Wednesday, 16 April 2014

ပို့ကုန်ဈေးကွက်ယှဉ်ပြိုင်မှုတွင် အခွင့်အရေး တူညီဖို့လို

မြန်မာနိုင်ငံအနေဖြင့် အစိုးရသစ်လက် ထက်တွင် နိုင်ငံရေး၊ စီးပွားရေးအခန်း ကဏ္ဍများ ပြုပြင်
ပြောင်းလဲမှုများပြုလုပ် ရာ၌ စီးပွားရေးအခန်းကဏ္ဍ ပြုပြင် ပြောင်းလဲရေးသည် အလွန်အရေးပါ
သောအခန်းကဏ္ဍတွင် ရှိနေပါသည်။

စီးပွားရေးမူဝါဒတစ်ခုဖြစ်သော သွင်း ကုန်အစားထိုးရေးနှင့် ပို့ကုန်တိုးမြှင့်ရေး တွင် မြန်မာနိုင်ငံသည်
ပို့ကုန်အနေဖြင့် စိုက်ပျိုးရေး လယ်ယာထွက်ပစ္စည်းများ အား အဓိကတင်ပို့လျက်ရှိပြီး ရေထွက်
ပို့ကုန်၊ အထည်ချုပ်လုပ်ငန်း စသည်တို့ မှာလည်း ပို့ကုန်ကဏ္ဍတွင် အရေးကြီး သော အခန်းကဏ္ဍ၌
ပါဝင်နေသည်။

ပို့ကုန်တင်ပို့ရာတွင် အိမ်နီးချင်းနိုင်ငံများ တင်သာမကဘဲ အနောက်နိုင်ငံနှင့် ဥရောပနိုင်ငံများသို့
ဈေးကွက်ချဲ့ထွင် တင်ပို့နိုင်ရန်မှာလည်း စီးပွားရေးကဏ္ဍ ၏ အရေးကြီးသောအချက်ပင်ဖြစ် သည်။

ပို့ကုန်ကဏ္ဍတွင် လယ်ယာထွက် ပစ္စည်းများ၊ ရေထွက်ပစ္စည်းများ၊ သဘာဝ တွင်းထွက်ပစ္စည်းများ၊
သဘာဝဓာတ် ငွေ့၊ ရေနံ၊ သစ်၊ အ၀တ်အထည် စသည် တို့ကို တင်ပို့လျက်ရှိရာတွင် ပို့ကုန် အများ
စုမှာ ကုန်ကြမ်းတင်ပို့မှုအဆင့် ၌ပင်ရှိနေပြီး တန်ဖိုးမြင့်တင်ပို့မှု (Value Added) အဆင့်သို့
မရောက်ရှိသေးသည် ကို တွေ့မြင်နိုင်ပါသည်။

"ကျွန်တော်တို့အနေနဲ့ တန်ဖိုးမြင့် ပစ္စည်းတွေကို တင်ပို့နိုင်အောင်ကြိုးစားရ မယ်။ ဒီလိုကြိုးစားမှ
ရေရှည်စီးပွားရေး ဖွံ့ဖြိုးမှု ဖြစ်လာနိုင်မယ်။ လက်ရှိတင်ပို့နေတဲ့ ကုန်ပစ္စည်းရဲ့အရည်အသွေးကို
ထိန်း သိမ်းဖို့ လိုအပ်သလို ဈေးကောင်းရနိုင် မယ့် ဈေးကွက်သစ်ရှာဖွေခြင်းနဲ့ တန်ဖိုး မြင့် (Value
Added)ပစ္စည်းတွေ တင်ပို့ နိုင်ဖို့ လိုအပ်တယ်။ ပြည်တွင်းအလုပ် အကိုင်အခွင့်အလမ်း ဖန်တီး
ပေးနိုင် သလို အလတ်စားနဲ့ အသေးစားစက်မှု လုပ်ငန်းတွေ ပေါ်ပေါက်လာဖို့လည်း အထောက်အပံ့
ဖြစ်လာစေတယ်"ဟု စီးပွားရေးဝန်ကြီးဌာန ပြည်ထောင်စု ၀န်ကြီး ဦးဝင်းမြင့်က ပြောသည်။

ပို့ကုန်ဈေးကွက်တွင် မြန်မာနိုင်ငံ အနေဖြင့် အိမ်နီးချင်းနိုင်ငံများနှင့် ယှဉ် ပြိုင်နေရသော ပို့ကုန်များ
လည်းရှိနေ သည်။ မြန်မာနိုင်ငံ၏ အဓိကပို့ကုန် ၁၀ မျိုး၌ပါဝင်နေသည့် ဆန်စပါးတင်ပို့မှု တွင်
အိမ်နီးချင်း ထိုင်းနိုင်ငံသာမက ဆန်တင်ပို့မှုတွင် နံပါတ်(၁)နေရာသို့ ရောက်ရှိလာသော
ဗီယက်နမ်နိုင်ငံနှင့် ပါ ဈေးကွက်အပြိုင် တင်ပို့နေရသည်။

