စားသောက်ကုန်လုပ်ငန်းအကြီးစားများတွင် တရားမဝင် ဆိုးဆေး အသုံးပြုထားခြင်းမရှိဟု အက်ဖ်ဒီအေတာဝန်ရှိသူပြော

 နေပြည်တော်တွင် ကျင်းပပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲ၌ ညွှန်ကြားရေးမÈးချုပ် ဒေါက်တာသန်းထွဋ် ပြောကြားနေစဉ်။ ပြည့်သက်ဖြိုး/ မြန်မာတိုင်း(မ်)နေပြည်တော်တွင် ကျင်းပပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲ၌ ညွှန်ကြားရေးမÈးချုပ် ဒေါက်တာသန်းထွဋ် ပြောကြားနေစဉ်။ ပြည့်သက်ဖြိုး/ မြန်မာတိုင်း(မ်)

မြန်မာနိုင်ငံ၌ ထုတ်လုပ်လျက်ရှိသည့် စားသောက်ကုန်လုပ်ငန်း အကြီးစားများတွင် တရားမဝင်
ဆိုးဆေး လုံးဝအသုံးပြုထားခြင်း မရှိကြောင်း အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေးဦးစီးဌာန၊
ညွှန်ကြားရေးမှူးချုပ် ဒေါက်တာသန်းထွဋ်က ယခုလ ၁ဝ ရက်တွင် ပြောသည်။

''လုပ်ငန်းအကြီးတွေကတော့ တရားမဝင် ဆိုးဆေးတွေသုံးတာ လုံးဝမတွေ့ရပါဘူး။ ကျွန်တော်တို့
အမျိုးမျိုး စစ်တဲ့အခါမှာ မတွေ့ရပါဘူး။ နယ်စပ်တွေကဝင်တဲ့ ဟာတွေမှာ တချို့တွေ့ရပါတယ်၊
အမည်ဖော်မရတဲ့ လုပ်ငန်းအသေးလေးတွေ လုပ်တဲ့အခါမှာတော့ နည်းနည်းပါးပါးရှိနိုင်ပါတယ်''ဟု
နေပြည်တော်တွင်ပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲတွင် ဒေါက်တာသန်းထွဋ်က ပြောသည်။

စားသောက်ကုန်ထုတ်လုပ်သည့် ကုမ္ပဏီကြီးများသည် နာမည်ပျက်မည်ကို စိုးရိမ်ခြင်းကြောင့်
တရားမဝင်ဆိုးဆေးများကို ထည့်သွင်းအသုံးပြုခြင်းမရှိဘဲ တစ်ပိုင်တစ်နိုင်လုပ်ကိုင်သည့်
စားသောက်ကုန်လုပ်ငန်းများတွင်သာ ဆိုးဆေးသုံးစွဲမှု များပြားနေသည်ကို တွေ့ရသည်ဟု
ဆိုသည်။

''တရုတ်ပြည်ကဝင်တဲ့ စားသောက်ကုန်တွေမှာ ဆိုးဆေးတွေပါတယ်လို့ ဆိုပါတယ်။ ကျွန်တော်တို့
စစ်တဲ့အခါမှာတော့ တရုတ်ပြည်တင် မဟုတ်ပါဘူး။ မြန်မာပြည်က ထုတ်တာတွေမှာလည်း ဆိုးဆေးတွေ
ပါတယ်။ သို့သော်လည်းပဲ အခုတော့ ကျွန်တော်တို့ လိုက်ထိန်းတဲ့အတွက် ဆိုးဆေးပါဝင်မှု
လျော့နည်းလာပါပြီ။ ကုမ္ပဏီအကြီးတွေရဲ့ အရည်အသွေးမှာတော့ ဆိုးဆေးတွေသုံးတာ
လုံးဝမတွေ့ရပါဘူး။ FDA ကခွင့်ပြုတဲ့ တရားဝင် ဆိုးဆေးတွေကိုပဲ သုံးတာကို တွေ့ရပါတယ်'' ဟု
ဒေါက်တာသန်းထွဋ်က ပြောသည်။

အစားအသောက်နှင့် ဆေးဝါးကွပ်ကဲမှုဦးစီးဌာန၏ နေပြည်တော်တွင်တည်ရှိသည့် ဆေးဝါး
ဓာတုဓာတ်ခွဲခန်းကို ဒီဇင်ဘာလအတွင်းက အမေရိကန်အခြေစိုက် ANSI ASQ National
Accreditation Board( ANAB)က နိုင်ငံတကာအသိအမှတ်ပြု ISO ^IEC17025:2005
Accreditation လက်မှတ်ကို ပေးအပ်ခဲ့ပြီး နိုင်ငံပိုင်ဆေးဝါးဓာတုဓာတ်ခွဲခန်းအဖြစ် ပထမဆုံးအကြိမ်
နိုင်ငံတကာ အသိအမှတ်ပြု လက်မှတ်ရရှိခဲ့သည်။

