ဇွန်လနှောင်းပိုင်း ကမ်းရိုးတန်းနှင့် မြန်မာနိုင်ငံအောက်ပိုင်းဒေသများတွင် မိုးကြီးနိုင်

လာမည့်သီတင်းပတ်အတွင်း မြန်မာနိုင်ငံ၏ ကမ်းရိုးတန်းဒေသများနှင့် အောက်ပိုင်းဒေသများတွင်
မုတ်သုံလေအားကောင်းမှုကြောင့် မိုးကြီးနိုင်ကြောင်း မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာနက
ခန့်မှန်းထားသည်။

ဇွန် ၁၅ ရက်မှ ၁၈ ရက်အတွင်း မြစ်ဝကျွန်းပေါ်ဒေသ၊ မွန် - တနင်္သာရီ ကမ်းရိုးတန်းဒေသများတွင်
လည်းကောင်း၊ ဇွန်လ ၁၈ ရက်နောက်ပိုင်းတွင် မြစ်ဝကျွန်းပေါ်နှင့် ရခိုင်ကမ်းရိုးတန်းဒေသများတွင်
လည်းကောင်း မုတ်သုံလေအင်အား အသင့်အတင့်မှ အားကောင်းနေနိုင်ကြောင်း မိုး/ဇလဌာနမှ
ညွှန်ကြားရေးမှူးဦးကျော်လွင်ဦးကပြောသည်။

''ဇွန် ၁၇ ရက်မှာ ဘင်္ဂလားပင်လယ်အော် အလယ်ပိုင်းမှာ အိန္ဒိယနိုင်ငံကမ်းခြေဘက်ကို ရွေ့လျားမယ့်
လေဝဲတစ်ခုဖြစ်ပေါ်နေနိုင်ပြီး သူ့ကြောင့် မြန်မာ့ကမ်းရိုးတန်းမှာ မုတ်သုံလေအင်အား အသင့်အတင့်က
အားကောင်းစေနိုင်တယ်''ဟု ဦးကျော်လွင်ဦးက ဇွန် ၁၄ ရက်က ပြောသည်။

မုတ်သုံလေအင်အားကောင်းလာပါက ဒေသအနှံ့အပြားတွင် မိုးရွာသွန်းခြင်း၊ မိုးကြီးခြင်းများ
ဖြစ်ပေါ်တတ်ပြီး နောက်ဆက်တွဲအနေဖြင့် မြစ်ရေတိုးခြင်း၊ ရေကြီးရေလျှံခြင်း၊ မြေပြိုခြင်းများ
ဖြစ်ပေါ်တတ်သည်။

ဇွန်လ ၁၅ ရက်နေ့ နောက်ပိုင်း၌ ရခိုင်ပြည်နယ်တွင် မိုးရွာသွန်းမှုအခြအနေပြန်လည်လျော့သွားနိုင်ပြီး
မြန်မာနိုင်ငံတောင်ပိုင်းဒေသများတွင် ဆက်လက်မိုးကြီးနိုင်ကြောင်း မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှု
ဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးကျော်မိုးဦးက ပြောသည်။

''မွန်၊ ကရင်၊ တနင်္သာရီဒေသတွေမှာ လေး၊ ငါးရက်လောက် မိုးအားဆက်ပြီး ကောင်းနိုင်မယ့်
အခြေအနေတွေ တွေ့ရတဲ့အတွက် သတိပြုသင့်ပါတယ်''ဟု ၄င်းက ဇွန် ၁၄ ရက်က ပြောသည်။

ဤအကြောင်းအရာနှင့် ပက်သက်၍ ထင်မြင်ချက်ပေးလိုပါက ...
[email protected] သို့ ပေးပို့နိုင်ပါသည်။


ရာသီဥတုအခြေအနေ

အကြည့်အများဆုံး - ပြည်တွင်းသတင်း