လက်ကျန် နိုင်ငံရေးအကျဉ်းသားများ စာရင်း ဇွန်လဆန်းတွင် သိနိုင်မည်

လက်ကျန် နိုင်ငံရေးအကျဉ်းသားများစာရင်း တိတိကျကျကို ဇွန်လဆန်းတွင် သိရှိနိုင်မည်ဖြစ်သည်
ဟု လက်ကျန်နိုင်ငံရေးအကျဉ်းသား စိစစ်ရေးကော်မတီ၏ အဖွဲ့ဝင်တစ်ဦးဖြစ်သူ အမျိုးသား
ဒီမိုကရေစီအဖွဲ့ချုပ်မှ ဦးဉာဏ်ဝင်း က ပြောကြားသည်။

"တခြားအဖွဲ့အစည်းတွေနဲ့ တွဲပြီးတော့ တင်ဖို့က စစ်ဆေးဖို့အချိန်မရဘူး။ အဲဒါတွေ အားလုံးကို
ကော်မတီရုံးကပဲ စိစစ်မှာ။ အဖွဲ့တွေ အားလုံးပေါင်းတင်တာ ၁,၅၀၀ ရှိတယ်ဆိုပေမယ့် ထပ်နေမှာ
ပေါ့။ နိုင်ငံရေးအကျဉ်းသား စာရင်းတိတိကျကျကိုတော့ ဇွန်လဆန်းလောက်မှ သိနိုင်မှာပါ" ဟု
၎င်းကပြောသည်။

စာရင်းတင်ပြရာတွင် အဖွဲ့များ တကွဲတပြား တင်ပြခဲ့ရာ စုစုပေါင်း ၁,၅၀၀ ကျော်ရှိသည်ဟု
ကော်မတီမှ ထုတ်ပြန်ကြောင်းနှင့် ထိုအထဲတွင် အေအေပီပီအဖွဲ့ (AAPP)၊ ၈၈ အဖွဲ့၊ နိုင်ငံရေး
အကျဉ်းသားဟောင်းများအဖွဲ့၊ နိုင်ငံရေးအကျဉ်းသားဟောင်းများအဖွဲ့ ချုပ်နှင့် ရှမ်းတိုင်းရင်းသားများ
ဒီမိုကရေစီအဖွဲ့ချုပ်များမှ မတ်လဆန်းလောက်တွင် စုပေါင်းကာ ၃၆၄ ယောက်တင်ထားခဲ့သည်ဟု
အေအေပီပီမှ ဦးဘိုကြည်က ပြောသည်။

"နိုင်ငံရေးအကျဉ်းသား ၁,၅၀၀ ကျော်ဆိုတာက စာရင်းအဟောင်းတွေကိုလုပ်ပြီး ပြောတာနေမှာ။
သူတို့ ဘယ်အချိန်ကစာရင်းတွေကို ပြန်ပြီးလုပ်တာလဲ မပြောတတ်ဘူး။ အစိုးရဘက်က အစီအစဉ်
ကျကျ သိပ်လုပ်တာမဟုတ်ဘူး။ အခုလောလောဆယ် စာရင်းတွေကိုစစ်နေတယ်။ အစိုးရဘက်ကို
လည်း စာရင်းတွေ တောင်းထားတာရှိတယ်။ ပြီးတော့မှ အတူတူပြန်လုပ်မယ်။ လက်ရှိက ၁၈၃
ယောက်နဲ့ ကျန်တာက အမှုရင်ဆိုင်နေရတာ ၁၀၀ ကျော်ရှိတယ်"ဟု ဦးဘိုကြည်က ပြောသည်။

ဦးဉာဏ်ဝင်းကလည်း အစည်းအဝေးတွင် နိုင်ငံရေးအကျဉ်းသားစာရင်းကို ၁၄၂ ယောက် တင်ခဲ့
သည်ဟု ပြောကြားသည်။