"ပြည်တွင်းကနေ အရည်အသွေးမြင့် ဆန်ကို ပြည်ပတင်ပို့နိုင်ဖို့အတွက်က အဆင့်မြင့်ကြိတ်ခွဲစက်
တွေ လိုမယ်။ အဆင့်မြင့် ရိတ်သိမ်းလွန်နည်းပညာ တွေ လိုမယ်။ သယ်ယူပို့ဆောင်ရေး စရိတ်တွေ
က သက်သာဖို့လိုမယ်။ အခု ပြည်တွင်းပို့ကုန်လုပ်ငန်းရှင်တွေအနေ နဲ့က အရမ်းကို ကုန်ကျစရိတ်
မြင့်တယ်။ ဒီလို ကုန်ကျစရိတ်မြင့်မားနေခြင်းက ပို့ကုန်မြှင့်တင်ရေးကို အားပေးရာ မရောက်ဘူး။
ကွန်တင်နာ အလုံ အလောက်ရှိဖို့၊ ဆိပ်ကမ်းမှာ တင်ပို့ချိန် အမီ သင်္ဘောရရှိဖို့၊ ဒါတွေ လိုအပ်ပါ
တယ်"ဟု ဆန်စပါးအသင်းချုပ် အထွေ ထွေအတွင်းရေးမှူး ဦးရဲမင်းအောင်က ပြောပါသည်။

ပဲတင်ပို့မှုတွင်လည်း မြန်မာနိုင်ငံ အနေဖြင့် ကနေဒါနိုင်ငံပြီးလျှင် ဒုတိယ နေရာတွင်ရှိနေပြီး
မြန်မာနိုင်ငံ၏ အဓိက ပဲဈေးကွက်ဖြစ်သော အိန္ဒိယနိုင်ငံမှ ပဲမှာယူတင်သွင်းမှုသည် လွန်ခဲ့သော
နှစ်နှစ်ခန့်မှ စတင်ကျဆင်းလာပြီး ပဲဈေး ကွက် အားနည်းလာတာကို တွေ့မြင်နိုင် ပါသည်။

"ပဲက အမေရိကန်ဈေးကွက်ကို တင်ပို့ ဖို့ဆိုရင် ကျွန်တော်တို့အနေနဲ့ ပဲခြမ်းတွေ လုပ်နိုင်မှ အဆင်
ပြေမယ်။ အရည်အသွေးကလည်း ကောင်းရမယ်။ လက်ရှိ လယ်သမားတွေသုံးနေတဲ့ ပိုးသတ်ဆေး
တွေကအစ ပြန်စိစစ်ရမယ်။ မကြာခဏ ဆိုသလို ကွန်တင်နာပြတ်လပ်တာတွေ၊ သင်္ဘော မလုံ
လောက်တာတွေကြောင့် အချိန်မီမပို့နိုင်တာတွေ ဖြစ်တယ်။ ကတိ ပျက်ရတာတွေမဖြစ်အောင်
ဒါတွေကို ပြင်ဆင်ဖို့လိုတယ်။ လမ်း၊ တံတား ဖြတ်သန်းခ အရမ်းမြင့်တယ်။ မြန်မာပြည်အထက်ပိုင်း
ကလာတဲ့ ပြောင်းက စိုက်ပျိုးအပြီးအစီး တစ်ပိဿာ ကို ကျပ် ၁၀၀ ဆို သူ့ကို ရန်ကုန်သယ် စရိတ်
ကလည်း ကျပ် ၁၀၀ ဖြစ်နေတယ်။ အဲလိုမဖြစ်သင့်ဘူး"ဟု ပဲတင်ပို့သည့် ကုန်သည် ဒေါက်တာ
မြန်လင်းက ပြောပါသည်။

အမေရိကန် စီးပွားရေးပိတ်ဆို့မှု ပယ်ဖျက်ပေးလိုက်သော်လည်း အထည် ချုပ်လုပ်ငန်းတွင် ပို့ကုန်
တင်ပို့မှု တိုးမြှင့် ရန် အရေးကြီးသောအချက်မှာ အရည် အသွေး ထိန်းသိမ်းရေးသာမက ဈေးကွက်
သစ်ရရှိရာတွင် တခြားနိုင်ငံများ နှင့် တူညီသောအခွင့်အရေး ရရှိနိုင်ရန် လည်း လိုအပ်ပါသည်။

