ပြည်ပပညာရှင်များ၏ အကူအညီဖြင့် ကျန်းမာရေးအာမခံကို စတင်ရန် စီစဉ်

မြန်မာနိုင်ငံတွင် ပထမဦးဆုံးအနေနှင့် ထွက်ပေါ်လာမည့် ကျန်းမာရေးအာမခံလုပ်ငန်းအား
ပြည်တွင်းမှ ဆေး ပညာဆိုင်ရာပညာရှင်များ၊ ကျန်းမာရေးဝန်ကြီးဌာန၊ ပုဂ္ဂလိက အာမခံလုပ်ငန်း၊
ဆေးရုံဆေးပေးခန်းများ အားလုံးစုပေါင်း လုပ်ဆောင်ရာတွင် ပြည်ပမှ ပညာရှင်များ၏နည်းပညာ
အကူအညီကို ရယူသွားမည်ဖြစ်သည်။

"အခုဆိုရင် မြန်မာနိုင်ငံမှာ မြန်မာ့ အာမခံလုပ်ငန်းအပါအ၀င် အာမခံ လုပ်ငန်းပေါင်း ၁၃ ခုဖြစ်လာပြီ။
ပြည်ပ က ပညာရှင်တွေရယ်၊ ပြည်တွင်းက ဆေးပညာဆိုင်ရာ ပညာရှင်တွေရယ် ကျန်းမာရေးဝန်
ကြီးဌာန၊ အာမခံလုပ် ငန်းတွေ၊ ဆေးရုံဆေးပေးခန်း၊ ဒါတွေ အားလုံး စုပေါင်းပြီး ပြည်ပကပညာရှင်
တွေနဲ့ စတင်မှာဖြစ်ပါတယ်။ သူတို့နဲ့ အားလုံးပူးပေါင်းပြီး မြန်မာပြည် မှာ ပညာရှင်သုံးယောက်
လောက်တော့ မွေးရမယ်" ဟု ဘဏ္ဍာရေးဝန်ကြီးဌာန ဒုတိယ၀န်ကြီး ဒေါက်တာမောင် မောင်သိမ်း
က ပြောသည်။

"အရင်တုန်းကတော့ မြန်မာနိုင်ငံ မှာ ကျန်းမာရေးအာမခံပညာရှင် တစ်ယောက် ရှိခဲ့ဖူးတယ်။
သူကတော့ ဆုံးပါးသွားပြီဖြစ်တဲ့အတွက် အခု လောလောဆယ်မှာတော့ ဒီကျန်းမာရေးအာမခံကို
လုပ်ဖို့အတွက် ပြည်ပက ပညာရှင်ခေါ်ရမယ်။ တတ်နိုင်ရင် ကိုယ့် ဆီက လူတချို့ကိုလည်း ပြည်ပ
မှာ လေ့ လာ သင်ကြားနိုင်ဖို့ လွှတ်ရမှာပါ။ ပြည်ပက ကူညီဖို့ ရှိနေပါတယ်။ ဒီလိုသွားသင်ယူဖို့
အတွက် သူတို့တွေရဲ့ ကူညီမှုတွေရလာတဲ့အခါမှာ ကိုယ့် နိုင်ငံက ကုန်ကျမှုတွေ သက်သာမှာဖြစ်
ပါတယ်။ သူတို့ သွားသင်ယူလေ့လာ တာဟာ ကြာနေဦးမှာဆိုတော့ အခု လောလောဆယ် ကျန်း
မာရေး အာမခံစတင်ဖို့အတွက်ကို ပြည်ပကပညာရှင်တွေကိုပဲ အကူအညီတောင်းရဦးမှာ ဖြစ်ပါ
တယ်"ဟု ၎င်းက ပြောသည်။

