ရခိုင်ပြည်နယ်အတွင်း လုံခြုံရေးတိုးမြှင့်

ရခိုင်ပြည်နယ်မြောက်ပိုင်း မောင်တော ခရိုင်ဒေသတွင်း
ထပ်မံဖြစ်ပေါ်နေသည့် အကြမ်းဖက်တိုက်ခိုက်
မှုများကို တားဆီးနိုင်ရန် လုံခြုံရေးတိုးမြှင့်ချထားပြီး
ဖြစ်ကြောင်း ရခိုင်ပြည်နယ်အစိုးရအဖွဲ့က
ယခုလ ၈ ရက်၌ ထုတ်ပြန်ကြေညာသည်။

» အပြည့်အစုံသို့

ကတိမတည်သော ဝန်ကြီးဌာနများရှိနေ

ဝန်ကြီးဌာနအချို့သည် လွှတ်တော်တွင် ကတိပေးထားပြီး
ဖြစ်သော်လည်း အကြောင်းအမျိုးမျိုးပြကာ
ကတိအတိုင်းဆောင်ရွက်ရန် ငြင်းဆိုမှုများရှိနေကြောင်း
ပြည်သူ့လွှတ်တော်၊ အစိုးရ၏အာမခံချက်များ၊
ကတိများနှင့် တာဝန်ခံချက်များ စိစစ်ရေးကော်မတီက
ယမန်နေ့တွင် လွှတ်တော်သို့ အစီရင်ခံခဲ့သည်။

» အပြည့်အစုံသို့

လယ်ယာမြေ စီမံခန့်ခွဲရေးနှင့် စာရင်းအင်းဦးစီးဌာနကို ကြပ်မတ် ကိုင်တွယ်ရန် လွှတ်တော် သတိပေး

တောင်သူများကို လယ်ယာလုပ်ပိုင်ခွင့်လက်မှတ် ပုံစံ (၇) ထုတ်ပေးသော လယ်ယာမြေစီမံခန့်ခွဲရေးနှင့်
စာရင်းအင်းဦးစီးဌာနသည် အောက်ခြေတွင် မမှန်မကန် ဆောင်ရွက်မှုများပြုလုပ်နေကြောင်း လွှတ်တော်
ကိုယ်စားလှယ်က တင်ပြသည့်အတွက် အဆိုပါဌာနကို ကြပ်ကြပ်မတ်မတ် ဆောင်ရွက်သွားရန် ပြည်သူ့
လွှတ်တော်ဥက္ကဋ္ဌ ဦးဝင်းမြင့်က ယမန်နေ့တွင် သက်ဆိုင်ရာဝန်ကြီးဌာနကို သတိပေးခဲ့သည်။

» အပြည့်အစုံသို့

အပစ်ရပ်စာချုပ် အခြေပြု ငြိမ်းချမ်းရေးလမ်းကြောင်းတွင် အားနည်းချက်များရှိဟု ကေအင်န်ယူ ခေါင်းဆောင်ပြော

တစ်နိုင်ငံလုံးအပစ်ရပ်စာချုပ်ကို ယခင်အစိုးရနှင့်တိုင်းရင်းသား
လက်နက်ကိုင်အဖွဲ့အစည်း ရှစ်ဖွဲ့လက်မှတ်ရေးထိုးခဲ့သည်မှာ
တစ်နှစ်ကျော်လာခဲ့ပြီဖြစ်သည်။ အဆိုပါကာလအတွင်း
နိုင်ငံရေးဆွေးနွေးပွဲများ ကျင်းပနိုင်ခဲ့သလို၊ အပစ်အခတ်
ရပ်စဲရေး ...

» အပြည့်အစုံသို့

နိုင်ငံတကာလူငယ်များနေ့တွင် ငြိမ်းချမ်းရေးအကြောင်း ဆွေးနွေးမည်

ဩဂုတ်လ ၁၂ ရက်နေ့တွင် ကျရောက်သည့် 'နိုင်ငံတကာလူငယ်များနေ့' တွင် လူငယ်များအတွက်
ငြိမ်းချမ်းရေးဆိုင်ရာ အကြောင်းအရာများကို ဆွေးနွေးသွားမည်ဖြစ်ကြောင်း ရန်ကုန်လူငယ်ကွန်ယက်
အဖွဲ့မှ ဦးဆောင်ညှိနှိုင်းရေးမှူး မသဉ္ဇာရွှန်းလဲ့ရည်က ပြောသည်။