ပထမအဆင့်အနေဖြင့် မြန်မာနိုင်ငံသည် ၁၉၉၇ ခုနှစ်မတိုင်ခင်နှစ်များက ရရှိခဲ့သော Generalize
system for preference (GSP) အား ပြန်လည်ရရှိ ရန် လိုအပ်သည်။ အဆိုပါ GSP စနစ်သည်
ဥရောပနိုင်ငံများက မြန်မာနိုင်ငံအား ဖွံ့ဖြိုးဆဲနိုင်ငံများကို ပေးလေ့ရှိ သော ကုန်ပစ္စည်းအချို့ကို
အခွန် လျှော့ပေါ့ ပေးခြင်း ဖြစ်ပါသည်။

မြန်မာနိုင်ငံမှတင်ပို့သော ကုန်ပစ္စည်း အချို့ (ဥပမာ- အ၀တ်အထည်၊ လယ်ယာ ထွက်ကုန်)
အစရှိသည်တို့ကို အခွန်ငွေ ပေးဆောင်ရာတွင် တခြားဖွံ့ဖြိုးပြီးနိုင်ငံ များမှ တင်သွင်းသော
ကုန်ပစ္စည်းထက် အခွန်ငွေလျှော့ကောက်ခြင်း ဖြစ်ပါ သည်။ "အခွန်လျှော့တယ်ဆိုတာလည်း
သူ တို့နိုင်ငံသားပဲ ရတာပဲလေ။ သူတို့နိုင်ငံ မှာ ၀ယ်ယူတဲ့ကုန်ပစ္စည်းအပေါ် အခွန် ငွေပေးရတယ်။
ဖွံ့ဖြိုးဆဲနိုင်ငံတွေက ပစ္စည်းကို အခွန်ငွေလျှော့ပေးတယ်ဆို တာ ကိုယ်ကရတာမဟုတ်ဘူး။ သူ့နိုင်ငံ
သားက မြန်မာပြည်ကပစ္စည်းကို အခွန် နည်းနည်းပဲပေးပြီး ၀ယ်လို့ရမှာ။ ဒါပေ မယ့်ကိုယ့်အတွက်
ကျတော့ တခြားနိုင်ငံ က ကုန်ပစ္စည်းတွေနဲ့ ဈေးကွက်မှာ ယှဉ် ပြိုင်တဲ့အခါ ဈေးသက်သာတော့
ဈေး ကွက်သဘောတရားအရ ကုန်ပစ္စည်း ရောင်းအား တက်တာပေါ့"ဟု ပြည်ထောင်စုမြန်မာနိုင်ငံ
ကုန်သည်များ နှင့် စက်မှုလက်မှုလုပ်ငန်းရှင်များအသင်းချုပ်မှ တွဲဖက်အတွင်းရေးမှူး ဒေါ်ခိုင်ခိုင်နွယ်
က ပြောပါသည်။

အဆိုပါ GSP သည် ပို့ကုန်ပစ္စည်း အချို့အားအခွန်လျှော့ပေါ့ခွင့်ရရှိသော စနစ်ဖြစ်ပြီး ဖွံ့ဖြိုးပြီးနိုင်ငံ
များမှ မြန်မာ နိုင်ငံကဲ့သို့ ဖွံ့ဖြိုးဆဲနိုင်ငံများအား စီးပွား ရေးကဏ္ဍ ပို့ကုန်တင်ပို့မှုတွင် အားသာချက်
တစ်ခုအနေဖြင့် ကူညီသော စည်းမျဉ်းတစ်ခုဖြစ်သည်။

မြန်မာနိုင်ငံအနေဖြင့် အဆိုပါ GSP အခွန်လျှော့ပေါ့ခွင့်ကိုရရှိခဲ့ပြီး ၁၉၉၇ ခုနှစ်တွင် အပြည်ပြည်
ဆိုင်ရာအလုပ်သမား ရေးရာအဖွဲ့(အိုင်အယ်လ်အို)က အလုပ်သမားများအား အတင်းအဓမ္မခိုင်းစေ
မှုဖြင့် မြန်မာနိုင်ငံအား GSP ခံစားခွင့် ရပ်ဆိုင်းခဲ့သည်။

ယခုအခါတွင် ကမ္ဘာ့အဆင်းရဲဆုံး နိုင်ငံ Lower Developed Countries (LDC) တွင် ပါဝင်
သောနိုင်ငံများအား ပို့ကုန်အခွန်ကင်းလွတ်ခွင့် Everything But Arms (EBA) လက်နက်ခဲယမ်းမှ
အပ ကျန်ပို့ကုန် ကုန်ပစ္စည်းအားလုံး အခွန်ကင်းလွတ်ခွင့်ရရှိမည်ဖြစ်သည်။

