(၁၂)ကြိမ်မြောက် 'ကမ္ဘာ့ဒဿနိကဗေဒနနေ့' ကို ပထမဆုံးအကြိမ်ပြုလုပ်

ယူနက်စကိုကသတ်မှတ်ပေးထားသည့် (၁၂)ကြိမ်မြောက် 'ကမ္ဘာ့ဒဿနိကဗေဒနေ့' အခမ်းအနားကို
မြန်မာနိုင်ငံတွင် ပထမဆုံးအကြိမ်အဖြစ် နိုဝင်ဘာလ (၂၀)ရက်နေ့တွင် ရန်ကုန်မြို့ပန်းဆိုးတန်း
လမ်းရှိ စာပေလောက(၅) စာအုပ်ဆိုင် အပေါ်ထပ်တွင် ကျင်းပပြုလုပ်ခဲ့သည်။

"ကမ္ဘာ့ဒဿနိကဗေဒနေ့ကို တခြားနိုင်ငံတွေမှာ နှစ်စဉ်ကျင်းပကြပေမယ့် မြန်မာနိုင်ငံမှာ ဒီနှစ်မှ ပထမ
ဆုံးအကြိမ် ကျင်းပဖြစ်တာပါ။ ရန်ကုန်တက္ကသိုလ်မှာလည်း ဒဿနိကဗေဒဌာနက ဦးစီးကျင်းပပါတယ်။
အဲဒီမှာကတော့ စာတမ်း ဖတ်ပွဲလည်းပါလိမ့်မယ်။ကျွန်တော်တို့ဒီဘက်က ပွဲကတော့ စာပေ၊အနု
ပညာနယ်ပယ်က ဒဿနိကလိုက်စားတဲ့ ပုဂ္ဂိုလ် တွေ၊ဒဿနိကကိုချစ်တဲ့သူတွေနဲ့ဒဿနိကကျောင်းသားတွေနဲ့
ပြုလုပ်တဲ့ပွဲဖြစ်ပါတယ်" ဟု ယင်းပွဲကျင်းပရေး ကော်မတီဝင် ဦးရဲဟိန်းအောင် ပြောသည်။

အဆိုပါပွဲဖြစ်မြောက်ရေးအတွက် ဒဿနိကဗေဒဘာသာရပ်ကို စိတ်ဝင်စားသူများမှ စုစည်းပြုလုပ်ခြင်း
ဖြစ်ပြီး ယင်းဘာသာရပ်သည် နယ်ပယ်တိုင်းတွင် အရေးပါသည့် အကြောင်းအရာဖြစ်သည်ကို
လူအများသိရှိစေလိုကြောင်း ၎င်းကပြောသည်။ "ကျွန်တော့်ဆီမှာက ဒဿနိကဗေဒကို ကျောင်းသား
တွေရဲ့စိတ်ဝင်စားမှုကလျော့ကျနေပါတယ်။ ဒါကလည်း ပညာရေး စနစ်နဲ့သက်ဆိုင်နေပြီး ကျောင်း
သင်ဘာသာရပ်အနေနဲ့ထည့်သွင်းထားပေမယ့် ကလေးတွေက စာသင်ပြီးရင်ကျက်မယ် စာမေးပွဲ
ဖြေမယ်ဆိုတာမျိုးတွေဖြစ်နေတယ်။ အများစုကလည်း ဒဿနိကဆိုရင် ကိုယ်နဲ့မသက်ဆိုင်ဘူးလို့
ယူဆကြ တယ်။တကယ်ဆိုရင် ဒီပညာရပ်ရပ်က နယ်ပယ်တိုင်းမှာ အရေးပါတယ်။ ဒဿနိကဆိုတာ
က တကယ်လေ့လာရင် စိတ်ဝင်စားစရာကောင်းပါတယ်"ဟု ၎င်းကဆိုသည်။

၂၀၁၂ ခုနှစ်မှ စတင်၍ နှစ်စဉ် နိုင်ဝင်ဘာလ၏ တတိမြောက်အပတ် ကြာသပတေးနေ့ကို
"ကမ္ဘာ့ဒဿနိကဗေဒနေ့ " အဖြစ် ယူနက်စကိုက သတ်မှတ်ပေးထားပြီး ကမ္ဘာပေါ်ရှိ ပြည်သူများကို
ခေတ်ပြိုင်ကာလတွင် ဖြစ်ပေါ်နေသည့် အရေးကြီးအကြောင်းအရာများအပေါ် ဆင်ခြင်းနိုင်မှုကို
စိတ်ပါဝင်စားလာစေရန် ရည်ရွယ်ခြင်းဖြစ်သည်။ ယခုနှစ်တွင် ကျရောက်သည့် (၁၂)ကြိမ်မြောက်
ကမ္ဘာ့ဒဿနိကဗေဒနေ့ကို " ယောင်္ကျားတွေနဲ့မိန်းမတွေရဲ့ စိတ်တွေထဲ မှာ ငြိမ်းချမ်းရေးတည်ဆောက်
ခြင်း(Buildind peace in the minds of men and women) ခေါင်းစဉ်ဖြင့် ပြုလုပ်ခြင်း
ဖြစ်သည်။

၂၀၁၅ ခုနှစ် နိုဝင်ဘာလ(၁၉)ရက်နေ့တွင် ကျရောက်မည့် (၁၃)ကြိမ်မြောက် ကမ္ဘာ့ဒဿနိကဗေဒနေ့
နှင့် နောက်နှစ် များတွင်လည်း ကျင်းပသွားရန် အစီအစဉ်ရှိကြောင်း ဒဿနိကဗေဒနေ့ကျင်းပရေးကော်
မတီ စီစဉ်သူ ဦးမောင်မောင် ဇေယျက ပြောသည်။

ဤအကြောင်းအရာနှင့် ပက်သက်၍ ထင်မြင်ချက်ပေးလိုပါက ...
[email protected] သို့ ပေးပို့နိုင်ပါသည်။


ရာသီဥတုအခြေအနေ

အကြည့်အများဆုံး - ပြည်တွင်းသတင်း