လေဆိပ်၌ လ၀ကနှင့် ပြဿနာ ရှိခဲ့ပါက တိုင်ကြားနိုင်ဟုဆို

နိုင်ငံရပ်ခြားမှ ပြန်လာသူများအနေဖြင့် လေဆိပ်တွင် လူဝင်မှုကြီးကြပ်ရေးဌာနမှ ပိုက်ဆံကောက်ခံ
ခြင်းသော်လည်းကောင်း၊ အခြား ပြဿနာတစ်စုံတစ်ရာသော်လည်းကောင်း ရှိခဲ့ပါက ယူနီဖောင်း
ရင်ဘတ်တံဆိပ်မှ နာမည်အတိုင်း တိုင်ကြားနိုင်ကြောင်း ဒုညွှန်ကြားရေးမှူး ဦးကျော်မြင့်က ယခုလ
၁၆ ရက်နေ့တွင် ပြောသည်။

"ကျွန်တော်တို့ ကြားနေရတယ်ပေါ့နော်။ ဘယ်ဌာန၊ ဘယ်ဝန်ထမ်းက ဘယ်လိုပါဆိုပြီး ဘယ်မှာ
ပိုက်ဆံယူတယ် စသည်ဖြင့်ပေါ့။ လေဆိပ်ကိစ္စ ကျွန်တော်တို့ ဌာန၊ ကျွန်တော်တို့ ၀န်ထမ်းနဲ့
ပတ်သက်လို့ ဒီနေရာမှာ အတိအလင်း ပြောပါတယ်။

"လ၀က ၀န်ထမ်းတွေ အ၀င်မှာပဲဖြစ်ဖြစ်၊ အထွက်မှာပဲ ဖြစ်ဖြစ် ပြဿနာတစ်စုံတစ်ရာရှိရင်
ကောင်တာ နံပါတ်တွေရှိပါတယ်။ ပြီးရင် အဲ့ဒီနေ့မှာ သူအလုပ်လုပ်တယ်ဆိုတဲ့ တံဆိပ်တုံးတွေက
အစ သူ့ရီဂျစ်စတာနဲ့ သူ့လက်မှတ်နဲ့ လုပ်ထားတာ၊ ပြီးတော့ ၀န်ထမ်းတွေရဲ့ အင်္ကျီမှာ သူတို့နာမည်
ပါတဲ့ တံဆိပ်ရှိတယ်။ ကုတ်အင်္ကျီဝတ်ထားလည်းပဲ တံဆိပ်ရှိတယ်။ နာမည်နဲ့ ကောင်တာနံပါတ်
သာပြော။ ကျွန်တော်တို့ တိတိကျကျ ဆောင်ရွက်ပါ့မယ်"ဟု ဒုတိယ ညွှန်ကြားရေးမှူး ဦးကျော်မြင့်
က ပြောသည်။

ဤအကြောင်းအရာနှင့် ပက်သက်၍ ထင်မြင်ချက်ပေးလိုပါက ...
[email protected] သို့ ပေးပို့နိုင်ပါသည်။


ရာသီဥတုအခြေအနေ

အကြည့်အများဆုံး - ပြည်တွင်းသတင်း