အစုံသို့

စပါးမျိုးသန့် သုံးစွဲနိုင်မှု မြှင့်တင်ရေး ဂျပန်နှင့် ပူးပေါင်းဆောင်ရွက်မည်

မြန်မာနိုင်ငံတွင် နွေစပါးနှင့် မိုးစပါး စိုက်ဧက ၁၇ သန်းခန့်
ရှိသော်လည်း မျိုးသန့်မျိုးစေ့ထုတ်လုပ်နိုင်မှု အပိုင်းတွင်
လုံလောက်မှု မရှိသေးသောကြောင့် စပါးမျိုးသန့်မျိုးစေ့
ရရှိသုံးစွဲနိုင်မှုမြှင့်တင်ရေးစီမံကိန်းကို ဂျပန်နိုင်ငံနှင့်
ပူးပေါင်းကာ ငါးနှစ်ကြာ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ...

» အပြည့်အစုံသို့

ကလေးသူငယ်ဆိုင်ရာ ဥပဒေမူကြမ်းတွင် တိကျခိုင်မာသည့် ဥပဒေအချက်အလက်များ ပါဝင်ရန် မျှော်လင့်

ပြည်ထောင်စုလွှတ်တော်က ယခုလ ၇ ရက်က ထုတ်ပြန်ခဲ့သည့် ကလေးသူငယ်ဆိုင်ရာ ဥပဒေ
မူကြမ်းတွင် ပိုမိုတိကျခိုင်မာသည့် ကလေးသူငယ်ဆိုင်ရာ အခွင့်အရေး ထိန်းသိမ်းစောင့်ရှောက်ခွင့်
ဥပဒေအချက်အလက်များ အားကောင်းစွာပါဝင်ရန် မျှော်လင့်ကြောင်း ညီမျှခြင်း မြန်မာအဖွဲ့
ဒါရိုက်တာ ဦးအောင်မျိုးမင်းက ပြောသည်။

» အပြည့်အစုံသို့

ကြံခင်း - ပခုက္ကူ ရထားလမ်း

ဧရာဝတီမြစ်ဟာ မကွေးတိုင်းဒေသကြီးကို မြောက်မှ
တောင်သို့ ဖြတ်သန်းစီးဆင်းလျက်ရှိပါတယ်။
မကွေးတိုင်းဒေသကြီးအတွင်းရှိ ဧရာဝတီမြစ်ရဲ့
အနောက်ဘက်ခြမ်းမြို့တွေကို ဆက်သွယ်ချိတ်ဆက်နိုင်မယ့်
ကြံခင်း - ပခုက္ကူ  ရထားလမ်းကို ၂ဝဝ၆ ခုနှစ်မှာ
စတင်ဖောက်လုပ်ခဲ့ပါတယ်။

» အပြည့်အစုံသို့

ထိုင်းရှိ တရားမဝင် မြန်မာအလုပ်သမားများကို ထောက်ခံချက် လက်မှတ်ထိုးပေးမည်

ထိုင်းနိုင်ငံအတွင်းရှိ အထောက်အထားမဲ့မြန်မာရွှေ့ပြောင်း
လုပ်သားများ စာရင်းကောက်ယူခြင်းနှင့် ထောက်ခံချက်
လက်မှတ်ထုတ်ပေးခြင်းကို စင်တာ ၉၉ ခု ဖွင့်လှစ်
ဆောင်ရွက်ပေးရန် စီစဉ်လျက်ရှိကြောင်း ...

» အပြည့်အစုံသို့

မလေးရှား ငါးဖမ်းစက်လှေပေါ် ရောင်းစားခံထား ရသည့် မြန်မာ ၁၆ ဦးကို ထိုင်းရဲတပ်ဖွဲ့ ကယ်တင်

ထိုင်းနိုင်ငံတောင်ပိုင်း ပါသနီခရိုင်၊ နာရာသီဝ
ငါးဖမ်းလှေဆိပ်တွင် တရားမဝင် ဆိုက်ကပ်ထားသည့်
မလေးရှားငါးဖမ်းလှေတစ်စီးသို့ ရောင်းစားခြင်း
ခံထားရသော မြန်မာအလုပ်သမား ၁၆ ဦးကို
ထိုင်းအာဏာပိုင်များက ဇူလိုင် ၁၃ ရက်တွင်
ကယ်တင်ပေးခဲ့ရကြောင်း ပူးပေါင်းကူညီပါဝင်ခဲ့သော ...

» အပြည့်အစုံသို့

ရာသီဥတုအခြေအနေ

အကြည့်အများဆုံး - ပြည်တွင်းသတင်း