ကိုးလ်ဂိတ် သွားတိုက်ဆေးအား တင်သွင်းဖြန့်ချိမှု ပိတ်ပင်ခြင်းမရှိ

ကိုးလ်ဂိတ် တိုတယ် (Colgate Total) သွားတိုက်ဆေးထဲတွင် ကင်ဆာဖြစ်စေသည့်
ဓာတုပစ္စည်းပါဝင်သည်ဟု သတင်းများ ပေါ်ထွက်နေသော်လည်း မြန်မာနိုင်ငံတွင်းသို့
တင်သွင်းရောင်းချခွင့် ပိတ်ပင်ထားခြင်း မရှိဟု တာဝန်ရှိသူတစ်ဦးက ပြောသည်။

အဆိုပါ သွားတိုက်ဆေးထဲတွင် ပါဝင် သည့်ွှမငခူသျသည ဓာတုပစ္စည်းသည် ကင်ဆာဆဲလ်
ဖြစ်ပွားမှုကို တိုးပွားစေပြီး တိရစ္ဆာန်များတွင် ဖွံ့ဖြိုးမှုကို ရပ်တန့်စေနိုင်သည်ကို သုတေသနတစ်ခုကို
ကိုးကားကာ နိုင်ငံတကာ သတင်းအချို့တွင် ရေးသားဖော်ပြချက်များ လတ်တလောကာလအတွင်း
ထွက်ပေါ်လျက်ရှိသည်။

"Tricloson က အန္တရာယ်ဖြစ်စေတယ်လို့ အာရှမှာရော ကမ္ဘာ့ကျန်းမာရေးအဖွဲ့ကလည်း
ပြောမထားပါဘူး။ ဒါကြောင့် ကျွန်မတို့က ကိုးလ်ဂိတ်ကို တင်သွင်းရောင်းချခွင့် မပိတ်ဘူး"ဟု
မြန်မာနိုင်ငံအစားအသောက်နှင့် ဆေးဝါးဌာနမှ လူသုံးကုန်၊ အလှကုန်နှင့် ဆေးပစ္စည်းဌာန
ဒုတိယညွှန်ကြားရေးမှူး ဒေါက်တာ သဇင်ရီလှိုင်က မြန်မာတိုင်း(မ်) ကို ပြောသည်။

ကိုးလ်ဂိတ် သွားတိုက်ဆေးသည် အမေရိကန်အခြေစိုက် Colgate Palmolive ကုမ္ပဏီ
ထုတ်ပစ္စည်းဖြစ်ပြီး မြန်မာနိုင်ငံတွင် အခြေစိုက်ကာ ထုတ်လုပ်နိုင်ရန် လုပ်ငန်းခွင့်ပြုခွင့်လိုင်စင်ကို
ပြီးခဲ့သည့်နှစ် ဇူလိုင်လက ရရှိထားသည်ဟု ၎င်းက ပြောသည်။

"ယခုထိတော့ မြန်မာနိုင်ငံမှာ အဲဒီကုမ္ပဏီက စက်ရုံလည်ပတ်ပြီး ပစ္စည်းထုတ်တာမရှိ သေးပါဘူး။
တင်းသွင်းဖြန့်ချိတာပဲ ရှိပါသေးတယ်"ဟု ဒေါက်တာ သဇင်ရီလှိုင်က ပြောသည်။

အမေရိကန်ပြည်ထောင်စု ကယ်လီဖိုးနီးယားတက္ကသိုလ်၏ သုတေသနဌာနမှ သုတေသန
ပညာရှင်များ၏ ၂၀၁၂ ခုနှစ် သုတေသနပြုရာတွင် သွားတိုက်ဆေး၊ ဆပ်ပြာနှင့် အခြား
လူသုံးကုန်ပစ္စည်းများတွင် အသုံးပြုနေသည့် Tricloson ဓာတုပစ္စည်းကို ငါးများနှင့်ကြွက်များတွင်
စမ်းသပ်အသုံးပြုရာတွင် ငါးများ ရေကူးနိုင်စွမ်း နှေးသွားပြီး၊ ကြွက်များ၏ကြွက်သားများ
လှုပ်ရှားနိုင်စွမ်းနှေးကွေးသွားသည်ကို လေ့လာတွေ့ရှိခဲ့သည်။

"ဒီဓာတုပစ္စည်းကို လူတွေသုံးရင် အန္တရာယ်ကင်းတဲ့ ပစ္စည်းအဖြစ် ကမ္ဘာ့ကျန်းမာရေးအဖွဲ့နဲ့
အမေရိကန်အစားအသောက်ဓာတ်ခွဲဌာနက သုံးခွင့်ပြုထားတာ နှစ် ၄၀ ရှိနေပါပြီ။ အခုထိလည်း
ကျန်းမာရေးအဖွဲ့ တွေက Tricloson ဓာတုပစ္စည်းကြောင့် လူကိုထိခိုက်နိုင်စေတယ်ဆိုတာ
တရားဝင်ထုတ် မပြောသေးဘူး။ တကယ်လို့ တရားဝင်ပြောလာခဲ့မယ်ဆိုရင် ဒီပစ္စည်းပါနေတဲ့
ပလုတ်ကျင်းဆေး၊ သွားတိုက်ဆေးတွေ၊ ဆေးခန်းသုံးပစ္စည်းတွေ အားလုံးက သုံးလို့ရတော့မှာ
မဟုတ်ဘူး"ဟု ပင်တိုင်ကျန်းမာရေး ဆောင်ပါးရှင် တစ်ဦးဖြစ်သူ ဒေါက်တာမြင့်ဦးက ပြောသည်။

Colgate Palmolive ၏ မြန်မာပြည်ဌာနေ ကိုယ်စားလှယ် Durgesh Chugh ကလည်း အဆိုပါ
ရေးသားဖော်ပြချက်များမှာ မမှန်ကန်ကြောင်း ငြင်းဆိုခဲ့သည်။

ကင်ဆာဖြစ်ပွားစေနိုင်မှုနှင့် ပတ်သက်၍ ကွဲပြားခြားနားသော တိရစ္ဆာန်သုံးမျိုးဖြင့် သုတေသန
သုံးခု ပြုခဲ့သည်ကို အမေရိကန် အစားအသောက်နှင့် ဆေးဝါးဌာနမှ ပြန်သုံးသပ်ကြည့်ခဲ့သလို
နောက်ပိုင်းတွင် ဥရောပ၊ ကနေဒါနှင့် ဩစတြေးလျမှ ဆေးဝါးကြီးကြပ်ရေးအဖွဲ့ကပါ ပြန်လည်
သုံးသပ်ခဲ့ပြီး အားလုံးက ကိုးလ်ဂိတ်တိုတယ် သွားတိုက်ဆေးတွင်ပါသော Tricloson ပိုးသတ်
ဓာတုပစ္စည်းသည် အန္တရာယ်ကင်း စိတ်ချရကြောင်း တွေ့ရှိခဲ့ရသည်ဟု ဒေါက်တာမြင့်ဦးက
ပြောသည်။

ဤအကြောင်းအရာနှင့် ပက်သက်၍ ထင်မြင်ချက်ပေးလိုပါက ...
[email protected] သို့ ပေးပို့နိုင်ပါသည်။


ရာသီဥတုအခြေအနေ

အကြည့်အများဆုံး - ပြည်တွင်းသတင်း