ရှမ်းတိုင်းရင်းသားခေါင်းဆောင်များနှင့် ညီညွတ်သောတိုင်းရင်းသားများဖက်ဒရယ်ကောင်စီတို့ ချင်းမိုင်တွင်တွေ့ဆုံ

ရှမ်းတိုင်းရင်းသားခေါင်းဆောင်များနှင့် ညီညွတ်သောတိုင်းရင်းသားများ ဖက်ဒရယ်ကောင်စီတို့
ထိုင်းနိုင်ငံ၊ ချင်းမိုင်မြို့တွင် အောက်တိုဘာလ ၆ရက်နေ့က တွေ့ဆုံဆွေးနွေးခဲ့ကြောင်း SSPP
ရှမ်းပြည်နယ်တိုးတက်ရေးပါတီမှ ဗဟိုကော်မတီဝင် စ၀်ပန်ဖ ကပြောသည်။

SSPP ရှမ်းပြည်တိုးတက်ရေးပါတီနှင့် SNLD ရှမ်းအမျိုးသားဒီမိုကရေစီအဖွဲ့အချုပ်တို့ ပါဝင်သည့်
ရှမ်းပြည်ပူးပေါင်းဆောင်ရွက်ရေးကော်မတီ SSJAC နှင့် UNFC တို့ တွေ့ဆုံခဲ့သည့် အဆိုပါဆွေးနွေး
မှုတွင် ဆုံးဖြတ်ချက်ချခြင်း၊ သဘောတူညီချက်ချခြင်းများ မရှိကြောင်း၎င်းကပြောသည်။

"ငြိမ်းချမ်းရေးကို ဘယ်လိုရှာမယ်ဆိုတဲ့ဟာတွေကို ဆွေးနွေးခဲ့တယ်" ဟု ၄င်းကပြောသည်။
NCCT ၏ငြိမ်းချမ်းရေးဆွေးနွေးမှု နောက်ဆုံးအခြေအနေများကို အပြန်အလှန်ရှင်းပြခဲ့ပြီး တပ်ပိုင်း
ဆိုင်ရာများ၊ တော်လှန်ရေးစကားလုံးများ၊ တန်းတူညီမျှရေးနှင့် ကိုယ်ပိုင်ပြဌာန်းခွင့်ရရှိရေး၊ တပ်သား
သစ် စုဆောင်းရေးများနှင့် ပက်သက်ပြီးလည်းဆွေးနွေးခဲ့ကြောင်းစ၀်ပန်ဖကပြောသည်။

"ဆွေးနွေးပွဲမှာ တပ်သားသစ်စုဆောင်းရေးနဲ့ ပတ်သက်ပြီးတိုင်းရင်းသားတွေဘက်က ဘယ်လိုမှ
မစုဆောင်းရဘူးဆိုတော့ အစိုးရဘက်ကစုဆောင်းနိုင်တဲ့သဘောက မညီမျှဘူးဖြစ်နေ တာတွေ၊
ရှေ့မတိုးနိုင်တဲ့အခြေအနေတွေကိုဆွေးနွေးခဲ့တယ်" စ၀်ပန်ဖက ဟုပြောသည်။

"ငြိမ်းချမ်းရေး၊အပစ်အခတ်ရပ်စဲရေးတို့ကို ချောချောမွေ့မွေ့ဖြစ်သွားအောင် ဆွေးနွေးခဲ့ပါတယ်။
ဒီအဖွဲ့တွေအနေနဲ့ ပူးပေါင်းဆောင်ရွက်နိုင်အောင် ဆွေးနွေးခဲ့တယ်။ နယ် စပ်တလျှောက်မှာနေတဲ့
တိုင်းရင်းသားလက်နက်ကိုင်တွေနဲ့ အပစ်အခတ်ရပ်စဲရေးအတွက်လည်း ဆွေးနွေးခဲ့တယ်" ဟု
UNFC ၏အထွေထွေအတွင်းရေးမှူးဖြစ်သူ ဦးခွန်ဥက္ကာက ပြောသည်။

ဆွေးနွေးပွဲကို UNFC အဖွဲ့၏ ဥက္ကဋ္ဌ အင်ဘန်လ ဦးဆောင်သော အဖွဲ့ဝင်ခုနစ်ဦးနှင့် SNLD ဥက္ကဋ္ဌ
ဦးခွန်ထွန်းဦး ခေါင်းဆောင်သော အဖွဲ့၊ SSPP/SSA အဖွဲ့မှ ဗိုလ်ချူပ် စ၀်ဆေထင် ဦးဆောင်တဲ့အဖွဲ
့တို့ တက်ရောက်ခဲ့ပြီး နှစ်နာရီကြာ အလွတ်သဘော ဆွေးနွေးခဲ့ကြောင်း သိရသည်။

ဤအကြောင်းအရာနှင့် ပက်သက်၍ ထင်မြင်ချက်ပေးလိုပါက ...
[email protected] သို့ ပေးပို့နိုင်ပါသည်။


ရာသီဥတုအခြေအနေ