သတင်းတိုများ

ဝိနည်းစာပြန်ပွဲ ကျင်းပမည်

ရန်ကုန်တောင်ပိုင်းခရိုင် သုဓမ္မာနိကာယ ၀ိနည်းစာပြန်ပွဲကြီးကို ယခုလ ၂၃ ရက်နေ့မှ ၂၆ ရက်နေ့
အထိ ရွှေတိဂုံစေတီ၌ ကျင်းပသွားမည်ဖြစ်ကြောင်း ရွှေတိဂုံ ဂေါပကအဖွဲ့ရုံးမှ သတင်းပြန်ကြားရေး
တာဝန်ခံ ဦးသောင်းညွန့်က ပြောသည်။

မြို့နယ်အများအပြားမှ သံဃာတော် ၉၅ ပါး၊ ကော့မဈးမြို့မှ ထေရ်ကြီးဝါကြီး ၁၀၅ ပါး၊ စာပြန်သံဃာ
၆၀၀၊ စုစုပေါင်းအပါး ၈၀၀ ခန့် ကြွရောက်မည်ဖြစ်ကြောင်း ၎င်းကပြောသည်။

စာပြန်ပွဲအား ယခုလ ၂၃ ရက်နေ့ မွန်းတည့် ၁၂ နာရီတွင် ဖွင့်ပွဲအခမ်းအနားကျင်းပပြီး ၂၆ ရက်နေ့
မွန်းလွဲ ၂ နာရီတွင် ရေစက်ချကာ အခမ်းအနား ပြီးဆုံးမည်ဖြစ်သည်။

ရွှေကူသစ္စာ


မလေးရှားပညာရေးဆွေးနွေးပွဲ

မလေးရှားနိုင်ငံ INTI International University College မှ ဇန်န၀ါရီလ ၂၃ ရက်နေ့တွင် One To
One Counsellig ကို Jenko Group of Educare Services အမှတ် ၄၅၉(ဘီ)၊ အခန်း(၃-ဒီ)၊
တက္ကသိုလ်ရိပ်သာလမ်းသစ်၌ ပြုလုပ်မည်ဖြစ်ကာ အသေးစိတ် သိရှိလိုပါက ဖုန်း ၀၉၅၀ ၆၂၈၉၁၊
၀၉၄၃၀ ၇၀၃၉၂ သို့ ဆက်သွယ် နိုင်ပါသည်။

ယွန်းနှင်း

ဤအကြောင်းအရာနှင့် ပက်သက်၍ ထင်မြင်ချက်ပေးလိုပါက ...
[email protected] သို့ ပေးပို့နိုင်ပါသည်။


ရာသီဥတုအခြေအနေ

အကြည့်အများဆုံး - ပြည်တွင်းသတင်း