မိုးသီးဇွန်နှင့် မိုးဟိန်းတို့အား လ၀ကမှ အမည်ပျက်စာရင်းသွင်း

အခြားနိုင်ငံသားခံယူထားသည့် မြန်မာလူမျိုးနှစ်ဦးအား သမ္မတဦးသိန်းစိန်လက်ထက် ပထမဆုံး
အကြိမ်အဖြစ် အမည်ပျက်စာရင်းသွင်းခဲ့ကြောင်း လူဝင်မှုကြီးကြပ်ရေးနှင့် အမျိုးသားမှတ်ပုံတင်
ဦးစီးဌာနကို ကိုးကား၍ သစ်ထူးလွင်သတင်းဝက်ဘ်ဆိုဒ်က ဇွန်လ၁၂ရက်နေ့က ဖော်ပြခဲ့သည်။

အဆိုပါ အမည်ပျက်စာရင်းသွင်းခံရသည့် အခြားနိုင်ငံသားအဖြစ်ခံယူထားသော မြန်မာလူမျိုးနှစ်ဦး
မှာ လူ့ဘောင်သစ်ပါတီတည်ထောင်သူ ကိုမိုးသီးဇွန်နှင့် သူရိနေ၀န်းဂျာနယ်ထုတ်ဝေသူ ကိုမိုးဟိန်း
တို့ဖြစ်ကြောင်း သိရသည်။

၎င်းတို့နှစ်ဦးစလုံးသည် အမေရိကန်နိုင်ငံသားခံယူထားသူများပြီး ၎င်းတို့ကို မြန်မာနိုင်ငံသို့ ပြေးဆွဲ
နေသော နိုင်ငံတကာလေကြောင်းလိုင်းများတွင် တင်ဆောင်လာခြင်းမပြုရန် လူဝင်မှုကြီးကြပ်ရေး
နှင့် အမျိုးသားမှတ်ပုံတင်ဦးစီးဌာနက သတင်းထုတ်ပြန်ခဲ့ကြောင်း သိရသည်။

"အခုမှ အမည်ပျက်စာရင်းသွင်းလိုက်တာပါ။ မြန်မာနိုင်ငံကို ဘယ်နှနှစ်မလာရဘူးဆိုတာမျိုးတော့
မရှိသေးပါဘူး" ဟု လူဝင်မှုကြီးကြပ်ရေးနှင့် အမျိုးသားမှတ်ပုံတင်ဦးစီးဌာနမှ အကြီးတန်းအရာရှိ
တစ်ဦးက ပြောကြားခဲ့ကြောင်း သိရသည်။

အမေရိကန်နိုင်ငံသားခံယူထားသူ ကိုမိုးသီးဇွန်သည် လွန်ခဲ့သောလက ဗီဇာသက်တမ်းလွန်နေထိုင်
မှုကြောင့် အစိုးရက လ၀ကဥပဒေအရ ပြည်တွင်းမှထွက်ခွာရန် အကြောင်းကြားခဲ့ပြီးနောက် ဗီဇာ
သက်တမ်းတိုးရန် ထိုင်းနိုင်ငံတွင် ရောက်ရှိနေခြင်းဖြစ်ကြောင်း သိရသည်။

၎င်းမိခင်၏ ထောက်ခံချက်ဖြင့် ဗီဇာသက်တမ်းတိုးခြင်းကို ထိုင်းနိုင်ငံရှိ မြန်မာသံရုံးသို့ သွားရောက်
လျှောက်ထားခဲ့သော်လည်း သံရုံးမှလက်မခံဘဲ ပယ်ချခဲ့ကြောင်း သိရသည်။ ထိုသို့ပယ်ချရာတွင်
၎င်းအား အမေရိကန်နိုင်ငံ ၀ါရှင်တန်ဒီစီရှိ မြန်မာသံရုံးမှ ပြန်လည်လျှောက်ထားခြင်းပြုရန် ထိုင်းနိုင်
ငံရှိ၊ မြန်မာသံရုံးက ညွှန်ကြားခဲ့ကြောင်း သိရသည်။

"အမည်ပျက်စာရင်းကို ဘယ်တုန်းကထည့်ထားလဲတော့မသိဘူး။ ကျွန်တော်ရှိနေခြင်းဟာ လက်ရှိ
ငြိမ်းချမ်းရေး ကိစ္စ၊ အခြေခံဥပဒေပြင်ဆင်ရေးလှုပ်ရှားမှု အရှိန်မြင့်နေတဲ့ကိစ္စတွေပါ ပါဝင်ပတ်သက်
မယ်။ ဒါတွေကို တစ်လျှောက်လုံး ပွင့်ပွင့်လင်းလင်းနဲ့ ပြောထားပါတယ်။ အဲဒါတွေအပေါ် အငြိုး
ထားပုံရပါတယ်" ဟု ဘန်ကောက်မြို့သို့ ရောက်ရှိနေသည့် ကိုမိုးသီးဇွန်က အွန်လိုင်းမှတစ်ဆင့်
ပြောကြားခဲ့သည်။

ယခင်စစ်အစိုးရလက်ထက်က အခြားနိုင်ငံများ၌ ရောက်ရှိနေသည့် အမည်ပျက်စာရင်း ထည့်သွင်း
ခံရသော နိုင်ငံရေးသမားများနှင့် ကျွမ်းကျင်အတတ်ပညာရှင်များအပါအ၀င် စုစုပေါင်း ၆၀၀၀ကျော်
ရှိသည့်အနက် ၂၀၀၀ကျော်ကို အရပ်သားအစိုးရတက်လာပြီးနောက်ပိုင်းတွင် အမည်ပျက်စာရင်းမှ
ပယ်ဖျက်ပေးခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ဤအကြောင်းအရာနှင့် ပက်သက်၍ ထင်မြင်ချက်ပေးလိုပါက ...
comment.myanmar@mmtimes.com သို့ ပေးပို့နိုင်ပါသည်။


ရာသီဥတုအခြေအနေ

အကြည့်အများဆုံး - ပြည်တွင်းသတင်း