စွမ်းအင်ဆိုင်ရာ မန်နေဂျာများမွေးထုတ်နိုင်ရန်အတွက် ညီလာခံကျင်းပ

မြန်မာနိုင်ငံအင်ဂျင်နီယာအသင်းမှ ကြီးမှုး၍ မြန်မာနိုင်ငံအတွက် စွမ်းအင်ဆိုင်ရာ မန်နေဂျာများ
မွေးထုတ်ရေး အစီအစဉ် (Asean Energy Management Scheme - AEMS) အတွက် ညီ
လာခံတစ်ရပ်ကို မေလ ၃၁ ရက်နေ့တွင် ရန်ကုန်မြို့ ပါခ်ရွိုင်ရယ်ဟိုတယ်၌ ကျင်းပပြုလုပ်ခဲ့သည်။

အခမ်းအနားတွင် ရန်ကုန်တိုင်းဒေသကြီး လျှပ်စစ်နှင့်စက်မှု ၀န်ကြီးဌာန ၀န်ကြီး ဦးဥာဏ်ထွန်းဦး
အပါအ၀င် စွမ်းအင်ဝန်ကြီးဌာနမှ အဆင့်မြင့်အရာရှိများ၊ Asean Centre for Energy (ACE)
နှင့် ဥရောပ သမဂ္ဂတို့မှ တာဝန်ရှိသူများ တက်ရောက်ခဲ့ကြသည်။

"ပရောဂျက်လုပ်ကတည်းကိုက လေ့ကျင့်မှုတွေလုပ်ပေးရမယ်။ လေးနှစ်ပရောဂျက်ဖြစ်တဲ့အတွက်
ဒီလေးနှစ်ထဲမှာ National Conference ကိုနှစ်ကြိမ်လုပ်ပေးပါလို့ တောင်းဆိုထားပါတယ်။ ဒါက
တော့ ပထမဆုံးအကြိမ်ပါ။ ပရောဂျက်လုပ်ငန်းစဉ်အရ သင်တန်းနည်းပြတွေ၊ Energy Manager
တွေမွေးထုတ်ရမယ်" ဟု စီမံကိန်းမှ မြန်မာပြည်အတွက်ကျွမ်းကျင်သူကိုယ်စားလှယ် ဦးမြင့်ကျော်
ကပြောကြားသည်။

သင်တန်းအတွက် မြန်မာနိုင်ငံမှ Energy Manager သင်တန်းသုံးကြိမ်ဖွင့်လှစ်ပြီးဖြစ်ခါ နောက်ထပ်
လေးကြိမ်နှင့်ငါးကြိမ်မြောက်သင်တန်းများကို ဇွန်လ ၂၄ ရက်မှ ၂၈ ရက်နှင့် စက်တင်ဘာလ ၂၃
ရက်မှ ၂၇ ရက်ထိဖွင့်လှစ်မည်ဖြစ်သည်။ လက်ရှိအချိန်တွင် စွမ်းအင်ဆိုင်ရာမန်နေဂျာပေါင်း ၃၁ ဦး
မွေးထုတ်ပြီးသွားပြီဖြစ်ပြီး မြန်မာနိုင်ငံအတွက် အယောက် ၅၀ အထိ မွေးထုတ်သွားမည်ဖြစ်သည်။

ဤအကြောင်းအရာနှင့် ပက်သက်၍ ထင်မြင်ချက်ပေးလိုပါက ...
[email protected] သို့ ပေးပို့နိုင်ပါသည်။


ရာသီဥတုအခြေအနေ

အကြည့်အများဆုံး - ပြည်တွင်းသတင်း