စရန်ငွေပေးထားသည့် မြို့တော်ခန်းမကို ငှားရမ်းခြင်းမပြုတော့ဟု ဆိုသောကြောင့် မြို့နယ်စည်ပင်သာယာရေး ကော်မတီကို တရားစွဲဆိုသွားမည်ဟုဆို

မန္တလေးတိုင်းဒေသကြီး၊ ပြင်ဦးလွင်မြို့နယ်တွင် တောင်သူလယ်သမားအရေးကိစ္စကို သက်ဆိုင်ရာ
တာဝန်ရှိသူများဖြင့် ဆွေးနွေးရန်အတွက် မြို့တော်ခန်းမကို စရန်ပေးငှားရမ်းထားသော်လည်း
ပွဲကျင်းပချိန်နီးကပ်လာမှ ငှားရမ်းခြင်း မပြုတော့သည့်အတွက် တောင်သူများက
မြို့နယ်စည်ပင်သာယာရေး ကော်မတီကို တရားစွဲဆိုသွားမည်ဖြစ်ကြောင်း တောင်သူများက
ပြောသည်။

» အပြည့်အစုံသို့

လုပ်သား ငါးထောင်ခန့်ကို နိုင်ငံအဆင့် အသိအမှတ်ပြု ကျွမ်းကျင်လက်မှတ် ထုတ်ပေးမည်

အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အား ၀န်ကြီးဌာနသည် အလုပ်သမား
ငါးထောင်ခန့်ကို ယခုနှစ်အတွင်း နိုင်ငံတော်အဆင့် အသိအမှတ်ပြုကျွမ်းကျင်လက်မှတ်
ထုတ်ပေးသွားမည်ဖြစ်ကြောင်း အဆိုပါဝန်ကြီးဌာမှ အမြဲတမ်းအတွင်းဝန် ဦးမျိုးအောင်က
မေ ၁၆ ရက်နေ့တွင်ပြောကြားခဲ့သည်။

» အပြည့်အစုံသို့

တိုင်းနှင့် ပြည်နယ် ခြောက်ခုတွင် ဆေးလိပ်ကင်းစင်နယ်မြေများ သတ်မှတ်ရန် စီစဉ်

မြန်မာနိုင်ငံအတွင်းရှိ တိုင်းနှင့် ပြည်နယ် ခြောက်ခုမှ မြို့ကြီးများ၏ အများပြည်သူအသုံးပြုသည့်
နေရာများတွင် ဆေးလိပ်ကင်းစင်နယ်မြေအဖြစ် ၂၀၁၇ ခုနှစ်အတွင်း ဆောင်ရွက်ရန်နိုင်ရန်
စီစဉ်နေကြောင်း ပြည်သူ့ကျန်းမာရေးဖောင်ဒေးရှင်း ဥက္ကဌ ဒေါက်တာသန်းစိန်က
မေလ ဒုတိယပါတ်အတွင်းက ပြောသည်။

» အပြည့်အစုံသို့

သပိတ်ကျင်းမြို့နယ်အနီးရှိ သစ်တောများတွင် တောရိုင်းဆင်များအား သတ်ဖြတ်မှုများရှိနေ

မန္တလေးတိုင်းဒေသကြီး၊ ပြင်ဦးလွင်ခရိုင်၊ သပိတ်ကျင်းမြို့နယ် အနီးတ၀ိုက်ရှိ သစ်တောများတွင်
ကျင်လည်ကျက်စားနေသည့် တောရိုင်းဆင်များကို ဖမ်းဆီးသတ်ဖြတ်မှုများ ရှိနေကြောင်း
သပိတ်ကျင်းမြို့နယ် တောရိုင်းတိရစ္ဆာန် ထိန်းသိမ်းစောင့်ရှောက်ရေး ၉ မိုင်ကျေးရွာ ရှေ့တန်းရုံးစခန်း
တာဝန်ခံ ဦးစိုင်းညီညီကပြောသည်။

» အပြည့်အစုံသို့

မျိုးစေ့ထုတ်လုပ်ငန်းကို သီးနှံအားလုံးအတွက်ပါ တွန်းအားပေးသွားမည်

မြန်မာနိုင်ငံ၏ လယ်ယာကဏ္ဍဖွံ့ဖြိုးရေးအတွက် အရည်အသွေးပြည့်မီသောမျိုးစေ့များ
ထုတ်လုပ်ပေးနိုင်င်ရန် လိုအပ်လျက်ရှိနေရာ ယင်းလုပ်ငန်းတွင် ယခင်ကဲ့သို့ စပါးတစ်သီးတည်း
ကိုသာဦးစားပေးသွားမည်မဟုတ်ပဲ သီးနှံအားလုံးအတွက်ပါ မျိုးစေ့ထုတ်လုပ်ငန်းများ
ပေါ်ပေါက်လာရေး တွန်းအားပေးသွားမည်ဖြစ်ကြောင်း တာဝန်ရှိသူများက ပြောကြားသည်။

