စပါးခင်းများတွင် ကြွက်အုပ်ဝင်ရောက်ဖျက်ဆီးနေခြင်းကို တောင်သူများအထူးစိုးရိမ်နေ

စပါးအဓိကစိုက်ပျိုးရာဒေသများတွင် လက်ရှိမိုးစပါးရာသီအစပိုင်းကတည်းက လယ်ကွက်များ
အတွင်သို့ ကြွက်များဝင်ရောက်ဖျက်ဆီးမှုကို ကြုံတွေ့နေရကြောင်းနှင့် အဆိုပါကြွက်များအောင်
မြင်စွာမဖယ်ရှားနိုင်ပါက စပါးအထွက်ပမဏကို ကြီးမားစွာထိခိုက်ဖွယ်ရှိနေသည်ဟု တောင်သူများ
ကပြောသည်။

စပါးစတင်စိုက်ပျိုးသည့် ဇူလိုင်လဆန်းပိုင်းတွင် လယ်ကွက်များအတွင်းကျဲပက်ထားသည့် မျိုးစပါး
စေ့များကို အုပ်လိုက်ရောက်ရှိလာသည့် ရာပေါင်းများစွာသောကြွက်များက စားသောက်ဖျက်ဆီးခဲ့
ကာ လက်ရှိအချိန်တွင် လည်း စပါးပင်ပေါက်များကို ကိုက်ဖျက်စားသောက်မှုများကြုံနေရသည်ဟု
တောင်သူများက ဆိုသည်။

" ရေနက်ကွင်းမဟုတ်တဲ့ ဧရာဝတီတိုင်းအထက်ပိုင်းဒေသတွေမှာ၊ ရေစပ် ကုန်းစပ်နေရာတွေမှာ
ကြွက်တွေတအားကျနေတယ်။ မိုးစပါး ရာသီစကတည်းက စပါးစေ့တွေကိုစားပစ်လိုက်ကြလို့
နေရာတော်တော်များများမှာ စပါးပြန်ကျဲခဲ့ရတယ်။ အခု လည်းအပင်ပေါက်တွေကို စားနေကြ
တယ်လို့ ကျွန်တော့်အဖွဲ့ဝင်တွေက ပြောကြတယ်။ စပါးပင်တွေမှာ အသီး လိုက်ခါစအချိန်ဆိုရင် တအားမွှေးတယ်။ ကြွက်တွေကိုသာ နိုင်အောင်မနှိမ်နင်းထားရင် အဲဒီအချိန်ဆို အသား ကုန်ဝင်
စားလိုက်ရင် အားလုံးပြောင်ပြီပဲ"ဟု မြန်မာနိုင်ငံလွတ်လပ်သောတောင်သူလယ်သမားများအသင်း
ဥက္ကဌ ဦးသိန်းအောင်က မြန်မာတိုင်းမ်ကိုပြောသည်။

"ကျွန်တော်တို့ လယ်သမားတွေလည်း လုပ်တတ်သလောက်တော့ လုပ်နေတာပဲ။ ဒါပေမဲ့
အခုကြွက်တွေကနှိမ်နင်းလို့ကို မနိုင်နိုင်ဘူးဖြစ်နေတယ်။ နာဂစ်ပြီးတုန်းက ၀င်တဲ့ကြွက်တွေ
ထက်ပိုများနေတယ်။ လက်ရှိလည်းစပါးပင်ပေါက်တွေကိုစားပစ်နေတာတွေ ကြုံနေရတယ်။
အခုအချိန်မှ ဒီလိုဖြစ်လိုက်ရင် ပြန်စိုက်ဖို့လည်းအချိန်မမီတော့ဘူးဆိုတော့ လယ်သမားတွေ
တအားဒုက္ခရောက်ကုန်တော့မယ်"ဟု ဧရာဝတီတိုင်းဒေသကြီး ဇလွန်မြို့နယ်မှ တောင်သူ
ဦးစိုးတင့်က မြန်မာတိုင်းမ်ကိုပြောသည်။

"အခုအထိတော့ တရားဝင်အကြောင်းကြားမှု မရှိသေးပါဘူး။ ဒါပေမဲ့ အခုဒီသတင်းကြားတာနဲ့ပဲ
သက်ဆိုင်ရာဒေသတွေမှာရှိတဲ့ ရုံးတွေကိုအကြောင်းကြား လိုက်ပါ့မယ်။ ဒီကိစ္စကရေကြီးတာနဲ့ဆက်စပ်နေနိုင်တယ်လို့တော့ ယျေဘုယျပြောနိုင်မယ်ထင်ပါတယ်"ဟု
သီးနှံကာကွယ်ရေးဦးစီးဌာနညွှန်ကြားရေးမှူး ဦးတင်အောင်ဝင်းက ပြောသည်။

စပါးခင်းများရှိကြွက်များအားနှိမ်နင်းရန်အတွက် ဒေသခံတောင်သူများနှင့်ပူးပေါင်းကာ တစ်ပြိုင်နက်
တည်းဆောင်ရွက်ရန်လိုအပ်သည်ဟု ၎င်းကဆက်လက်ပြောကြားသည်။

ဤအကြောင်းအရာနှင့် ပက်သက်၍ ထင်မြင်ချက်ပေးလိုပါက ...
[email protected] သို့ ပေးပို့နိုင်ပါသည်။


ရာသီဥတုအခြေအနေ

အကြည့်အများဆုံး - ပြည်တွင်းသတင်း