ခြေတုလိုအပ်နေသူများအား ထပ်မံတပ်ဆင်ပေး နိုင်ရန် ခြေတုပုံသွင်းစက် ၀ယ်ယူရန်စီစဉ်နေ

ခြေတုလာရောက်တပ်ဆင်သူတစ်ဦးအား ပညာရှင်တစ်ဦးက ခြေတုတပ်ဆင်ပေးနေစဉ်။ ကောင်းထက် / မြန်မာတိုင်း(မ်)ခြေတုလာရောက်တပ်ဆင်သူတစ်ဦးအား ပညာရှင်တစ်ဦးက ခြေတုတပ်ဆင်ပေးနေစဉ်။ ကောင်းထက် / မြန်မာတိုင်း(မ်)

ခြေလက်အင်္ဂါ မပြည့်စုံသူများအတွက် လိုအပ်နေသော ခြေအတုကို ပုံသွင်း လုပ်ပေးနိုင်သည့်
စက်ပစ္စည်းအသစ်ကို တပ်ဆင်ပေးရန်အတွက် ၀ယ်ယူရန် အစီ အစဉ်ရှိသည်ဟု အောင်စင်္ကြာ
မိုးကုတ် ၀ိပဿနာကျောင်း၏ ဒကာတစ်ဦးဖြစ် သည့် ဦးမောင်မောင်ကျော်က မြန်မာ တိုင်း(မ်)ကို
ပြောသည်။

"ကျွန်တော်တို့ကျောင်းမှာ ထိုင်းနိုင်ငံ တော်ဝင်ဖောင်ဒေးရှင်းကနေ လူနာ ၁၃၈ ဦးကို ခြေအတုတွေ
ကို လာတတ်ပြီးသွား တဲ့နောက် ဒီပစ္စည်းတွေ ဆက်ပြီး ထိန်း သိမ်းဖို့လိုတယ်။ ဒါကြောင့် အလှူရှင်
ရှာ ပြီးတော့ ဒီစက်ကိုတပ်ဆင်သွားဖို့ စီစဉ် ရတာပါ"ဟု ၎င်းက ပြောသည်။

အဆိုပါစက်တစ်လုံးကို တပ်ဆင်ရန် အမေရိကန်ဒေါ်လာ နှစ်သောင်းကျော်ခန့် ကုန်ကျနိုင်သည်ဟု
ဦးမောင်မောင် ကျော်က ပြောသည်။

ရန်ကုန်တိုင်းဒေသကြီး၊ အရှေ့ပိုင်းခရိုင် သာကေတမြို့နယ်ရှိ အောင်စင်္ကြာ မိုးကုတ်ဝိပဿနာ
ကျောင်းတိုက်၌ အောက်တိုဘာလ ၇ ရက်နေ့မှ စတင်ပြီး ခြေလက်အင်္ဂါမပြည့်စုံသော လူနာ
၁၃၈ ဦးအား ထိုင်းတော်ဝင်မိသားစု၏ ဖောင် ဒေးရှင်းတစ်ခုဖြစ်သည် Prostheses Foundation
of H.R.H The Princess Mother မှ လိုအပ်နေသော ခြေလက် အင်္ဂါများအတွက် ကိုယ်ပိုင်ပုံ
သွင်းစက် များဖြင့် နည်းပညာရှင်များနှင့် ကျွမ်းကျင် သူများကိုယ်တိုင် လေးရက်ကြာ အခမဲ့
လာရောက်တပ်ဆင်ပေးခဲ့သည်။

အဆိုပါလှူဒါန်းပွဲသို့ မြန်မာပြည်အနှံ့ မှ ခြေလက်အင်္ဂါမပြည့်စုံသော လူနာများ လာရောက်ကုသမှု
ခံယူကြပြီး လူနာတစ်ဝက်ကျော်မှာ ရှေ့တန်းစစ်မြေပြင်တွင် မိုင်းထိသော တပ်မတော်သားဟောင်း
များဖြစ်ကြပြီး ကျန်သူများမှာ ကားတိုက်ခံရခြင်းနှင့် မွေးရာပါခြေလက် အင်္ဂါမပြည့်စုံသောလူနာများ
လာရောက်ခဲ့သည်ဟု အောင်စင်္ကြာကျောင်းတိုက် ဆရာတော် အရှင်စန္ဒသိရီက မြန်မာတိုင်း(မ်)ကို
မိန့်ကြားသည်။

"မြန်မာနိုင်ငံမှာ ခြေလက်အင်္ဂါ မပြည့်စုံတဲ့သူတွေ အများကြီးပါ။ ခြေတုလုပ်ဖို့ကလည်း ဈေးကြီးတဲ့
အတွက်ကြောင့် မတတ်နိုင်ကြဘူး။ ဒါကြောင့် နှစ်ပေါင်းများစွာကြာ အိပ်ရာထဲမှာနေနေကြရတယ်"
ဟု ဆရာတော်က မိန့်သည်။

အဆိုပါ ထိုင်းနိုင်ငံမှ ဖောင်ဒေးရှင်းသည် ရန်ကုန်မြို့သို့ ၂၀၁၄ ခုနှစ်တွင် ထပ်မံလာရောက်ပြီး ယခု
ကဲ့သို့ လူနာ များအား လှူဒါန်းပေးသွားရန် အစီအစဉ် ရှိသည်ဟု ဆရာတော်က မိန့်သည်။

သို့သော် ထိုခြေအတုများသည် ကလေးငယ်များအဖို့ တစ်နှစ် တစ်ကြိမ်၊ လူကြီးများအတွက် ငါးနှစ်
တစ်ကြိမ် အသစ်လုပ်ရန် လိုအပ်သောကြောင့် ခြေတုထုတ်လုပ်နိုင်မည့် ကိုယ်ပိုင်စက် တစ်လုံးရှိရန်
လိုအပ်သည်ဟု ဆရာ တော်က မိန့်ကြားသည်။

ဤအကြောင်းအရာနှင့် ပက်သက်၍ ထင်မြင်ချက်ပေးလိုပါက ...
[email protected] သို့ ပေးပို့နိုင်ပါသည်။


ရာသီဥတုအခြေအနေ

အကြည့်အများဆုံး - ပြည်တွင်းသတင်း