အမြန်လမ်းမကြီး၌ နှစ်လကျော်အတွင်း ယာဉ်မတော်တဆမှု ၁၁၉ မှု ဖြစ်ပွား

၂ဝ၁၆ ခုနှစ်၊ ဇန်နဝါရီမှ မတ် ၇ ရက်အထိ ရန်ကုန် - မန္တလေး အမြန်လမ်းမကြီး၌ ယာဉ်မတော်တဆမှု
၁၁၉ မှု ဖြစ်ပွားခဲ့ပြီး သေဆုံးသူ ၃၁ ဦးရှိကာ ဒဏ်ရာရသူ ၂ဝ၉ ဦးရှိခဲ့သည်။

လအလိုက်ဆိုလျှင် ဇန်နဝါရီလအတွင်း ယာဉ်မတော်တဆမှု ၅၇ မှု၊ ဖေဖော်ဝါရီလအတွင်း
ယာဉ်မတော် တဆမှု ၄၁ မှုနှင့် မတ် ၇ ရက်အထိ ယာဉ် မတော်တဆမှု ၂၁ မှုတို့ ဖြစ်ကြသည်။
ပြီးခဲသည့် ၂ဝ၁၅ ခုနှစ် ဇန်နဝါရီနှင့် ဖေဖော်ဝါရီ နှစ်လတာကာလအတွင်း ဖြစ်ပွားမှု ၃၈ မှုသာ
ဖြစ်ပွားခဲ့ပြီး ယခုနှစ် ဇန်နဝါရီလနှင့် ဖေဖော်ဝါရီ နှစ်လတာ ကာလအတွင်း ၉၈မှု ဖြစ်ပွားခဲ့သဖြင့်
ယခုနှစ်တွင် ယာဉ်မတော်တဆဖြစ်ပွားမှု ပိုမိုနေသည်ကို တွေ့ရသည်။

''မနှစ်က တစ်ရက်ကို ပျမ်းမျှ ယာဉ် စီးရေ ၁၄,ဝဝဝ လောက်သွားတယ်။ ဒီနှစ် တွက်ကြည့်တာ ပျမ်းမျှကို
တစ်ရက် ၂ဝ,ဝဝဝ လောက်သွားနေတယ်။ အသုံးပြုသူများလာသလို ယာဉ်မတော်တဆမှုတွေလည်း
ပိုလာတယ်။ အမြန်လမ်းရဲတပ်ဖွဲ့ ကတော့ နေ့ရော၊ ညပါ ရဲစခန်းတွေ၊ ရပ်ကင်းတွေ၊ လှည့်ကင်းတွေနဲ့
ဆောင်ရွက် နေတယ်။

ရဲစခန်းတွေ၊ ရဲကင်းတွေကို လည်း ညပိုင်းမြင်သာအောင်၊ ဆိုင်းဘုတ် တွေကို မြင်သာအောင်
ဆိုလာမီးပေးစနစ် နဲ့ လုပ်ထားတယ်။ တိုးဂိတ်တွေမှာ ပညာပေးတယ်''ဟု အမြန်လမ်းမကြီး
ရဲတပ်ဖွဲ့မှူးရုံး (ဌာနချုပ်) တပ်ဖွဲ့မ·း ရဲမ·း ကြီး ဇော်ထွန်းအောင်က မြန်မာတိုင်း(မ်)ကို ပြောသည်။
ထို့ပြင် အန္တရာယ်ကြုံပါက ဆက်သွယ် နိုင်မည့် ဖုန်းနံပါတ်များကို ဖြန့်ဝေထားပြီး အရှိန်အလွန်အကျွံ
မောင်းနှင်မှုကို တွေ့ရှိ ပါက လိုက်လံသတိပေးမှုများ ပြုလုပ်ပေး နေသည်ဟု ဆိုသည်။

''သုံးစွဲတဲ့လူဘက်ကလည်း လိုက်နာဖို့ လိုတယ်။ လမ်းပေါ်ကို လာတဲ့ လိုက်ထရပ် တွေအတွက်
လိုအပ်တဲ့ ညွှန်ကြားချက်မရှိ သေးဘူး။ ဥပမာ•လိုက်ထရပ်နဲ့ ဒီလမ်းကို ဖြတ်မယ်ဆိုရင်
လူဘယ်နှဦးထက် ပိုမတင်ရဘူးဆိုတဲ့ ညွှန်ကြားချက်မရှိ သေးဘူး။ လိုက်ထရပ်တွေ ယာဉ်မတော်
တဆမှုဖြစ်ပြီဆိုတာနဲ့ လူအများကြီး ထိခိုက် ကြတယ်။ တချို့ဆိုရင် နောက်ခန်းထဲမှာ လူ ၂၅ ယောက်
လောက် တင်လာတာကို တွေ့ရတယ်။ ဖြစ်လိုက်ရင် အန္တရာယ်ပဲ''ဟု ၄င်းက ပြောသည်။

မတ် ၇ ရက်တွင် ရန်ကုန်-မန္တလေး အမြန်လမ်းမကြီး မိုင်တိုင် အမှတ် ၃ဝ၈/၇ အနီး
နေပြည်တော်မှ မန္တလေးသို့လာသော လိုက်ထရပ်ယာဉ်က ခရီးသည် အတင်အချ ပြုလုပ်နေသည့်
မန်းရွှေမြို့တော် ခရီးသည်တင်ယာဉ်ကြီးကို တိုက်မိသဖြင့် နှစ်ဦးသေဆုံးပြီး ၁၅ ဦးဒဏ်ရာရရှိခဲ့
သည်။

အဆိုပါ မတော်တဆမှုမှာ မိထ္တီလာမြို့နယ် သီးကုန်း အမြန်လမ်းမကြီးရဲစခန်းအပိုင်တွင်
ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။ ယင်းဖြစ်စဉ်နှင့် ပတ်သက်၍ ယာဉ်ကို မဆင်မခြင်ပေါ့လျော့စွာ
မောင်းနှင်သူ လိုက်ထရပ်ယာဉ်မောင်းနှင့် အမြန်လမ်းမ ပေါ် ခရီးသည်အတင်အချ ပြုလုပ်ခဲ့သည့်
ယာဉ်မောင်းသန်းဝင်းအောင်တို့ကို သီးကုန်းအမြန်လမ်းမကြီး ရဲစခန်းက
ယာဉ် (ပ) ၁ဝ/၂ဝ၁၆၊ ပြစ်မှုပုဒ်မ ၃ဝ၄- က/၃၃၈/၃၃၇ ဖြင့်လည်းကောင်း (ပ) ၂/၂ဝ၁၆၊
အမြန်လမ်းမကြီးများ ဥပဒေ ပုဒ်မ ၂၂ အရလည်းကောင်း အမှုဖွင့် အရေး ယူထားသည်။

ဤအကြောင်းအရာနှင့် ပက်သက်၍ ထင်မြင်ချက်ပေးလိုပါက ...
[email protected] သို့ ပေးပို့နိုင်ပါသည်။


ရာသီဥတုအခြေအနေ

အကြည့်အများဆုံး - ပြည်တွင်းသတင်း