အိမ်နီးချင်းနိုင်ငံများ ဖြစ်သည့် ဘင်္ဂလားဒေ့ရှ်၊ လာအို၊ ကမ္ဘောဒီးယား နိုင်ငံများသည် LDCs နိုင်ငံများ
၌ ပါဝင် နေသောကြောင့် ပို့ကုန်အခွန်ကင်း လွတ်ခွင့်ရရှိပြီး ဖြစ်ပါသည်။

မြန်မာနိုင်ငံအနေဖြင့် ဥရောပ စီးပွားရေးပိတ်ဆို့မှုမရှိတော့ပါက GSP ပြန်လည်ရရှိရန်တောင်းဆိုမည်
ဟု ပို့ကုန်ကဏ္ဍမှ တာဝန်ရှိသူများကလည်း ပြော ကြားခဲ့သည်။

ပို့ကုန်ကဏ္ဍကို အဓိကထားတိုးမြှင့်နေသော မြန်မာနိုင်ငံ၏ စီးပွားရေးမျက်နှာစာသစ်တွင် ဈေးကွက်
သစ် ချဲ့ထွင်ရန် အရေးကြီးသလို ဥရောပကဲ့ သို့ ဈေးကွက်ကောင်းများအား အခွန်ငွေ သက်သာစွာ
ဖြင့် ပို့ကုန်ပစ္စည်းများ တင်ပို့ ရောင်းချနိုင်ပါက စီးပွားရေးအခွင့် အလမ်းများ ပိုမိုရရှိလာမည်ဖြစ်ပါ
သည်။

ကုန်ချောတင်ပို့ရောင်းချနိုင်ရေး၊ ပို့ကုန် အရည်အသွေး ထိန်းသိမ်းရေးနှင့် ဈေးကွက်သစ်ရရှိရေးတို့ကို
တိုးမြှင့် လုပ်ဆောင်နေရာတွင်ီူဃျ နိုင်ငံ၌ ပါဝင်နေသော မြန်မာနိုင်ငံအနေဖြင့် အိမ်နီးချင်းနိုင်ငံများ
ကဲ့သို့ နဗြ အခွင့် အရေးရရှိရန်လည်း လိုအပ်ပါသည်။

"မြန်မာနိုင်ငံက အရင်ကလည်ွးှဏ ရခဲ့ဖူးတယ်။ သိပ်တော့အထူးအဆန်း မဟုတ်ဘူး။ ဥရောပ
စီးပွားရေးပိတ်ဆို့မှု မရှိတော့တဲ့အခါ GSP ကိုပဲ ပြန်တောင်း နေမယ်ဆို နောက်ကျကျန်ခဲ့လိမ့်မယ်၊
ယှဉ်ပြိုင်မှုတိုင်းမှာ တူညီတဲ့အခွင့်အရေး ရဖို့တော့ လိုတယ်။ွှဏ က ကုန်ပစ္စည်း အချို့ကိုပဲ အခွန်
လျှော့ပေးတာ၊ ဒီတော့ ဘာလို့ GSP ကို ပြောနေတော့မလဲ။ လက်နက်ကလွဲလို့ ဘယ်ကုန်ပစ္စည်း
ကိုပဲ ပို့ပို့ အခွန် လုံးဝကင်းလွတ်ခွင့်ရမယ့် EBA ကိုပဲ တောင်းတော့မှာပေါ့။ အိမ်နီးချင်း နိုင်ငံတွေ
လည်း ရထားပြီးပြီ"ဟု ဒေါ်ခိုင် ခိုင်နွယ်က ပြောပါသည်။

"ကျွန်မကတော့ နိုင်ငံတကာအစည်းအဝေးတိုင်းမှာ ပြောတယ်။ ကျွန်မတို့ကို ခြေထောက်ကြိုးတုပ်
ပြီး မပြေးခိုင်းပါနဲ့၊ အခွင့်အရေးသာတူညီပါစေ။ ကျွန်မတို့ နိုင်ငံကလည်း လုပ်နိုင်စွမ်းရှိပါတယ်" ဟု
၎င်းက ပြောသည်။

ဤအကြောင်းအရာနှင့် ပက်သက်၍ ထင်မြင်ချက်ပေးလိုပါက ...
[email protected] သို့ပေးပို့နိုင်ပါသည်။


အကြည့်အများဆုံး - ပြည်တွင်းသတင်း