ထိုသို့အဖွဲ့အားလုံးတင်ထားသည့် စာရင်း ၁,၅၀၀ ကျော်ကို အစိုးရဘက်မှ ထောင်ထဲတွင် လိုက်ရှာ
ရာတွင် လူ ၂၀၀ လောက်သာ တွေ့ရ ကြောင်းနှင့် လွတ်သွားသူများ၊ မရှိသည့် စာရင်းနှင့် ထပ်နေ
သည်များလည်း ရှိနေကြောင်း၊ ထို့ပြင် စိစစ်ရေးကော်မတီဝင် အားလုံးမှ ၀ိုင်းပြီး ထိုလူ ၂၀၀ ကျော်
ကို နိုင်ငံရေး ပြစ်မှုနှင့် ထောင်ကျခဲ့သည် ဟုတ်မဟုတ်ကို စိစစ်ပေးရန် ကော်မတီ၏မေလ ၁၁ ရက်
နေ့ အစည်းအဝေးတွင် ပြောခဲ့ကြောင်း နိုင်ငံရေးအကျဉ်းသားဟောင်းများအဖွဲ့မှ ဦးရဲအောင် က
ပြောသည်။

လက်ကျန် နိုင်ငံရေးအကျဉ်းသား စိစစ်ရေးကော်မတီကို အဖွဲ့ဝင် ၁၆ ဦးမှ ၁၉ ဦးဖြင့် တိုးချဲ့ ပြင်ဆင်
ကာ သမ္မတ ဦးသိန်းစိန်က မေလ ၉ ရက်နေ့တွင် ဖွဲ့စည်းခဲ့ပြီးနောက် ပထမဆုံးအကြိမ်
အစည်းအဝေး ကျင်းပခြင်းဖြစ်သည်။

တိုးချဲ့ ပြင်ဆင်ဖွဲ့စည်းသည့်အထဲတွင် အမျိုးသားဒီမိုကရေစီအင်အားစုပါတီမှ ဒေါက်တာဝင်းနိုင်၊
အမျိုးသားဒီမိုကရက်တစ် ပါတီသစ်မှ ဦးသိန်းညွန့်နှင့် မြန်မာအမျိုးသား ကွန်ဂရက်ပါတီမှ
ဦးကောင်းမြင့်ထွဋ်တို့ သုံးဦး ထပ်မံပါဝင်လာသည်။

"ဒီတစ်ခေါက် နည်းနည်းတိုးတက်လာတယ်ဆိုတာက ပထမတစ်ကြိမ် နှစ်ကြိမ် အစည်းအဝေးတုန်း
ကဆိုရင် ဒီဘက်ကနိုင်ငံ ရေးနဲ့ဆိုင်ပြီး လုပ်နေတဲ့ အဖွဲ့အစည်းတွေဆီက စာရင်းတွေကို အစိုးရ
ဘက်ခြမ်းက တောင်းတယ်။ အခု ဒီတစ်ခေါက်မှာတော့ အစိုးရက အက်စ်ဘီ(SB)ကိုလည်း
သမ္မတရုံးကို တင်ပေးဖို့ စာရင်းပြန်တောင်းတယ်။ အောက်ခြေမှာ ထောင် ၄၃ ထောင်ရှိတာ၊ အဲဒီမှာ
ရှိတဲ့ နိုင်ငံရေးအကျဉ်းသားစာရင်းပို့ကြဖို့ ပြန်ပြီးတောင်းမယ်လို့ ပြောပါတယ်"ဟု ဦးရဲအောင် က
ပြောသည်။

ဤအကြောင်းအရာနှင့် ပက်သက်၍ ထင်မြင်ချက်ပေးလိုပါက ...
[email protected] သို့ ပေးပို့နိုင်ပါသည်။


ရာသီဥတုအခြေအနေ

အကြည့်အများဆုံး - ပြည်တွင်းသတင်း