အာဆီယံပညာသင်ဆု မြန်မာနိုင်ငံမှ လေးဦးရရှိ

အထက(၁) ဒဂုံ ကျောင်းမှ နဝမတန်းကျောင်းသူနှစ်ဦးနှင့် ကျောင်းသားတစ်ဦး၊
အထက (၂) လသာမှ တက္ကသိုလ်ဝင်တန်းအောင်မြင်ပြီးသူ ကျောင်းသူတစ်ဦး ရရှိခဲ့သည်။

ပညာသင်ဆုရရှိသူများသည် စင်ကာပူနိုင်ငံရှိ အစိုးရကျောင်းများတွင် Secondary ၃ အတန်းမှ
စတင်တက်ရောက်ရမည်ဖြစ်ကြောင်း Secondary 4 အပြီးတွင် GCE O အဆင့်နှင့် GCE A
အဆင့်စာမေးပွဲကိုဖြေဆိုရမည်ဖြစ်သည်။ အာဆီယံ ပညာသင်ဆုသည်အာဆီယံနိုင်ငံများရှိ
လူငယ်များအချင်းချင်းကူးလူးဆက်သွယ်နိုင်ရန်နှင့် လူငယ်များ၏အရည်အချင်း ဖွံ့ဖြိုး
တိုးတက်စေရန် ပေးအပ်ခြင်းဖြစ်သည်။

လက်ရှိအချိန်အထိ အဆိုပါ ပညာသင်ဆုဖြင့် စင်ကာပူနိုင်ငံသို့ သွားရောက်ပညာသင်ကြားသူ
မြန်မာကျောင်းသား၊ ကျောင်းသူ ၂ဝ ကျော်ရှိပြီဖြစ်ကြောင်း စင်ကာပူသံရုံးမှ သိရသည်။

၂ဝ၁၇ အာဆီယံပညာသင်ဆုအတွက် တိုင်းနှင့်ပြည်နယ်အသီးသီးမှကျောင်းသားပေါင်း ၁,၅၅ဝ ကျော်
ရေးဖြေစာမေးပွဲ ဝင်ရောက်ဖြေဆိုခဲ့သည်ဟု ပညာရေးသုတေသန၊ စီမံကိန်းနှင့် လေ့ကျင့်ရေးဦးစီးဌာနမှ
တာဝန်ရှိသူက ပြောသည်။

ဤအကြောင်းအရာနှင့် ပက်သက်၍ ထင်မြင်ချက်ပေးလိုပါက ...
[email protected] သို့ ပေးပို့နိုင်ပါသည်။


ရာသီဥတုအခြေအနေ

အကြည့်အများဆုံး - ပြည်တွင်းသတင်း