၄၈ လမ်း မီးလောင်မှု ရှို့မီးမဟုတ်ဟုဆို

ရန်ကုန်မြို့၊ ၄၈ လမ်း မီးလောင်မှုတွင် တွေ့ရှိခဲ့ရသည့် သက်သေခံပစ္စည်းတစ်ခုကို ရဲအရာရှိတစ်ဦးက သတင်းစာရှင်းလင်းပွဲ၌ ပြသနေစဉ်။ အောင်ဌေးလှိုင်/မြန်မာတိုင်း(မ်)ရန်ကုန်မြို့၊ ၄၈ လမ်း မီးလောင်မှုတွင် တွေ့ရှိခဲ့ရသည့် သက်သေခံပစ္စည်းတစ်ခုကို ရဲအရာရှိတစ်ဦးက သတင်းစာရှင်းလင်းပွဲ၌ ပြသနေစဉ်။ အောင်ဌေးလှိုင်/မြန်မာတိုင်း(မ်)

ဧပြီလ ၂ ရက်နေ့ နံနက်စောပိုင်းက ဗိုလ်တထောင်မြို့နယ်ရှိ အစ္စလာမ်ဘာသာရေး အခေါ်အဝေါ်
အရ ဘာသာရေး အာဂုံဆောင် ကျောင်းဖြစ်သော ကိုရ်အာန်ဟာဖိဇ်အာဂုံ ဆောင်ကျောင်း
မီးလောင်ရာတွင် ကျောင်းအတွင်း ကျောင်းအိပ်ကျောင်းစားထားရှိသော အသက် ၁၀ နှစ်မှ ၁၅ နှစ်
အတွင်း ယောက်ျား ကလေး ၁၃ ဦး အသက်ဆုံးရှုံးခဲ့ရသည်။

မီးလောင်မှုမှာ ပြင်ပမှ မသမာသူများက လာရောက်ရှို့သွားခဲ့သည့်မီးဖြစ်သည်ဟု ပြင်ပတွင်
ကောလာဟလများနှင့် စိုးရိမ်ပူပန်မှုများလည်းရှိခဲ့ရာ ရန်ကုန်တိုင်းဒေသကြီး ၀န်ကြီးချုပ် ဦးမြင့်ဆွေ
နှင့် သက်ဆိုင်ရာတာဝန်ရှိသူများက မီးလောင်ကျွမ်းရသည့် အကြောင်းရင်းနှင့် ပတ်သက်ပြီး
စစ်ဆေးတွေ့ရှိချက်များကို ရှင်းလင်းတင်ပြခဲ့သည်။

မီးလောင်မှုမှာ ရှို့မီးကြောင့်မဟုတ်ဘဲ မီးအား မြှင့်စက် အပူလွန်ကဲရာမှ စတင်လောင် ကျွမ်းခဲ့ခြင်း
ဖြစ်ကြောင်း ဦးမြင့်ဆွေက ဧပြီလ ၂ ရက်နေ့ ညနေပိုင်းတွင် ပြုလုပ်ခဲ့သည့် သတင်းစာရှင်းလင်းပွဲ၌
အတည်ပြုခဲ့သည်။

၄၈ လမ်းအထက်ရှိ ဗလီနှင့် ကျမ်းစာသင်ကျောင်းတွင် နံနက် ၂ နာရီခွဲခန့်က မီးစတင်လောင်ကျွမ်း
ခဲ့သည့်အတွက် အိပ်ပျော်နေသည့် ကျောင်းသား ၁၃ ဦး မှာ မီးလောင်ဒဏ်ရာ၊ မီးခိုးမွှန်ဒဏ်ရာ
တြို့ဖင့် အိပ်လျက် သေဆုံးခဲ့ခြင်းဖြစ် ကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့က ထုတ်ပြန်ခဲ့သည်။

အဆိုပါကျောင်းမှာ အစ္စလာမ် ဘာသာဝင် ယောက်ျားကလေးများ ကျောင်းအိပ်ကျောင်းစားအဖြစ်
နေထိုင်၍ ကိုရ်အာန်ကျမ်းစာအား အာဂုံဆောင် နိုင်ရန် သင်ကြားပေးသောကျောင်း ဖြစ်သည်။

မီးလောင်မှုဖြစ်ပွားစဉ် အပေါ်ထပ်တွင် သေဆုံးခဲ့သည့် ကလေးငယ် ၁၃ ဦး အပြင် အောက်ထပ်တွင်
ကလေးငယ် ၅၈ ဦးနှင့် ဗလီတာဝန်ခံနှစ်ဦး ရှိနေခဲ့ပြီး ကလေး ၁၃ ဦးရှိသည့် အပေါ်ထပ်သို့ တက်ရန်
တစ်ခုတည်းသောလှေကား အောက်ရှိ မီးအားမြှင့်စက်မှ စတင် လောင်ကျွမ်းခဲ့ခြင်းဖြစ်သည်ကို
စစ်ဆေး တွေ့ရှိရသည်ဟု ဦးမြင့်ဆွေက ပြောကြားသည်။

