င၀န်မြစ်ရေ စိုးရိမ်မှတ်ကျော်နိုင်

မုတ်သုံလေ အားကောင်းမှုကြောင့် မြန်မာနိုင်ငံ အောက်ပိုင်းဒေသများ၌ မိုးရွာသွန်းမှုများပြားမှုများ
နှင့်အတူ မြစ်ဝကျွန်းပေါ်ဒေသအချို့၌ မြစ်ရေများ မြင့်တက်လာနိုင်ကြောင်း မိုးလေ၀သနှင့် ဇလ
ဗေဒညွှန်ကြားမှုဦးစီးဌာနမှ ခန့်မှန်းထားသည်။

မိုး/ဇလ ဌာန၏ ထုတ်ပြန်ချက်အရ င၀န်မြစ်ရေသည် ငသိုင်းချောင်းမြို့တွင် ၎င်းမြို့၏ စိုးရိမ်ရေမှတ်
သို့ ဇူလိုင် လ ၂၆ ရက်နေ့ခန့်တွင် ရောက်ရှိနိုင်ကြောင်း သတိပေးထားသည်။

ဌာန၏ ဇူလိုင်လ ၂၃ ရက်နေ့ တိုင်းထွာချက်အရ င၀န်မြစ်ရေသည် ငသိုင်းချောင်းမြို့၏ စိုးရိမ်
ရေမှတ်ဖြစ်သော ၁,၁၃၀ စင်တီမီတာသို့ရောက်ရှိရန် ၁၇ စင်တီမီတာ (သုည ဒသမ ၆ လက်မခန့်)
အလိုသို့ ရောက်ရှိနေလျက်ရှိကာ နောက်သုံးရက်အတွင်း စိုးရိမ်ရေမှတ်သို့ ရောက်နိုင်ကြောင်း
ဖော်ပြသည်။

ဇူလိုင်လ နောက်ဆုံးရက်သတ္တပတ်အတွင်း ဧရာဝတီမြစ်ရေသည် မြစ်အထက်ပိုင်းရှိ မြစ်ကြီးနား၊
ဗန်းမော်၊ ကသာမြို့များ၌ ငါးပေမှ ခုနစ်ပေခန့်၊ မြစ်လယ်ပိုင်းရှိ မန္တလေး၊ စစ်ကိုင်းမြို့ များ၌ လေးပေမှ
ငါးပေခန့်နှင့် ပခုက္ကူ၊ ညောင်ဦး၊ ချောက်၊ မင်းဘူး၊ မကွေး၊ အောင်လံ၊ ပြည်၊ ဆိပ်သာ၊ ဟင်္သာတနှင့်
ဇလွန်မြို့များ၌ နှစ်ပေမှ လေးပေခန့် မြင့်တက်လာနိုင်သည်ဟု မိုး/ဇလမှ ခန့်မှန်းထားသည်။

ဤအကြောင်းအရာနှင့် ပက်သက်၍ ထင်မြင်ချက်ပေးလိုပါက ...
[email protected] သို့ ပေးပို့နိုင်ပါသည်။


ရာသီဥတုအခြေအနေ

အကြည့်အများဆုံး - ပြည်တွင်းသတင်း