ဦးဝင်းတင်ဖောင်ဒေးရှင်းမှ လူပုဂ္ဂိုလ် ၇၈ ဦးအား ကျပ် ၂၇၇ သိန်း ထောက်ပံ့ခဲ့

မြန်မာနိုင်ငံ အကျဉ်းထောင်များအတွင်း ဖမ်းဆီးထိန်းသိမ်းခံနေရဆဲ နိုင်ငံရေး အကျဉ်းသားများ၊
နိုင်ငံရေးအကျဉ်းသား ဟောင်းများနှင့် ၎င်းတို့၏ မိသားစုများ၊ အကူအညီလိုအပ်နေသော ဘ၀တူ
စာနယ်ဇင်းသမားများနှင့် မိသားစုများအား တတ်အားသမျှ ကူညီထောက်ပံ့နိုင်ရန် ဖွဲ့စည်းထူထောင်
ထားသည့် ဟံသာဝတီဦးဝင်းတင် ဖောင်ဒေးရှင်းမှ ပဉ္စမအကြိမ် အလှူငွေပေးအပ်ပွဲနှင့် အလှူရှင်များ
အား ဂုဏ်ပြုပွဲ အခမ်းအနားကို နိုဝင်ဘာ ၁၂ ရက်နေ့ ရွှေဂုံတိုင် တော်ဝင် နှင်းဆီစားသောက်ဆိုင်
ငြိမ်းချမ်းရေး ခန်းမ၌ ကျင်းပခဲ့သည်။

အခမ်းအနားတွင် ဟံသာဝတီဦးဝင်းတင်က အမှာစကားပြောကြားရာတွင် ပြည်တွင်းပြည်ပ အလှူရှင်
များ အားလုံးကို အထူးကျေးဇူးတင်ကြောင်း၊ ပြောကြားခဲ့သည်။

ယခု ပဉ္စမအကြိမ် အလှူငွေ ပေးအပ်ပွဲတွင် ကင်ဆာဝေဒနာ ခံစားနေရသော ပြည်သူ့ခေတ်ဂျာနယ်
အတိုင်ပင်ခံ အယ်ဒီတာ ၀ါရင့်သတင်းစာ ဆရာကြီး မောင်ဝံသ အပါအ၀င် စုစုပေါင်း လူ ပုဂ္ဂိုလ်
၂၇ ဦးအတွက် ထောက်ပံ့ငွေ ကျပ် ၇၅ သိန်းကို ပေးအပ်သွားခဲ့သည်။

ပထမအကြိမ် ထောက်ပံ့ငွေပေးအပ်ပွဲတွင် လက်ရှိနိုင်ငံရေးအကျဉ်းသားသုံးဦး၊ နိုင်ငံရေးအကျဉ်းသား
ဟောင်းနှင့် ဘ၀တူ စာနယ်ဇင်းသမား ငါးဦးတို့အား ထောက်ပံ့ငွေ ၃၄ သိန်း၊ ဒုတိယအကြိမ် တွင်
လက်ရှိနိုင်ငံရေးအကျဉ်းသားနှစ်ဦး နိုင်ငံရေး အကျဉ်းသားဟောင်းနှင့် ဘ၀တူ စာနယ်ဇင်းသမား
ကိုးဦးတို့အား ထောက်ပံ့ငွေ ၄၂ သိန်း နှင့် တတိယအကြိမ်တွင် လက်ရှိနိုင်ငံရေး အကျဉ်းသား
သုံးဦး၊ အကျဉ်းသားဟောင်းနှင့် ဘ၀တူ စာနယ်ဇင်းသမား ၁၂ ဦးတို့အား ထောက်ပံ့ငွေ သိန်း ၆၀၊
စတုတ္ထအကြိမ် တွင် လက်ရှိနိုင်ငံရေးအကျဉ်းသား သုံးဦး၊ နိုင်ငံရေးအကျဉ်းသားဟောင်းနှင့် ဘ၀တူ
စာနယ်ဇင်းသမား ၁၄ဦးတို့ အား ထောက်ပံ့ငွေ ၆၆ သိန်း တို့ ပေးအပ်ခဲ့ပြီး ဖြစ်သည်။

ထို့ကြောင့် ငါးကြိမ်စုစုပေါင်းတွင် လူပုဂ္ဂိုလ် ၇၈ ဦး အတွက် ငွေကျပ် ၂၇၇ သိန်းအား ထောက်ပံ့ပေး
ခဲ့ပြီးဖြစ် ကြောင်း ဖောင်ဒေးရှင်း၏ ထုတ်ပြန်ချက် အရသိရသည်။

ဤအကြောင်းအရာနှင့် ပက်သက်၍ ထင်မြင်ချက်ပေးလိုပါက ...
[email protected] သို့ ပေးပို့နိုင်ပါသည်။


ရာသီဥတုအခြေအနေ

အကြည့်အများဆုံး - ပြည်တွင်းသတင်း