ဓာတ်ခွဲခန်းမှ ဓာတ်ခွဲရရှိသည့်အဖြေများသည် နိုင်ငံတကာ၏ ယုံကြည်မှုရရှိခဲ့ခြင်းကြောင့် ယခုကဲ့သို့
အသိအမှတ်ပြုလက်မှတ်ရရှိခြင်းဖြစ်ပြီး ဆေးဝါးအတုများ၊ စံချိန်မမီဆေးဝါးအတုများကို မှန်ကန်စွာ
ဖော်ထုတ်နိုင်မည်ဟု အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေးဦးစီးဌာန၏ ထုတ်ပြန်ချက်အရ
သိရသည်။

အဆိုပါ ဆေးဝါးဓာတုဓာတ်ခွဲခန်း(နေပြည်တော်)သည် ဈေးကွက်အတွင်း ဖြန့်ဖြူးမည့် စားသောက်ကုန်
ပစ္စည်းများကို စစ်ဆေးခြင်း၊ တိုင်ကြားသည့် စားသောက်ကုန်ပစ္စည်းများကိုစစ်ဆေးခြင်းနှင့်
အများပြည်သူများအတွက် ထိခိုက်နစ်နာစေမည့် စားသောက်ကုန်ပစ္စည်းများကို စစ်ဆေးခြင်း
စသည့်ကိစ္စများကို ဆောင်ရွက်ပေးလျက်ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

''ပုံမှန်အားဖြင့်တော့ မှတ်ပုံတင်ဖို့ လျှောက်တဲ့ကိစ္စတွေ၊ ပြည်ပက ကုန်ပစ္စည်းတင်သွင်းဖို့
လျှောက်တဲ့ကိစ္စတွေ၊ ဈေးကွက်ကို ကျွန်တော်တို့ လိုက်ထောက်လှမ်းပြီးတော့ စစ်တဲ့ကိစ္စတွေကို
အဓိကလုပ်တယ်။အများပြည်သူ ထိခိုက်နစ်နာစေတဲ့ ကိစ္စတွေကို စစ်ဆေးပေးဖို့ အသင့်ပါပဲ'' ဟု
ဒေါက်တာသန်းထွဋ်က ပြောသည်။

သို့သော် နယ်စပ်ကတစ်ဆင့် တရားမဝင် ဝင်ရောက်လာသည့် စားသောက်ကုန်ပစ္စည်းများတွင်ကို
စစ်ဆေးနိုင်မှုအားနည်းပြီး ယင်းစားသောက်ကုန်များတွင် တရားမဝင် ဆိုးဆေးများ အများဆုံး
ပါဝင်နေမှုကို အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေးဦးစီးဌာနအနေဖြင့် ဖမ်းဆီးနိုင်ခြင်း
မရှိသေးကြောင်း ဒေါက်တာသန်းထွဋ်က ပြောသည်။

''နိုင်ငံခြားကနေ နယ်စပ်ကတစ်ဆင့် မထိန်းနိုင်မသိမ်းနိုင် တရားမဝင် စားသောက်ကုန်တွေမှာတော့
ဆိုးဆေးတွေပါတာ တွေ့ရပါတယ်။ ဒါပေမဲ့ နယ်စပ်မှာ သွားဖမ်းဖို့ကျတော့ ကျွန်တော်တို့က
ဘယ်ဖမ်းလို့ရမှာလဲ။ စစ်တပ်တောင် သွားဖမ်းလို့မရတဲ့ကိစ္စကျွန်တော်တို့က ဘယ်ဖမ်းလို့ရမှာလဲ။
ပြည်တွင်းမှာတော့ တစ်ယောက်စ၊ နှစ်ယောက်စလေးတွေရှိပါတယ်။ ဆိုင်တွေကတော့
ဆိုးဆေးတွေ ရောင်းမှာပဲ။ အဲဒါတွေကို မျှစ်လို လုပ်ငန်းအသေးတွေက သုံးတာပေါ့။ တကယ့်
လုပ်ငန်းအကြီးတွေကတော့ မသုံးကြပါဘူး။ အဲဒီအတွက် ကျွန်တော်တို့က များများပညာပေးရမယ်'' ဟု
၎င်းက ပြောသည်။

ဤအကြောင်းအရာနှင့် ပက်သက်၍ ထင်မြင်ချက်ပေးလိုပါက ...
[email protected] သို့ ပေးပို့နိုင်ပါသည်။


ရာသီဥတုအခြေအနေ

အကြည့်အများဆုံး - ပြည်တွင်းသတင်း