ညောင်ပင်သာ၌ မီးသတ်ကား ရရှိရေးအတွက် ဆောင်ရွက်မည်

အိမ်ခြေ ၂၀၀၀ ခန့်ရှိသည့် ညောင်ပင်သာမြို့တွင် မီးသတ်ကား မရှိသည့်အတွက် မီးသတ်ကား
ရရှိရေး စီစဉ်ပေးသွားမည်ဟု ပြည်သူ့လွှတ်တော်အမတ် ဒေါ်အောင်ဆန်းစုကြည်က လူထုနှင့်
တွေ့ဆုံရာတွင် ပြောသည်။

၎င်း၏ ပဲခူးခရီးစဉ်အတွင်း လူထု နှင့် တွေ့ဆုံရာတွင် လူထုက အခက်အခဲများကို တင်ပြတောင်းဆို
ကြရာ ကညွှတ်ကွင်းမြို့နှင့် ငါးမိုင်ခန့်အကွာရှိ ညောင်ပင်သာမြို့တွင် မီးသတ်ကား မရှိဟု တင်ပြ
လာကြခြင်းဖြစ်သည်။

"ကျွန်တော်တို့ ညောင်ပင်သာဒေသမှာ မီးသတ်ကားမရှိပါဘူး။ ရေပုံးတွေနဲ့ပဲ လောင်းကြရပါတယ်"
ဟု မြို့နယ်မီးသတ်တပ်ဖွဲ့ဝင် တစ်ဦးက မတ်လ၂၃ ရက်နေ့ လူထုတွေ့ဆုံပွဲတွင် ပြောသည်။

"မီးသတ်ကားမရှိဘူးလား။ မီးသတ်ကားရအောင် လုပ်ပေးပါ့မယ်"ဟု ဒေါ်အောင်ဆန်းစုကြည် က
ပြန်လည်ဖြေကြားသည်။

"ပုံးတွေနဲ့ ဘယ်လောက်ပဲ ၀ိုင်းပက်ကြတယ်ပြောပြော မီးသတ်ကားတော့ ရှိစေချင်တယ်။ အကြီး
အကျယ်လောင်တာမျိုး မရှိပေမယ့် ဒီလို အရမ်းပူလာတာမို့ စိုးရိမ်မိတယ်"ဟု ဒေသခံအမျိုးသမီး
တစ်ဦးက ပြောသည်။

အဆိုပါ ညောင်ပင်သာမြို့ရှိ တောင်သူ ၂၅၀ ၏ လယ်ယာမြေ သိမ်းဆည်းခံရသည့် တောင်သူများ
က ကူညီကယ်တင်ပေးရန် ဖော်ပြ တောင်းဆိုမှု ပြုလုပ်ခဲ့ကြသည်။

"တောင်သူတွေကိုလည်း မှာချင်ပါတယ်။ လွှတ်တော်ကို တင်ပြတဲ့ အခါမှာ တောင်သူတွေဘက်
ကလည်း မှန်ကန်ဖို့လိုပါတယ်။ ဘယ်အချိန်မှာ ဘယ်တုန်းက ဘယ်လိုသိမ်း ခဲ့တယ်ဆိုတာ
အတိအကျ တင်ပြကြပါ"ဟု ဒေသခံတောင်သူများအား တရားဥပဒေစိုးမိုးရေးကော်မတီ ဥက္ကဋ္ဌ
လည်းဖြစ်သည့် ဒေါ်အောင်ဆန်းစုကြည်က ပြောသည်။

ဤအကြောင်းအရာနှင့် ပက်သက်၍ ထင်မြင်ချက်ပေးလိုပါက ...
[email protected] သို့ ပေးပို့နိုင်ပါသည်။


ရာသီဥတုအခြေအနေ

အကြည့်အများဆုံး - ပြည်တွင်းသတင်း