ပတ်ဂျာဆန်အဖွဲ့ တိုက်ခိုက်ခံရမူ ပြည်နယ်အစိုးရ စစ်ဆေးတော့မည်

ကချင်ပြည်နယ် ၀ိုင်းမော်မြို့နယ်ရှိ ဆဒုံးမြို့နယ်ခွဲတွင် ဖေဖော်ဝါရီ ၂၅ ရက်က ဘိန်းခင်းများ ဖျက်ဆီးရန်
ရောက်ရှိနေသော လူထုအခြေပြု မူးယစ်ဆေးဝါးတိုက်ဖျက်ရေးအဖွဲ့ကို လက်ပစ်ဗုံးနှင့် သေနတ်များဖြင့်
တိုက်ခိုက်ခံရသည့်ကိစ္စအား ကချင်ပြည်နယ်အစိုးရအဖွဲ့က စုံစမ်းစစ်ဆေးတော့မည်ဖြစ်ကြောင်း
ပတ်ဂျာဆန် အဖွဲ့မှတာာဝန်ရှိ သူများက မြန်မာတိုင်း(မ်)ကို ပြောသည်။

ဖေဖော်ဝါရီ ၂၅ ရက်ညပိုင်းက ပြည်နယ်အစိုးရအဖွဲ့နှင့် ပတ်ဂျာဆန် အဖွဲ့ခေါင်းဆောင်ပိုင်းများ
အရေးပေါ်အစည်းအဝေး ပြုလုပ်ခဲ့ကြပြီး လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီးက ပတ်ဂျာဆန်အဖွဲ့အား
လုံခြုံရေး တာဝန်ယူထားသည့် ရဲအရာရှိများ၊ ပြည်သူ့စစ်ခေါင်းဆောင်နှင့် နယ်ခြားစောင့်တပ်မှ
တာဝန်ရှိသူများကို စတင်မေးမြန်းရန် ခေါ်ယူထားကြောင်း ပြောကြားခဲ့သည်ဟု ပတ်ဂျာဆန်
(မြစ်ကြီးနား)မှ ခေါင်းဆောင် ဦးသူရော်က ဆိုသည်။

ပြည်နယ်အစိုးရအနေဖြင့် အဆိုပါဖြစ်ရပ်ကို မည်သူကျူးလွန်ကြောင်း စုံစမ်းစစ်ဆေးရန် အဖွဲ့တစ်ခုကို
ယနေ့တွင် ဖွဲ့စည်းခဲ့ပြီး ကျူးလွန်သူများကို တည်ဆဲဥပဒေများနှင့်အညီ အရေးယူသွားမည်ဖြစ်ကြောင်း
ပြည်နယ်အစိုးရက ကြေညာထားသည်။

ဖေဖော်ဝါရီ ၂၅ ရက်တွင် အမည်မသိလူတစ်စု၏ တိုက်ခိုက်ခဲ့ခြင်းကြောင့် ပတ်ဂျာဆန် အဖွဲ့မှ ၃၂ ဦး
ဒဏ်ရာရရှိခဲ့ပြီး ကျူးလွန်ရာတွင် ပါဝင်သူ ၁၅ ဦးကို ၀ိုင်းမော်မြို့မရဲစခန်းတွင် ဖမ်းဆီးထားသည်ဟု
ပတ်ဂျာဆန် အဖွဲ့မှ သိရသည်။

ဤအကြောင်းအရာနှင့် ပက်သက်၍ ထင်မြင်ချက်ပေးလိုပါက ...
[email protected] သို့ ပေးပို့နိုင်ပါသည်။


ရာသီဥတုအခြေအနေ

အကြည့်အများဆုံး - ပြည်တွင်းသတင်း