ထောင်တွင်းက တက္ကသိုလ်ဝင်တန်းအောင် ကျောင်းသားနှစ်ဦး တက္ကသိုလ်တက်မည်

အင်းစိန်အကျဉ်းထောင်တွင်း စာမေးပွဲအောင်မြင်ခဲ့သည့် ဟိန်းထက်နှင့် မျိုးညွန့်ဦး။ အင်းစိန်အကျဉ်းထောင်တွင်း စာမေးပွဲအောင်မြင်ခဲ့သည့် ဟိန်းထက်နှင့် မျိုးညွန့်ဦး။

အင်းစိန်အကျဉ်းထောင်တွင် တက္ကသိုလ်ဝင်တန်း ဖြေဆိုအောင်မြင်ခဲ့သည့် ကျောင်းသား
နှစ်ယောက်ကို အဝေးသင်တက္ကသိုလ် တက်ရောက်စေမည် ဖြစ်ကြောင်း အင်းစိန်အကျဉ်းထောင်မှ
ဒုတိယညွှန်ကြားရေးမှူး ဦးကျော်ဌေးက ပြောသည်။

၂၀၁၃ - ၁၄ ပညာသင်နှစ် တက္ကသိုလ်ဝင် တန်းစာမေးပွဲတွင် အင်းစိန်ထောင်တွင်းက ကျောင်းသား
ခုနစ်ယောက်ဖြေဆိုခဲ့ရာ နှစ်ယောက်အောင်မြင်ခဲ့သည်။

၎င်းတို့မှာ အသက် ၁၉ နှစ်ရှိ ဟိန်းထက်(ခ)တရုတ်ကြီး နှင့် အသက် ၁၈ နှစ်ရှိ မျိုးညွန့်ဦး(ခ)ကိုမျိုး
တို့ ဖြစ်သည်။

၎င်းတို့မှာ ပြစ်ဒဏ်ငါးနှစ်ချမှတ်ခံထားရကာ ထောင်တွင်းနှစ်နှစ်ကျော်နေခဲ့ပြီး အစိုးရ၏
လွတ်ငြိမ်းချမ်းသာလျှော့ရက်မှာ ရက်ပေါင်း ၄၅၀ ဖြစ်ရာ ထောင်ထဲတွင် တစ်နှစ် နှင့် တစ်လသာ
နေရတော့မည် ဖြစ်သည်။

ထို့ကြောင့် တက္ကသိုလ်တက်ရောက်စေမည့် အစီအစဉ်မှာ ထောင်ထဲတွင် ရှိနေစဉ်ကာလ
အတွင်းသာဖြစ်ပြီး ပြင်ပသို့ ရောက်ရှိချိန် မပါဝင်ကြောင်း သိရသည်။

ယခင်နှစ်က တက္ကသိုလ်ဝင်တန်း ဖြေဆိုသူ လေးယောက်ရှိခဲ့ပြီး အောင်မြင်သူမရှိခဲ့သဖြင့်
၎င်းတို့မှာ ထောင်တွင်းမှ စာမေးပွဲ အောင်မြင်ပြီး တက္ကသိုလ်ဆက်တက်ခွင့်ရသည့် ပထမဦးဆုံး
ကျောင်းသားနှစ်ယောက် ဖြစ်သည်။

"သူတို့နှစ်ယောက်က ခပ်ထက်ထက်ရှိတယ်။ ဘာပဲဖြစ်ဖြစ် အားလုံးကို ကိုယ့်သားသမီးလို
သဘောထားတယ်။ ရောက်လာရင်အရင်ဆုံးလုပ်ခိုင်းတာက သူငယ်တန်းစာပေးဖတ်တာပဲ။
ဖတ်ပြခိုင်းလို့ မဖတ်တတ်ရင် သူငယ်တန်းကို အရင်တက်စေပါတယ်။ လူငယ်အကျဉ်းသားလေး
တွေ ထောင်ကျတဲ့ အချိန်မှာ ၁၈ နှစ်မပြည့်သေးဘူးပေါ့။ သူတို့ တွေ ဒီထောင်ထဲမှာ
လုပ်စရာလည်းမရှိဘူးလေ။ ဒီတော့ စာသင်သင့်တာပေါ့။ ၁၀ တန်းစာမေးပွဲဖြေထားပြီးတဲ့
ကလေးခုနှစ်ယောက်ကို ဒီနှစ် ကျောင်းအားလပ်ရက်မှာ ကွန်ပျူတာ သင်ပေးထားတယ်။ အခု
စာစီစာရိုက်တောင် ရနေပြီ။ ၀ိပဿနာ လုပ်နိုင်အောင် အလေ့အကျင့်လည်း ဖြစ်သွားအောင်၊
ဓမ္မသီရိက ၀ိပဿနာဆရာတွေနဲ့ တရားပြသသင်ကြား ပေးတာတွေ လုပ်ပေးတယ်"ဟု
ဦးကျော်ဌေး ကပြောသည်။

အင်းစိန်ထောင်တွင် စာသင်ကြားခြင်းကို ၂၀၁၀ ပြည့်နှစ်က စတင်ခဲ့သော်လည်း တက္ကသိုလ်
ဝင်တန်းကျောင်းသားများ မပါဝင်ခဲ့ပေ။

ယခုလက်ရှိတွင် အင်းစိန်ထောင်အတွင်း ထောင်ကျကလေးများအား ပညာဆက်လက်
သင်ကြားခွင့်အတွက် ကြိုးပမ်းလျက်ရှိရာ သူငယ်တန်းအရွယ်မှ စတင်လျက် တက္ကသိုလ်ဝင်တန်း
အထိ ၁၂၁ ယောက် ရှိ နေသည်။

ယခင်နှစ် ခုနစ်ယောက်ဖြေဆိုကြသည့်အထဲမှ စာမေးပွဲကျသူ ငါးယောက် ပြန်လည်
ကျောင်းတက်နေသဖြင့် န၀မတန်းအောင် ကလေး ငါးယောက် အပါအ၀င် တက္ကသိုလ်ဝင်တန်း
ဖြေဆိုမည့်သူ ၁၀ ယောက်ရှိမည် ဖြစ်သည်။

ထောင်ကျနေသည့်သူများထဲမှ မဟာသိပ္ပံဘွဲ့ရ တစ်ဦးအား ထောင်တွင်းကျောင်းအုပ်အဖြစ်
ခန့်အပ်ထားပြီး ပညာတတ်များက ပြင်ပကျောင်းချိန်များအတိုင်း သင်ကြားပေးလျက်ရှိသည်။

သင်ရိုးညွှန်းတန်းများ ကွဲလွဲမှု မရှိစေရေးအတွက် အင်းစိန်မြို့နယ်အတွင်း ကျောင်းများရှိ
အထက်တန်းပြဆရာဆရာမများနှင့် ကျောင်းအုပ်ကြီးများက စနေနှင့် တနင်္ဂနွေနေ့များတွင်
သင်ကြားပေးနေသည်။

ဤအကြောင်းအရာနှင့် ပက်သက်၍ ထင်မြင်ချက်ပေးလိုပါက ...
[email protected] သို့ ပေးပို့နိုင်ပါသည်။


ရာသီဥတုအခြေအနေ

အကြည့်အများဆုံး - ပြည်တွင်းသတင်း