မန်တုံမြို့တွင် ပထမအကြိမ် တအာင်း(ပလောင်) လူငယ်များ နှီးနှောဖလှယ်ပွဲ ကျင်းပ

တအာင်း(ပလောင်) လူငယ်မောင်မယ်များ နှီးနှောဖလှယ်ပွဲသို့ တက်ရောက်လာသည့် လူငယ်များ။ သန်းနိုင်စိုး/မြန်မာတိုင်း(မ်)တအာင်း(ပလောင်) လူငယ်မောင်မယ်များ နှီးနှောဖလှယ်ပွဲသို့ တက်ရောက်လာသည့် လူငယ်များ။ သန်းနိုင်စိုး/မြန်မာတိုင်း(မ်)

ရှမ်းပြည်နယ်မြောက်ပိုင်း မန်တုံမြို့တွင် ပထမအကြိမ် တအာင်း(ပလောင်) လူငယ်မောင်မယ်များ
နှီးနှောဖလှယ်ပွဲ ကို မတ်လ ၁၈ ရက်နေ့မှ ၂၀ ရက်နေ့ အထိ ကျင်းပခဲ့သည်။

"မန်တုံမှာ နှီးနှောဖလှယ်ပွဲလုပ်ဖြစ်တဲ့ ရည်ရွယ်ချက်ကတော့ တအာင်းစာပေနဲ့ ယဉ်ကျေးမှုညီလာခံ
ကို အားဖြည့်ကူညီ ပေးနိုင်ဖို့ဆိုတဲ့ ရည်ရွယ်ချက်လည်းပါတယ်။ အဓိကက ကျွန်တော်တို့လူငယ်
တွေ ဒီလိုတွေ့ဆုံဖို့ဆိုတာ တော်တော် ခဲယဉ်းပါတယ်။ ရှမ်းပြည်နယ်တောင်ပိုင်းနဲ့ မြောက်ပိုင်း
တစ်နေရာစီ နေကြတယ်။ တော်တော်ဝေးကွာတဲ့နေရာမှာ နေကြတဲ့အခါ ကျွန်တော်တို့လူငယ်တွေ
တစ်ယောက်နဲ့တစ်ယောက် သိကြခင်ကြ ဖို့ဆိုတာ မလွယ်ပါဘူး။ ဒီပွဲလုပ်တဲ့ ရည်ရွယ်ချက်က
အဲဒါလည်းပါတယ်။ သူတို့ တွေအချင်းချင်း သိကြခင်ကြမယ်။ နောက်ပိုင်း ဒေသဖွံ့ဖြိုးရေးတွေ၊
လူမှု ဖွံ့ဖြိုးရေးတွေ၊ နိုင်ငံဖွံ့ဖြိုးရေးလုပ်ငန်းတွေ လုပ်ဆောင်လာကြတဲ့အခါ ဒီလူငယ်တွေ အချင်း
ချင်း လက်တွဲပူးပေါင်းပြီး လုပ်ဆောင်လာနိုင်တယ်။ နောက်ထပ် မူးယစ်ဆေးဝါးနဲ့ပတ်သက်တဲ့ကိစ္စ
တွေ မှာ ကျွန်တော်တို့တွေ ဘယ်အပိုင်းတွေမှာ လုပ်ဆောင်နိုင်မလဲ။ လူငယ်ဘက်စုံ ဖွံ့ဖြိုးရေးတွေ
ဖြစ်လာအောင် ခေါင်းဆောင်မှု၊ နိုင်ငံရေး၊ လူ့အခွင့်အရေး စသဖြင့် ဒီအပိုင်းတွေကို လူငယ်တွေ
ပိုပြီး မြင်လာအောင်၊ သိလာအောင်၊ ပိုပြီးလုပ်ချင်တဲ့စိတ်တွေ ရှိလာအောင်ဆိုပြီး နှီးနှောဖလှယ်ပွဲကို
လုပ်ကြတာပါ"ဟု မြန်မာနိုင်ငံတအာင်း(ပလောင်)လူငယ်များအဖွဲ့ချုပ် ဒုတိယဥက္ကဋ္ဌ မိုင်းဝင်းထူး
က ပြောသည်။

နှီးနှောဖလှယ်ပွဲအတွင်း ဒေသအလိုက်၊ မျိုးနွယ်စုအလိုက် ယဉ်ကျေးမှု နှင့် ဓလေ့ထုံးတမ်းများအား၊
တအာင်း စာပေနှင့် ယဉ်ကျေးမှုကော်မတီဖြစ်ပေါ် လာပုံ၊ တအာင်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ဒေသ၊
လက်ရှိမြန်မာနိုင်ငံနှင့် တအာင်း နိုင်ငံရေး၊ မူးယစ်ဆေးဝါး၊ ပညာရေး၊ ကျန်းမာရေး၊ အနုပညာ၊
ဘာသာရေး၊ ဘက်စုံဖွံ့ဖြိုးတိုးတက်ရေးအကြောင်း များကို ဆွေးနွေးဖလှယ်ခဲ့သည်။