ပြည်ပမှ ပညာရှင်များ၊ ပြည်တွင်းမှ ဆေးပညာဆိုင်ရာ ပညာရှင်များ၊ ကျန်း မာရေးဝန်ကြီးဌာန၊
အာမခံလုပ်ငန်း များ၊ အာမခံထားရှိသူများ၊ ဆေးရုံ ဆေးပေးခန်းများ အားလုံး စုပေါင်း၍ တစ်နိုင်ငံ
လုံးဆိုင်ရာ ဆွေးနွေးပွဲ တစ်ရပ် ပြုလုပ်သွားမည်ဖြစ်သည်။ "ဒီလိုလုပ်တဲ့နေရာမှာ အာမခံတစ်ခု
တည်း လုပ်ကိုင်လို့မရပါဘူး။ အားလုံးစုပေါင်းလုပ်ကိုင်မှ ရေရှည်ခံ မှာ ဖြစ်ပါတယ်။အာမခံထားသူ
တွေ လုပ်ပြီးမှ မြန်မာနိုင်ငံမှာ ကျန်းမာရေး အာမခံကိုစတင်မယ်။ ၂၀၁၅ မရောက်ခင်ကတည်းက
ဒါတွေ မြန်မာနိုင်ငံမှာ လည်း ရှိတယ်ဆိုတာဖြစ်အောင် စကို စရတော့မှာ ဖြစ်ပါတယ်"ဟု ဒေါက်တာ
မောင်မောင်သိမ်းက ပြောသည်။

မြန်မာနိုင်ငံတွင် အသက်အာမခံ ထားရှိမှု အလွန်နည်းပါးနေသေးပြီး အသက်အာမခံထဲတွင် အကျုံး
ဝင်သော မြွေအန္တရာယ်အာမခံ အမျိုးအစားသာ ရှိနေသေးပြီး ကျန်းမာရေး အာမခံအမျိုး အစား မရှိ
သေးကြောင်း၊ မြန်မာနိုင်ငံ တွင် လက်ရှိကျင့်သုံးနေသော အသက် အာမခံပေါ်လစီမှာ ရှေးကျနေ၍
ခေတ် နှင့်အညီ ရင်ပေါင်တန်းနိုင်ရန်အတွက် ပြုပြင်သွားမည်ဖြစ်ကြောင်း သိရသည်။

"၀န်ထမ်းတွေကိုတောင် ထားကိုထားရမယ်ဆိုတာတွေ တိုက်တွန်းခဲ့ လို့ ဒီလောက်အင်အားများ
လာတာ။ အပြင်လူတွေက သိပ်ထားလေ့မရှိကြ ဘူး။ တို့နိုင်ငံမှာက အသက်အာမခံထဲ မှာ အကျုံး
ဝင်တဲ့ မြွေအန္တရာယ်အာမခံ ပဲ ရှိနေတယ်။ ကျန်းမာရေးအာမခံဆို တာက မရှိသေးဘူး။ ကျန်းမာရေး
အာ မခံကို စတင်တဲ့နေရာမှာ ကျေးလက် တောရွာဒေသတွေအထိ ထိုးဖောက် ရမှာ ဖြစ်တဲ့အတွက်
အားလုံး တတ်နိုင် တဲ့နှုန်းထား အနေအထားကနေ စတင်ရမှာဖြစ်ပါတယ်။ အခုဆိုရင် မြန်မာနိုင်ငံမှာ
လူပေါင်းသန်း ၆၀ လောက်မှာ အသက် အာမခံထားသူ ပေါင်းက နှစ်သိန်းကျော် သုံး သိန်း ကြားပဲ
ရှိသေးတယ်။ ဒါကို တိုးပွား များပြားလာအောင်လုပ်ဖို့ လိုအပ်နေ တယ်။ ဒီလိုလုပ်တဲ့အခါမှာ ပြုပြင်
ရမယ့် အပိုင်းတွေ ရှိနေတယ်"ဟုဒေါက်တာ မောင်မောင်သိမ်းကပြောကြားသည်။

ဤအကြောင်းအရာနှင့် ပက်သက်၍ ထင်မြင်ချက်ပေးလိုပါက ...
[email protected] သို့ ပေးပို့နိုင်ပါသည်။


ရာသီဥတုအခြေအနေ

အကြည့်အများဆုံး - ပြည်တွင်းသတင်း