» အပြည့်အစုံသို့

ငြိမ်းချမ်းရေးဖြစ်စဉ် အောင်မြင်ခြင်း၊ မအောင်ခြင်းသည် ဆန္ဒနှင့်သာ သက်ဆိုင်ကြောင်း နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်ပြော

ပြည်တွင်း ငြိမ်းချမ်းရေးဖြစ်စဉ် အောင်မြင်ခြင်း၊
မအောင်မြင်ခြင်းသည် ဆန္ဒနှင့်သာသက်ဆိုင်ကြောင်း
နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်
က မေလ ၁၂ရက်နေ့က ပြောကြားလိုက်သည်။

» အပြည့်အစုံသို့

ပုဂံဇုန်ဝင်ကြေးငွေဖြင့် ပုဂံဘုရားလမ်းများစတင်ပြုပြင်

ပုဂံရှေးဟောင်းယဉ်ကျေးမှုဇုန်ကို လာရောက်
လည်ပတ်သည့် နိုင်ငံခြားသားခရီးသွားများထံမှ
ကောက်ခံရရှိသည့် ဇုန်ဝင်ကြေးများ၏
လေးရာခိုင်နှုန်းဖြင့် ပုဂံဒေသရှိ ဘုရားများ၏
လမ်းများကို စတင်ပြုပြင်နေပြီဖြစ်ကြောင်း  ...

» အပြည့်အစုံသို့

သံအမတ်ကြီး ဒေါက်တာလှမောင်က ပျဉ်းမနားမြို့ရှိ ဘိုးဘွားများအား လှူဒါန်းခြင်းနှင့် ထူးချွန်ကျောင်းသား၊ ကျောင်းသူများအား ဂုဏ်ပြုခြင်း ပြုလုပ်

နေပြည်တော် ပျဉ်းမနားမြို့နယ်အသင်း(ရန်ကုန်)၏
ဦးစီးနာယကဖြစ်သူ သံအမတ်ကြီး ဒေါက်တာလှမောင်က
ပျဉ်းမနားမြို့ရှိ အဘိုး၊ အဘွား ၁၂၅ ဦးတို့အား လှူဒါန်းခြင်းနှင့်
၂၀၁၅-၂၀၁၆ ခုနှစ် ပညာသင်နှစ်၊ တက္ကသိုလ်ဝင်စာမေးပွဲတွင်
ထူးချွန်စွာအောင်မြင်ခဲ့ကြသော ကျောင်းသား၊ ကျောင်းသူ
၄၂ ဦးတို့အား ဂုဏ်ပြု ချီးမြှင့်ခြင်းကို မေလ ၁၄ ရက်နေ့က ...

» အပြည့်အစုံသို့

နိုင်ငံတော်အကြည်ညိုပျက်စေမှူ ပုဒ်မ ၅၀၅(ခ) တရားစွဲဆိုခံထားရသည့် အမျိုးသားရေးသမားများ၏ အာမခံ လျှောက်ထားချက် ပယ်ချ

အမေရိကန်သံရုံးရှေ့မှာ ဆန္ဒပြခဲ့သည့်
အမျိုးသားရေးသမားများကို နိုင်ငံတော် အကြည်ညိုပျက်စေမှူဖြင့်
တရားစွဲဆိုခံထားရာ ၄င်းတို့၏ အာမခံ လျှောက်ထားချက်ကို
ကမာရွတ်မြို့နယ် တရားရုံးက ပယ်ချခဲ့သည်။

» အပြည့်အစုံသို့

နိုင်ငံခြားသား ၃ ဦးသတ်ဖြတ်ခံရမှုနှင့် ပတ်သက်ပြီး မလေးရောက် မြန်မာ ၂ ဦး စွပ်စွဲဖမ်းဆီးခံထားရ

မလေးရှားနိုင်ငံ၊ ဂျိုဟိုဘာရူးမြို့တွင်ဖြစ်ပွားခဲ့သည့် ဘင်္ဂလားဒေ့ရှ်လူမျိုး (၃)ဦး သတ်ဖြတ်ခံရမှုနှင့်
ပတ်သက်ပြီး ဘင်္ဂလားဒေ့ရှ် လူမျိုး (၇)ဦးအပါအ၀င် မြန်မာရွှေ့ပြောင်းအလုပ်သမား (၂)ဦးကို
လူသတ်မှု၊ တရားမ၀င်နေထိုင်မှုများဖြင့် မလေးရှားရဲတပ်ဖွဲ့က စွပ်စွဲဖမ်းဆီးထား သည်ဟု
မလေးရှားနိုင်ငံအခြေစိုက်မြန်မာလူမှုကူညီရေး အသင်းတာဝန်ရှိသူများက မြန်မာတိုင်း(မ်)ကို
မေလ ၁၁ ရက်ကပြောသည်။

» အပြည့်အစုံသို့

ရာသီဥတုအခြေအနေ

အကြည့်အများဆုံး - ပြည်တွင်းသတင်း