"မီးလောင်နေတဲ့အချိန်မှာ အစောင့် တွေက ကလေးတွေကို တံခါးမဖွင့်ပေးခဲ့ဘူး။ မီးသတ်တပ်ဖွဲ့
တွေ ရောက်ပြီးမှ အခြားကလေးတွေ လွတ်သွားတာ"ဟု ၎င်းက ပြောသည်။

ကလေးငယ်များရှိသည့် အပေါ်ထပ်ကို သော့နှစ်ထပ်ခတ်ထားသည့် အပြင် ယင်းအဆောက်အအုံရှိ
ပြတင်းပေါက်များကိုလည်း သံဆန်ခါ၊ သံတိုင်များနှင့် ကာရံထားသဖြင့် ကလေးငယ်များ အပြင်
မထွက်နိုင်ဘဲ သေဆုံးခဲ့ခြင်းဖြစ်ကာ တံခါးသော့မှာလည်း ဗလီစောင့်သူများထံတွင်ရှိကြောင်း
ဦးမြင့်ဆွေက ပြောသည်။

မီးလောင်မှုကြောင့် ထပ်ခိုးအတက် အဆင်း လှေကားလက်ရမ်း၊ ထပ်ခိုးကြမ်းခင်းနှင့် သစ်သား
ပြတင်းပေါက်များ မီးလောင်ကျွမ်းခဲ့သည်။

"ဗလီက တာဝန်ရှိသူ ၀န်ခံထားတဲ့ အသံဖိုင်တွေလည်း ရှိတယ်။ ဗီဒီယိုမှတ်တမ်းလည်း တင်ထား
တယ်"ဟု ဧပြီလ ၂ ရက်နေ့က ပြုလုပ်ခဲ့သည့် သတင်းစာရှင်းလင်းပွဲတွင် ရဲမှူးကြီး ၀င်းနိုင်က ပြော
သည်။

မီးလောင်မှုမှာ မီးအားမြှင့်စက် အပူလွန်ကဲပြီး မီးစတင်လောင်ခဲ့ရာ ယင်းမီးအားမြှင့်စက်နှင့် အနီးဆုံး
တွင် အိပ်ပျော်လျက်ရှိသည့် ကလေးငယ် ဝေယံဖြိုး က အစောဆုံး မြင်တွေ့ခဲ့ပြီး တာဝန်ရှိသူများ
ကို အော်နိုးခဲ့သော်လည်း ရုတ်တရက် မနိုးခဲ့ကြောင်း၊ လူကြီးများနိုးလာသည့် အချိန်တွင် မီးလောင်
ကျွမ်းနေပြီဖြစ်ရာ အစောင့်ဖြစ်သူ ဦးဇေယျဖြိုးက စောင်ကို ဗလီတွင် ခြေ၊ လက်ဆေးရန်ထားရှိ
သည့် ရေဖြင့်ပက်၍ ငြှိမ်းသတ်ခဲ့သော်လည်း မငြိမ်းနိုင်ခဲ့ဘဲ မီးကူးစက်လောင်ကျွမ်းခဲ့ခြင်းဖြစ်သည်
ဟု ဒီဇယ်ဆီစိုနေသည့် စောင်နှင့် မီးလောင်ကျွမ်းခဲ့သည့် ဒီဇယ် ငါးဂါလံပုံးကို သက်သေအဖြစ်ပြသ
၍ ရဲမှူးကြီးဝင်းနိုင်က ယင်းဖြစ်စဉ်အပေါ် ရှင်းလင်း ပြောကြားခဲ့သည်။

သို့ရာတွင် အဆိုပါဖြစ်ရပ်အပေါ် အမျိုးမျိုးသော ထင်မြင်ယူဆချက်များ၊ ကောလာဟလများ ထွက်
ပေါ်လာပြီး နိုင်ငံ၏ အခြားဒေသအချို့တွင်ဖြစ်ပေါ်ခဲ့သည့် ပဋိပက္ခများကဲ့သို့ ဖြစ်ရပ်များ ကူးဆက်
ဖြစ်ပေါ်မလာရန်အတွက် သက်ဆိုင်ရာက နိုင်ငံပိုင်မီဒီယာများမှ တစ်ဆင့် ဖြစ်ရပ်မှန်များကို အချိန်
နှင့် တစ်ပြေးညီ သတင်းထုတ်ပြန်ခဲ့သလို ပြင်ပမီဒီယာများထံလည်း သတင်းထုတ်ပြန်မှုများကို
ပြုလုပ်ခဲ့သည်။

"မီးအားမြှင့်စက်ရဲ့အောက်မှာ မီးစက် အတွက်သုံးတဲ့ ဒီဇယ်ဘူးရှိတယ်။ အဲဒီက ဆီတွေက စောင်
တွေကို စိုသွားတာ။ အဲဒါကြောင့် ဒီဇယ်အနံ့တွေရတာ။ အပြင်က ပစ်သွင်းပြီး မီးရှို့ခဲ့တာ မဟုတ်
ဘူး"ဟု ဦးမြင့်ဆွေက ပြောသည်။

ဤအကြောင်းအရာနှင့် ပက်သက်၍ ထင်မြင်ချက်ပေးလိုပါက ...
[email protected] သို့ ပေးပို့နိုင်ပါသည်။


ရာသီဥတုအခြေအနေ

အကြည့်အများဆုံး - ပြည်တွင်းသတင်း