"တအာင်းအမျိုးသားနေ့ကို ဘယ်နေ့ ဖြစ်သင့်တယ်၊ ဘာကြောင့်ဖြစ်သင့်တယ် ဆိုတာကိုလည်း
ဆွေးနွေးတယ်။ နောက်ပြီး တအာင်းအမျိုးသား၊ အမျိုးသမီးတွေ ရဲ့ရှေ့မှာထည့်သုံးသင့်တဲ့
ဝေါဟာရတွေ ကိုလည်း ဆွေးနွေးတယ်။ လာမယ့် (၁၀)ကြိမ်မြောက် တအာင်းစာပေနဲ့ ယဉ်ကျေးမှု
ညီလာခံမှာ လူငယ်အဖွဲ့ချုပ်က တင်သွင်းမယ့် အဆိုပြုချက်တွေကို ဆွေးနွေးခဲ့ပါတယ်"ဟု
အတွင်းရေးမှူး မိုင်းနိုင်နိုင်ဦး က ပြောသည်။

ပထမအကြိမ် မြန်မာနိုင်ငံလုံးဆိုင်ရာ တအာင်း(ပလောင်) လူငယ်မောင်မယ်များ နှီးနှောဖလှယ်ပွဲကို
တက်ရောက် ခြင်းဖြင့် မိမိဒေသအပြင် အခြားဒေသများတွင်ပါ တအာင်းလူမျိုးများ ပျံ့နှံ့ နေထိုင်
ကြောင်းကို သိရှိလာကြောင်း ရှမ်းပြည်နယ်တောင်ပိုင်း နမ့်စန်မြို့နယ်မှ တက်ရောက်လာသူက
ပြောသည်။

"ကျွန်မတို့ ရှမ်းပြည်တောင်ပိုင်းဘက် က ဒီလိုအဖွဲ့အစည်းတွေရှိတယ်ဆိုတာ မသိဘူး။ ဆက်စပ်မှု
လည်းမရှိဘူး။ သူတို့လည်း ကျွန်မကိုမသိဘူး။ ကျွန်မလည်း သူတို့ကို မသိဘူး။ နောက်ပိုင်း အမျိုး
သမီး အဖွဲ့တွေကစုပြီး ကျွန်မတို့ကို မိတ်ဆက်ပြီး သင်တန်းပေးတယ်။ သင်တန်းတက်ပြီး သူတို့နဲ့
သိသွားတယ်။ သိသွားတဲ့အခါကျတော့ နောက်ပိုင်း တအာင်းလူငယ်များအဖွဲ့ချုပ်ကို ခေါ်လာ
တယ်။ အရမ်းဝမ်းသာတယ်။ အရင်တုန်းက တောင်ပိုင်းမှာနေတော့ ကိုယ့်ကိုယ်ကိုယ် ပလောင်
သီးသန့်ဆိုတာ ကိုယ်ပဲရှိတယ်လို့ ထင်နေတာလေ။ လူမှုရေး စသဖြင့် ဘယ်နေရာမှာမဆို အကုန်
လုံး နည်းနည်းနိမ့်ကျသွားတယ်။ ဒီဘက်က အင်အားနဲ့ပေါင်းလိုက်တော့ တကယ် အရမ်းဝမ်းသာ
တယ်။ ပျော်လည်းပျော်တယ်။ အားရှိလာတယ်"ဟု နမ့်စန်မြို့နယ်မှ လွေစိုင်လောင်က ပြောသည်။

အဆိုပါ တအာင်းလူငယ်မောင်မယ်များ နှီးနှောဖလှယ်ပွဲသို့ နမ့်စန်မြို့နယ်၊ ကလောမြို့နယ်၊
ရပ်စောက်မြို့နယ်၊ ကွတ်ခိုင်မြို့နယ်၊ လားရှိုးမြို့နယ်၊ နမ္မတူမြို့နယ်၊ နမ့်ဆန်မြို့နယ်၊ ကျောက်မဲမြို့
နယ်၊ သီပေါမြို့နယ်၊ မန်တုံမြို့နယ်တို့မှ လူငယ်ကိုယ်စားလှယ် ၅၀ ခန့် တက် ရောက်ခဲ့ကြောင်း၊
တအာင်းလူမျိုးစု ၁၃ စု ရှိကြောင်းနှင့် မြန်မာနိုင်ငံတွင် တအာင်း လူမျိုး သုံးသိန်းခန့်ရှိမည်ဟု
ခန့်မှန်းထား ကြောင်း သိရသည်။

"မြန်မာနိုင်ငံလုံးဆိုင်ရာ တအာင်း လူငယ်မောင်မယ်များ နှီးနှောဖလှယ်ပွဲကိုတော့ ပထမဆုံးအကြိမ်
အနေနဲ့ လုပ် ဖြစ်သွားပြီ။ အခွင့်အလမ်းကြုံတာနဲ့ နှီးနှောဖလှယ်ပွဲတွေကို အကြိမ်ကြိမ် ပြုလုပ်သွား
ဖို့ ရည်ရွယ်ထားပါတယ်"ဟု မိုင်းဝင်းထူးက ပြောသည်။

မြန်မာနိုင်ငံ တအာင်း(ပလောင်) လူငယ်များအဖွဲ့ချုပ်ကို ၂၀၁၂ ခုနှစ်၊ စက်တင်ဘာလ ၉ ရက်နေ့မှ
၁၀ ရက်နေ့ အထိ လားရှိုးမြို့နယ် နမ့်စန်ရွာတွင် ကျင်းပပြုလုပ်သော လူငယ်ညီလာခံ အပြီးတွင်
ဖွဲ့စည်းခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ဤအကြောင်းအရာနှင့် ပက်သက်၍ ထင်မြင်ချက်ပေးလိုပါက ...
[email protected] သို့ ပေးပို့နိုင်ပါသည်။


ရာသီဥတုအခြေအနေ

အကြည့်အများဆုံး - ပြည်တွင်းသတင်း