စာပေနှင့်ဓာတ်ပုံ ဆောင်းပါး ဆွေးနွေးပွဲ တက်ရောက်နိုင်

ဗြိတိသျှကောင်စီ(မြန်မာ)က ပထမဆုံး အကြိမ်အဖြစ်ကျင်းပမည့် မြန်မာ့ရုပ်ပုံလွှာ စာပေနှင့် ဓာတ်ပုံ
ဆောင်းပါးလုပ်ငန်းခွင်ဆွေးနွေးပွဲကို ၂၀၁၃ ခုနှစ်၊ ဇန်န၀ါရီလ ၁၄ ရက်မှ ၃၁ ရက်အထိ သုံးပတ်ကြာ
ပြုလုပ်မည်ဖြစ်ပြီး စိတ်ပါဝင်စားသူ မည်သူမဆို အခမဲ့တက်ရောက်နိုင်ရန် ဖိတ်ခေါ်ထားသည်။

အဆိုပါ လုပ်ငန်းခွင်ဆွေးနွေးပွဲသို့ ဗြိတိန်နိုင်ငံမှ ဓာတ်ပုံသတင်းထောက် Nick Danziger နှင့် စာရေး
ဆရာ Rory MacLean တို့က ဦးဆောင် ကျင်းပမည်ဖြစ်ကြောင်း ဗြိတိသျှ ကောင်စီ မြန်မာသံရုံး
သတင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

လုပ်ငန်းခွင်ဆွေးနွေးပွဲသို့ စိတ်ပါဝင်စားသူ မြန်မာနိုင်ငံသားတိုင်း အခမဲ့တက် ရောက်နိုင်ပြီး စာရေး
သား ခြင်းနှင့် ဓာတ်ပုံရိုက်ကူးမှုတို့ကို အသက်မွေးဝမ်းကျောင်းလုပ်ငန်း အနေဖြင့် စိတ်ဝင်စားသူများ
တက် ရောက်နိုင်ကာ တက်ရောက်ခွင့်ပြု မည့်သူ အရေအတွက်မှာ ၁၆ ဦးဖြစ် ကြောင်း သိရသည်။

"လျှောက်ထားတဲ့သူက တကယ် စိတ်ဝင်စားဖို့ပဲ လိုတာပါ။ သင်တန်းက အချိန်ပြည့်သင်တန်းပါ။
ရွေးတာက တော့ အင်္ဂလန်ကဆရာနှစ်ယောက် ကပဲ ရွေးမှာပါ၊ သူတို့(လျှောက်ထားသူ) လက်ရာ၊
စိတ်အားထက်သန်မှု တွေကို အခြေခံပြီး ရွေးပါမယ်"ဟု ဗြိတိသျှကောင်စီ (မြန်မာ)မှ တာဝန်ရှိသူ
တစ်ဦးက တယ်လီဖုန်းမှ တစ်ဆင့် ပြောသည်။

အဆိုပါ လုပ်ငန်းခွင်ဆွေးနွေးပွဲမှ သင်တန်းသားများ၏ အပြီးသတ် လက်ရာများကို ဗြိတိသျှသံရုံးမှ
၂၀၁၃ ခုနှစ်၊ ဖေဖော်ဝါရီလတွင် ကျင်းပမည့် ဧရာဝတီ စာပေပွဲတော်တွင် ခင်းကျင်း ပြသသွားမည်
ဖြစ်ကြောင်း သိရသည်။

လျှောက်လွှာများကို အင်တာနက် လိပ်စာ www.myanmar-network.net သို့မဟုတ် ဗြိတိသျှ
ကောင်စီ (မြန်မာ)၊ အမှတ်(၇၈)၊ ကမ်းနားလမ်း၊ ကျောက်တံတားမြို့နယ်၊ ရန်ကုန်မြို့ တွင် ရယူနိုင်
ပြီး စုံစမ်းမေးမြန်းလိုပါက ဒေါ်ကြည်ကြည်ပြုံး (Program Manager)၊ ဖုန်း -၀၁- ၂၅၄ ၆၅၈၊
၂၅၆၂၉၀၊ ၂၅၆၂၉၁ (လိုင်းခွဲ ၃၃၂၈) သို့ ဆက်သွယ်မေးမြန်းနိုင် ကြောင်း သိရသည်။

သင်တန်းပို့ချမည့်သူတစ်ဦးဖြစ်သည့် Nick Danziger မှာ ဗြိတိန်နိုင်ငံ၏ နာမည်ကျော် ဓာတ်ပုံ
သတင်းထောက် တစ်ဦးဖြစ်ပြီး ၁၉၈၂ ခုနှစ်တွင် Winston Churchill Memorial Fellowship ဆု
ချီးမြှင့်ခံရပြီး ၂၀၀၄ ခုနှစ်တွင် World Press Photo ပထမဆုကို ရရှိခဲ့သည်။

Rory MacLean မှာ ဘီဘီစီ ရေဒီယိုအစီ အစဉ်တွင် ပုံမှန်ရေးသား တင်ဆက် နေသူဖြစ်ပြီး ဝေဖန်
ရေးဆရာလည်း ဖြစ်သည်။

ဤအကြောင်းအရာနှင့် ပက်သက်၍ ထင်မြင်ချက်ပေးလိုပါက ...
[email protected] သို့ ပေးပို့နိုင်ပါသည်။


ရာသီဥတုအခြေအနေ

အကြည့်အများဆုံး - ပြည်တွင်းသတင်း