လီဆယ် တိုင်တန်းသူ နှစ်ဦးကို လ၀က ပုဒ်မများဖြင့် ထပ်မံစွဲဆို

မန္တလေးမြို့ ပဋိပက္ခ စတင်စေခဲ့သည့် အမှုအား လီဆယ်တိုင်တန်းရန် စေခိုင်းသူများဟု
တရားစွဲဆိုခံထားရသည့် ကိုရဲထွဋ် (ခ) သူရ ရဲထွဋ်နှင့် နုနုမြတ်တို့ကို ဩဂုတ် ၆ ရက်နေ့တွင်
ပျဉ်းမနားမြို့နယ် တရားရုံး၌ စစ်ဆေးအပြီး လ.၀.က ဥပဒေပုဒ်မ (၆၁/ ၆၂) တို့ နှင့်
ထပ်မံ တရားစွဲဆိုလိုက်ကြောင်း သိရသည်။

ထပ်မံစွဲဆိုထားသည့် အမှုတွဲကို ဩဂုတ် ၈ ရက်နေ့တွင် တစ်ဆက်တည်း ဆက်လက်စစ်ဆေးမည်
ဟု သိရသည်။

မှတ်ပုံတင် နှစ်ခု ကိုင်ဆောင်မှုများကြောင့် ၎င်းတို့ နှစ်ဦးကို ပုဒ်မများ ထပ်တိုးလာခြင်းဖြစ်ဟု
တရားလွှတ်တော်ရှေ့နေ ကိုအောင်သူရိန်ထွန်း က ပြောသည်။

ကိုရဲထွဋ် (ခ) သူရရဲထွဋ် နှင့် နုနုမြတ်၊ ကိုထွန်းထွန်း၊ ဖြူဖြူမင်း (ခ) ကတုံးမ တို့ကို ၁၉၅၀ ပြည့်နှစ်
အရေးပေါ်စီမံချက်မှု အက်ဥပဒေ ၅ (ဃ)၊ (င)၊ (ည)တို့ဖြင့် ဩဂုတ် ၁ ရက်နေ့က
တရားစွဲဆိုထားပြီးဖြစ်သည်။

ဤအကြောင်းအရာနှင့် ပက်သက်၍ ထင်မြင်ချက်ပေးလိုပါက ...
[email protected] သို့ ပေးပို့နိုင်ပါသည်။


ရာသီဥတုအခြေအနေ

အကြည့်အများဆုံး - ပြည်တွင်းသတင်း