သင်္ကြန်မဏ္ဍပ်များ ကန့်သတ်လိုက်ခြင်းအပေါ် ပြည်သူများ၏ အမြင်

မဇာနည်
အသက် ၂၈ နှစ်

အစ်မတို့က ဒီနိုင်ငံမှာ နေတဲ့အတွက် ဒီနိုင်ငံက ချမှတ်တဲ့ စည်းမျဉ် စည်းကမ်းတွေကို လိုက်နာရမှာပေါ့။
နောက်ပြီးအစိုးရအသစ်ဖြစ်တော့ အစိုးရအသစ်ကလည်း သင်္ကြန်ကို စည်းကမ်းရှိရှိနဲ့ ကျင်းပနိုင်ဖို့
အတွက်ကို လုပ်ပေးလိုက်တာပေါ့။ စည်းမဲ့ကမ်းမဲ့စရိုက်တွေ သင်္ကြန်ပွဲတော်ကို ခုတုံးလုပ်ပြီး စီးပွားရေး
လုပ်နေတဲ့ မဏ္ဍပ်တွေကို ပယ်ဖျက်လိုက်တာပေါ့။ အစ်မတို့က လူငယ်ဆိုတော့ သင်္ကြန်မှာ
ပျော်တာတော့ပျော်ချင်တာပေါ့။ ဒါပေမဲ့အခုလို စည်းမျဉ်းစည်းကမ်းတွေနဲ့ လုပ်လိုက်တာကိုလည်း
သဘောကျပါတယ်။ ဒီနှစ်ဆိုရင် စရိတ်နည်းနည်းနဲ့ ရေကစားလို့ရမယ့် မဏ္ဍပ်ငယ်လေးတွေတော့
ရှိမှာပေါ့။


ထက်အာကာကျော်
အသက် ၂၅ နှစ်

စီးပွားဖြစ် သင်္ကြန်မဏ္ဍပ်တွေပိတ်တဲ့ အပေါ်ဝမ်းသာ ၀မ်းနည်း မဖြစ်မိပါဘူး။ ဒီဘက်နှစ်တွေမှာ
သင်္ကြန်အပေါ် သိပ်ပြီး အာရုံမရှိပါဘူး။ ရုံးပိတ်ရက်ရှည် ကာလတစ်ခုလို့ ခံစားရတယ်။ ဒါပေမဲ့
သင်္ကြန်ကာလမှာ ပျော်တတ်တဲ့ ကလေး၊ လူကြီး၊ လူငယ်အရွယ်စုံ ရှိပါတယ်။ သူတို့အတွက်
မဏ္ဍပ်တွေ ပိတ်လိုက်တဲ့အပေါ် Feel ဖြစ်မှာပေါ့။ လူတိုင်းက ကိုယ့်ခံစားချက်နဲ့ ကိုယ်ဆိုတော့
မဏ္ဍပ်ပိတ်လိုက်တဲ့အပေါ် ကြိုဆိုတာရှိသလို ရှုတ်ချတာလည်းရှိတယ်။ တစ်ဖက်မှာလည်း
ဝန်ကြီးချုပ်အသစ် ဦးဖြိုးမင်းသိန်းရဲ့ ဆုံးဖြတ်ချက်က ရန်ကုန် သင်္ကြန်အပေါ် ဘယ်လောက်အထိ
အကျိုးရှိစေမလဲဆိုတာ စောင့်ကြည့်ရမှာပေါ့။


မေမြသူ
အသက် ၂၇ နှစ်

သင်္ကြန်မှာ စီးပွားဖြစ် မဏ္ဍပ်တွေကို ပိတ်လိုက်တဲ့အတွက် အပျော်တွေ နည်းသွားမယ်။
ပွဲမစည်တော့ဘူးလို့တော့ ပြောလို့မရဘူး။ မြန်မာလူမျိုးတွေက ကိုယ့်ပွဲတော်ဆို ဘယ်လိုပဲဖြစ်ဖြစ်
ပျော်နေကြတာဆိုတော့ ရှာကြံပြီး ပျော်ကြဦးမယ်ထင်ပါတယ်။ အဓိကကတော့ အပျော်မကျူးဖို့
ထိန်းရမယ်။ အများပြည်သူစိတ် အေးလက်အေးပျော်နိုင်မယ်ဆိုရင် ချစ်စရာ သင်္ကြန်ပွဲတော်လေး
ဖြစ်လာမှာသေချာပါတယ်။ အစိုးရသစ်က လမ်းကြောင်းအသစ်သွားမယ် အပြောင်းအလဲတွေ
ထပ်လုပ်ဦးမယ်ဆိုရင် အရင်ဆုံး ပြည်သူတွေက ဘယ်လို အခြေအနေအထိ လိုက်နာနိုင်လဲ။
အပြောင်းအလဲကို ဘယ်လို ဆွဲဆောင်ပြီး ခေါ်သွားရမလဲဆိုတာ သေသေချာချာစဉ်းစားပြီး
လုပ်ကိုင်သင့်ပါတယ်။ စောင့်ကြည့်ကြရမှာပေါ့။


နိုင်လင်းအောင်
အသက် ၂၃နှစ်

အခုလို သင်္ကြန်မဏ္ဍပ်တွေ မလုပ်ရဘူး ဆိုပြီး လုပ်တာက လူငယ်တွေရဲ့  ပျော်ရွှင်မှုကို
ပိတ်ပင်လိုက်သလို ဖြစ်သွားစေပါတယ်။ မဏ္ဍပ်တွေမလုပ်ရဘူးဆိုတာထက် မဏ္ဍပ်လုပ်မယ့် လူတွေကို
ဘယ်လိုပုံစံနဲ့ လုပ်သင့်တယ်ဆိုပြီး စည်းကမ်းချက်တွေ သတ်မှတ်ပေးတာမျိုး လုပ်သင့်ပါတယ်။
သင်္ကြန်ဆိုတာ လူငယ်တွေ အေးအေးချမ်းချမ်းနဲ့ ရေးကစားရမယ့်ပွဲတော် တစ်ခုပါ။ အခုလို
မလုပ်ရဘူးဆိုတာထက် ဘယ်လို အေးအေးချမ်းချမ်းနဲ့ ဆော့ကစားနိုင်အောင် စည်းကမ်းတွေ
သတ်မှတ်ပေးမလဲဆိုတာမျိုး လုပ်ပေးသင့်ပါတယ်။ အဲဒီ စည်းကမ်းတွေကို မလိုက်နာဘူးဆိုရင်တော့
အရေးယူတာမျိုးတွေလုပ်ပေါ့"

ဤအကြောင်းအရာနှင့် ပက်သက်၍ ထင်မြင်ချက်ပေးလိုပါက ...
[email protected] သို့ ပေးပို့နိုင်ပါသည်။


ရာသီဥတုအခြေအနေ

အကြည့်အများဆုံး - ပြည်တွင်းသတင်း