အားကစားပွဲ၌ မြန်မာအသင်းသုံးရန် ဘတ်စ်ကားအစီး ၁၀၀ ပံ့ပိုးပေး

လာမည့် ဒီဇင်ဘာလတွင်ကျင်းပမည့် (၂၇) ကြိမ်မြောက် အရှေ့တောင်အာရှ အားကစားပွဲကြီး
အတွက် ဘတ်စ်ကား အစီး ၁၀၀ ကို ကုမ္ပဏီများက ပူးပေါင်းပြီး ကူညီပံ့ပိုးပေးသွားမည်ဖြစ်သည်။

အရှေ့တောင်အာရှ အားကစားပြိုင်ပွဲ ကျင်းပနေချိန် ကာလအတွင်း မြန်မာအားကစားအသင်း
အသုံးပြုရန်အတွက် ရွှေတောင်ဖွံ့ဖြိုးတိုးတက်မှု ကုမ္ပဏီလီမိတက်၊ Scania(Sweden)၊ OCBC
Bank(Singapore) တို့နှင့်အတူ အဆင့်မြင့် ခရီးသည်ပို့ဆောင်ရေး ယာဉ်လိုင်းများဖြစ်ကြသည့်
Elite၊ မြတ်မန္တလာထွန်း၊ ရွှေမန္တလာ၊ မန္တလာမင်း၊ ခိုင်မန္တလေး၊ လင်းယုန်မိုးကောင်းကင်၊ လုမ္ဗိနီ
စသည့် ယာဉ်လိုင်းများက ပူးပေါင်းပြီး ပံ့ပိုးပေးသွားမည်ဖြစ်သည်။

အားကစားပွဲတော် ကျင်းပနေစဉ်တွင် အားကစားသမားများ၊ အုပ်ချုပ်သူနည်းပြများနှင့် သက်ဆိုင်ရာ
တာဝန်ရှိသူများ အဆင်ပြေစွာနှင့် သက်သောင့်သက်သာ သွားလာနိုင်ရန်အတွက် Scania Bus
များကို ပွဲမစမီ နှစ်ပတ် အလိုမှစ၍ ပွဲပြီးဆုံးသည်အထိ ၂၇ ကြိမ်မြောက် အားကစားပွဲတော်
ကျင်းပရေးကော်မတီသို့ ပေးပို့ထားမည်ဖြစ်ပြီး ယာဉ်မောင်းများနှင့် စက်သုံးဆီ အသုံးစရိတ်များ
ကိုပါ အဆိုပါကုမ္ပဏီများက ရာနှုန်းပြည့် ကျခံပေးမည်ဖြစ်သည်။

မော်တော်ကားသစ်အစီး ၁၀၀ သည် ဩဂုတ်လ၊ စက်တင်ဘာလနှင့် အောက်တိုဘာလတို့တွင်
မြန်မာနိုင်ငံသို့ ရောက်ရှိလာမည် ဖြစ်သည်။

Octagon International Services Co.,Ltd သည် Sweden နိုင်ငံထုတ် Scania Truck နှင့်
Bus ကားများကို မြန်မာပြည်၏ တစ်ဦးတည်း ကိုယ်စားလှယ်အဖြစ်ဖြင့် တင်သွင်းဖြန့်ချိခွင့်
ရထားသည့် ကုမ္ပဏီဖြစ် ကားအသစ်များကို ယာဉ်လိုင်းများသို့ ရောင်းချခဲ့ပြီး အဆိုပါယာဉ်လိုင်း
များက ရန်ကုန်၊ နေပြည်တော်၊ မန္တလေး၊ တောင်ကြီးအစရှိသည့်မြို့များသို့ ပြေးဆွဲသွားမည်
ဖြစ်သည်။

ဤအကြောင်းအရာနှင့် ပက်သက်၍ ထင်မြင်ချက်ပေးလိုပါက ...
[email protected] သို့ ပေးပို့နိုင်ပါသည်။


ရာသီဥတုအခြေအနေ

အကြည့်အများဆုံး - ပြည်တွင်းသတင်း