» အပြည့်အစုံသို့

စိုက်ပျိုးရေးဆေးဆိုင်များတွင် ရောင်းချသော မျိုးစေ့များကို စစ်ဆေးသွားမည်

စိုက်ပျိုးရေးဆေးဆိုင်များတွင် ရောင်းချသော မျိုးစေ့များကိုစစ်ဆေးသွားမည်ဖြစ်ကြောင်း မန္တလေးတိုင်း
ဒေသကြီးစိုက်ပျိုးရေးဦးစီးဌာန၊ မျိုးစေ့ဌာနခွဲ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်ခင်မြတ်ဆွေက
ပြောသည်။

» အပြည့်အစုံသို့

ငြိမ်းချမ်းရေးစကားဝိုင်း ကျင်းပခဲ့သည့် ကျေးရွာရှိ ဒေသခံများ၏ တောင်းဆိုချက်များ ပြေလည်မှုရရှိ

နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နှင့်
ကျေးလက်နေပြည်သူများ ငြိမ်းချမ်းရေးစကားဝိုင်း
ကျင်းပပြုလုပ်ခဲ့သည့် မြေတိုင်ကန်ကျေးရွာရှိ ဒေသခံများ၏
တောင်းဆိုချက်များဆွေးနွေးပွဲပြုလုပ်နေစဉ်အတွင်း
ပြေလည်မှုများ ရရှိခဲ့သည်။

» အပြည့်အစုံသို့

အိန္ဒိယနိုင်ငံလုပ် ရထားစက်ခေါင်းသစ်များ ရန်ကုန်- မန္တလေးလမ်းပိုင်းတွင် စမ်းသပ်ပြေးဆွဲ

မြန်မာမီးရထားက ဝယ်ယူထားသည့် အိန္ဒိယနိုင်ငံထုတ် ရထားစက်ခေါင်း ခြောက်ခေါင်းရောက်
ရှိနေပြီး လက်ရှိတွင် ရန်ကုန်မန္တလေးလမ်းပိုင်းတွင် ကုန်ရထားအဖြစ် စမ်းသပ်မောင်းနှင်နေပြီ
ဖြစ်ကြောင်း မန္တလေးတိုင်းဒေသကြီး မြန်မာ့မီးရထား စက်မှု အင်ဂျင်နီယာဌာနမှ သိရသည်။

» အပြည့်အစုံသို့

မီးသင်္ဂြိုဟ်စက်နှင့် သန့်ရှင်းရေးလုပ်ငန်းသုံးပစ္စည်းများအတွက် အိတ်ဖွင့်တင်ဒါ ခေါ်ယူ

၂ဝ၁၇ ၁၈ ဘဏ္ဍာနှစ်တွင် မန္တလေးမြို့တော် စည်ပင်သာယာရေးကော်မတီ၊ သန့်ရှင်းရေးဌာနအတွက်
လိုအပ်နေသည့် မီးသင်္ဂြိုဟ်စက်တစ်လုံး အပါအဝင် အမှိုက်သိမ်းဆည်းရာတွင် လိုအပ်နေသည့်
အမှိုက်သိမ်းဆည်းသံကန်နှင့် အမှိုက်သိမ်း ပလတ်စတစ် အမှိုက်ပုံးများအတွက် ယခုလ ၁ ရက်မှ
စတင်ကာ အိတ်ဖွင့်တင်ဒါ ခေါ်ယူခဲ့ကြောင်း သန့်ရှင်းရေးဌာနမှ သိရသည်။

» အပြည့်အစုံသို့

ကိုဆွေဝင်းအား တရားစွဲဆိုသူကိုကျော်မျိုးရွှေကို ပုဒ်မ ၅ဝ၅(ခ)ဖြင့် ဖမ်းဆီး

Myanmar Now သတင်းအေဂျင်စီမှ အယ်ဒီတာချုပ် ကိုဆွေဝင်းအား ဆက်သွယ်ရေးဥပဒေ
ပုဒ်မ၆၆(ဃ)ဖြင့် တရားစွဲဆိုခဲ့သော ကိုကျော်မျိုးရွှေကို သြဂုတ် ၇ ရက်က မန္တလေးမြို့
မဟာအောင်မြေမြို့နယ် တရားရုံး၌ တရားခွင်အပြီး ရာဇသတ်ကြီးပုဒ်မ ၅ဝ၅ (ခ) ဖြင့် ဖမ်းဆီးလိုက်
သည်။

» အပြည့်အစုံသို့

ရာသီဥတုအခြေအနေ

အကြည့်အများဆုံး - ပြည်တွင်းသတင်း