ဒီချုပ်အဖွဲ့ဝင်ဟောင်းများက လူမှုရေးကွန်ရက် စတင်ဖွဲ့စည်း

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ပါတီ ၀င်ဟောင်းများဖြစ်သည့် ပုသိမ်မြို့နယ်မှ အဖွဲ့ဝင် ၁၀၀ ကျော်
သည် ဒီမိုကရေစီ ကွန်ရက်အမည်ဖြင့် လူမှုရေးအဖွဲ့တစ်ခု ကို ပြီးခဲ့သည့် အောက်တိုဘာလ နောက်
ဆုံးပတ်က စတင်ဖွဲ့စည်းလိုက်ပြီဖြစ် ကြောင်း အဖွဲ့ဝင်တစ်ဦးဖြစ်သူ ဦးညွန့်လှိုင်က အတည်ပြုပြော
သည်။

အောက်တိုဘာလ ၂၇ ရက်နေ့က ပုသိမ်မြို့နယ်၌ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်၏ အလံချပွဲပြု
လုပ်ပြီးနောက် အဖွဲ့ဝင်ဟောင်း ၁၃၂ ဦး ပါဝင်သည့် အဆိုပါအဖွဲ့ကို ဖွဲ့စည်းခဲ့သည်။

အဆိုပါအဖွဲ့က ဒေသတွင်းရှိ လူမှု ရေး၊ ပညာရေး၊ ကျန်းမာရေး အစရှိသည် တို့ကို ကူညီဆောင်
ရွက်ပေးရန် ရည်ရွယ် ထားကြောင်း၊ ထို့ပြင် တောင်သူလယ် သမားများအတွက် လိုအပ်သည်များ
ကို လည်း ဆောင်ရွက်ပေးနိုင်ရန် စီစဉ်မည် ဖြစ်ကြောင်း ပြောသည်။

"ကျွန်တော်တို့အဖွဲ့က တတ်နိုင်သမျှ လူမှုရေးလုပ်ငန်းတွေကို လိုက်ဆောင် ရွက်ပါမယ်။ ကိုယ်မ
တတ်နိုင်ဘူးဆိုရင် တခြားအဖွဲ့တွေနဲ့ ပေါင်းပြီး လုပ်ပေး မယ်"ဟု ဦးညွန့်လှိုင်က ပြောသည်။

ပါတီတွင်း ပဋိပက္ခများကြောင့် ပုသိမ် မြို့နယ်အတွင်းရှိ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ပါတီဝင်
ဟောင်းများ တစ်သုတ် ပြီးတစ်သုတ် နှုတ်ထွက်မည်ဟု သတင်း များထွက်ပေါ်ပြီးနောက်တွင်
ပထမဆုံး အသုတ်အဖြစ် လူဦးရေ ၁၃၂ ဦး စတင် နှုတ်ထွက်ခဲ့ခြင်းဖြစ်သည်။

ယခုနှစ်ကုန်ပိုင်းတွင်ပြုလုပ်ရန် စီစဉ် နေသည့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ပါတီ၏ နိုင်ငံလုံးဆိုင်
ရာညီလာခံ ကျင်းပရန်အတွက် မြို့နယ်အသီးသီးတွင် ညီလာခံကျင်းပရေးကော်မရှင်များကို ဖွဲ့စည်း
ရာမှ အောက်ခြေအဖွဲ့ဝင်များညှိနှိုင်း၍မရသောကြောင့် အဖွဲ့ချုပ် ခေါင်းဆောင်များနှင့် အောက်ခြေ
အဖွဲ့ဝင်များအကြားတွင် မပြေလည်မှုများ ဖြစ်ပေါ်ပြီးနောက် အစုလိုက် နှုတ်ထွက်မှုဖြစ်ပေါ်လာ
သည်။

ဤအကြောင်းအရာနှင့် ပက်သက်၍ ထင်မြင်ချက်ပေးလိုပါက ...
[email protected] သို့ ပေးပို့နိုင်ပါသည်။


ရာသီဥတုအခြေအနေ

အကြည့်အများဆုံး - ပြည်တွင်းသတင်း