အလှူခံရာမှ ရရှိသည့်ငွေ စုစုပေါင်း သိန်း ၃၃၀ ကို စစ်ဘေးဒုက္ခသည်စခန်းများသို့ လှူဒါန်းနိုင်ခဲ့

လွတ်လပ်ငြိမ်းချမ်းပန်းရဲ့လမ်းလူမှုကွန်ယက်၊ ရွှေသံစဉ်ဖောင်ဒေးရှင်းနှင့် The Action Times
Foundation တို့ပူးပေါင်းကာ နယ်လှည့် အလှူငွေကောက်ခံရာမှ ရရှိသည့် သိန်း ၃၃၀ ကို
စစ်ဘေးဒုက္ခသည်စခန်းများသို့ လှူဒါန်းနိုင်ခဲ့ကြောင်း သိရသည်။

အဆိုပါ အစီအစဉ်အရ ရန်ကုန်မြို့မှ ဇွန်လ ၁ မှ ၈ ရက်နေ့အထိ အောင်မင်္ဂလာအဝေးပြေးကွင်းမှ
စတင်ကာ အလှူခံခဲ့ကြပြီး စစ်ကိုင်း၊ မန္တလေး၊ ရှမ်းပြည်နယ် နောင်ချို၊ ကျောက်မဲ၊ မူဆယ် စသော
မြို့များအထိ ဂီတဖြင့်အလှူခံခဲ့ပြီး ဇွန်လ ၉ ရက်နေ့တွင် မူဆယ်မြို့ရှိ ကချင်နှစ်ခြင်း ခရစ်ယာန်
အသင်းတော်၊ နမ့်ခမ်းမြို့ရှိ နေ၀န်းနီ ဒုက္ခသည်စခန်း၊ မန့်ဝန်းကြီး ဒုက္ခသည်စခန်းများတွင် သိန်း
၃၃၀ ကို လှူဒါန်းနိုင်ခဲ့ကြောင်း သိရသည်။

" ဒုက္ခသည် ဦးရေများပြားလာတာကြောင့် ကမ့် တွေအသစ်ထပ်ချဲ့ရမယ့်အခြေအနေဖြစ်နေတယ်
လို့ သိရတယ်။ သူတို့တွေအတွက် ကျောတစ်ခင်းစာရဖို့ အနိုင်နိုင်ဖြစ်နေရတယ်။ ဒါတွေသိတော့
ကျွန်မတို့ အရမ်းခံစားရတယ်။ အဲဒီအတွက် ကျွန်မတို့အနေနဲ့ ဒီလိုအစီအစဉ် စီစဉ်ခဲ့ရတာပါ" ဟု
The Action Times Foundation  မှ အတွင်းရေးမး မအိနြေ္ဒနေနွယ်က ပြောကြားခဲ့သည်။

ထို့သို့ အလှူခံရာတွင် ကချင်အဆိုတော် အမ်ဆိုင်းလာလည်း ၎င်းတတ်စွမ်းသော ဂီတဖြင့် အခက်
အခဲများ ကြားမှ ၀ိုင်းဝန်းကူညီ အလှူခံခဲ့ရကြောင်းသိရသည်။

"ဘာပဲဖြစ်ဖြစ် ငါက သူတို့လို ပိုက်ဆံတွေအများကြီးမှ မလှူနိုင်တာ၊ ဒါ့ကြောင့် ငါ့ဆီမှာရှိတဲ့
အနုပညာ နဲ့ လှူမယ်၊ ကိုယ့်ထက်အသက်ကြီးတဲ့လူတွေ ပညာတတ်တဲ့လူတွေတောင်မှ လုပ်နိုင်
တာ ငါဘာလို့ မလုပ်နိုင်ရမှာလဲဆိုတဲ့စိတ်နဲ့ သီချင်းဆိုတယ်၊ ဆိုတော့ လမ်းဘေးမှာဆိုရတယ်၊
အရမ်းလည်း ပင်ပန်း ပါတယ်၊ ဒါပေမယ့်လည်း ပင်ပန်းနေပါစေ ဒုက္ခသည်တွေရဲ့မျက်နှာကို
မြင်ယောင်လာတော့ အားတင်း ထားတယ်"ဟု ကချင်အဆိုတော် အမ်ဆိုင်းလာက ရှင်းလင်း
ပွဲတွင် ပြောကြားခဲ့သည်။

အလှူခံရရှိသည့်ငွေများအနေဖြင့် မန္တလေးမှ မူဆယ်အထိအလှူခံရာတွင် ၁၆၈ သိန်းကျော်၊ ရွှေစင်
စင်္ကြာ ကားဂိတ်ပိုင်ရှင်မှ လှူဒါန်းငွေ သိန်း ၆၀၊ ရန်ကုန်နာရေးကူညီမှုအသင်းမှ ဆေးဝါးလှူဒါန်း
ငွေ ကိုးသိန်း နျင့် အများပြည်သူလှူဒါန်းသည့် ပညာစ္စည်းတန်ဖိုး ၉၂ သိန်းခွဲ စုစုပေါင်း သိန်း ၃၃၀
အလှူခံရရှိခဲ့ ကြောင်း ၎င်းတို့၏ထုတ်ပြန်ချက်အရ သိရသည်။

ဤအကြောင်းအရာနှင့် ပက်သက်၍ ထင်မြင်ချက်ပေးလိုပါက ...
[email protected] သို့ ပေးပို့နိုင်ပါသည်။


ရာသီဥတုအခြေအနေ

အကြည့်အများဆုံး - ပြည်တွင်းသတင်း