Monday, April 24, 2017

ရခိုင်ပြည်နယ်အတွင်းတွင် ယခင်နှစ်ကထက် သင်္ကြန်မှုခင်းတိုးလာသော်လည်း ဒဏ်ရာရရှိသူနှင့်သေဆုံးသူ နည်းပါး

ရခိုင်ပြည်နယ်အတွင်းတွင်သင်္ကြန်ကာလ (ဧပြီ ၁၃ ရက်မှ ၁၆ ရက်အထိ)ရေကစားစဉ် ဖြစ်ပွားသည့်
သင်္ကြန်မှုခင်းမှာ ယခင်နှစ် ကထက် တိုးလာသော်လည်း သေဆုံးသူနှင့် ဒဏ်ရာရရှိသူများမှာ
နည်းပါးခဲ့ကြောင်း ပြည်နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးကြီးစိန်လွင်က ပြောသည်။

“မနှစ်ကထက်သင်္ကြန်မှုခင်း ၅မှုတိုးလာပေမယ့် သေဆုံးသူ ကတော့ ၁ ဦးပဲ ရှိခဲ့ပါတယ်။
ဒါဏ်ရာရရှိသူကလည်း မနှစ်ကထက် အများကြီးလျော့ကျသွားပါတယ်”ဟု ရဲမှူးကြီးစိန်လွင်က
ဆိုသည်။

၂၀၁၆ ခုနှစ်တွင် သင်္ကြန်မှုခင်း ၇ ခုမှုရှိခဲ့ပြီး သေဆုံးသူ ၇ ဦးနှင့် ဒဏ်ရာရရှိသူ ၄၈ ဦး
ထိရှိခဲ့ကြောင်း၊ ယခုနှစ်တွင်မှု သင်္ကြန်မှုခင်း ၁၂ မှုရှိခဲ့ပြီး သေဆုံးသူ ၁ ဦးနှင့် ဒဏ်ရာရရှိသူ
၃၁ ဦးရှိကြောင်း ပြည်နယ်ရဲတပ်ဖွဲ့မှူး ရုံးမှ စာရင်းများအရ သိရသည်။ သင်္ကြန်ကာလအတွင်း
သင်္ကြန်မှုခင်းအပါအဝင် သာမန်ဖြစ်ပွားတတ်သောမှုခင်းစုစုပေါင်း ၄၄ မှုဖြစ်ပွားခဲ့ပြီး သေဆုံးသူ
၁၅ ဦးနှင့် ဒဏ်ရာရရှိသူ ၆၅ ဦးရှိခဲ့ရာ ယင်းအမှုများထဲတွင် ယာဉ်တိုက်မှုမှာ အများဆုံးဖြစ်ကြောင်း
ရဲမှူးကြီးစိန်လွင်က ဆိုသည်။ သင်္ကြန်ကာလအတွင်း မှုခင်းလျော့ကျစေရေးအတွက် သင်္ကြန်
မကျမီတစ်လအလိုကပင် စတင်ဆောင်ရွက်ခဲ့ကြောင်း၊ သင်္ကြန်ကာအတွင်းတွင်လည်း
ရေပက်ခံကားများတွင် တုတ်၊ ဓါး၊ လက်နက်များကိုင်ဆောင်မှုရှိမရှိ စစ်ဆေးခြင်း၊ လူစည်ကားသော
နေရာများတွင် လုံခြုံရေးတင်းကြပ်စွာ ချထားပေးခြင်း၊ ညအချိန်တွင်လည်း လှည့်ကင်း
ပတ်ကင်းများဖြင့် အထူးကြပ်မတ်ဆောင်ရွက်ခြင်းများ ဆောင်ရွက်ခဲ့ကြောင်း ရဲမှူးကြီးစိန်လွင်၏
ပြောပြချက်အရ သိရသည်။

ဤအကြောင်းအရာနှင့် ပက်သက်၍ ထင်မြင်ချက်ပေးလိုပါက ...
[email protected] သို့ ပေးပို့နိုင်ပါသည်။


ရာသီဥတုအခြေအနေ

အကြည့်အများဆုံး - ပြည်တွင်းသတင်း