လူငယ်များ လက်တွဲလုပ်ဆောင်နိုင်ရန် လူငယ်စင်တာ တစ်ခု နိုင်ငံတော်က ဖွင့်လှစ်ပေးမည်

လူငယ်များ တွေ့ဆုံဆွေးနွေးနိုင်စေရန် National Youth Center ဖွင့်သွားမည်ဟု လူငယ်အဖွဲ့များ
သို့ နိုင်ငံတော်သမ္မတရုံးဝန်ကြီး ဦးအောင်မင်းက စက်တင်ဘာလ ၂၁ ရက်တွင် ပြုလုပ်သော
အပြည်ပြည်ဆိုင်ရာ ငြိမ်းချမ်းရေးနေ့ပွဲ၌ ပြောကြားလိုက်သည်။

မတူညီသည်များကို ဘေးဖယ်ထားပြီး တူညီသည်များကို လက်တွဲလုပ်ဆောင်နိုင်စေရန် လူငယ်
စင်တာဖွင့်လှစ်ရေး နိုင်ငံတော်သမ္မအနေနဲ့ ဆုံးဖြတ်ခဲ့ခြင်းဖြစ်ကြောင်း ဦးအောင်မင်းက ပြောကြား
သည်။

"ခေတ်ကြီးကပြောင်းနေပါပြီ။ စနစ်ကြီးက ပြောင်းနေပါပြီ။ ကျွန်တော်တို့ အတူတူတွဲပြီးတော့
လက်တွဲလုပ်ကြဖို့လိုတယ်။ ကျွန်တော်တို့ အသက်လည်းကြီးနေပါပြီ။ မျိုးဆက်သစ်တွေကို
သိပ်ပြီးတော့ တာဝန်လွှဲပြောင်းပေးချင်ပါတယ်" ဟု ၎င်းကပြောသည်။

အစိုးရက လူငယ်ထုအတွက် National Youth Center ဖွင့်လှစ်ပေးမည်ဆိုခြင်းကို ကြိုဆိုပြီး
လူငယ်များ စီးပွားရေး၊ လူမှုရေးနှင့် နိုင်ငံရေးလုပ်ငန်းများ အရှိန်အဟုန်နှင့် ဆောင်ရွက်နိုင်ရန်၊
ဖိနှိပ်ကန့်သတ်ထား သော ဥပဒေများ ဖျက်သိမ်းပေးရန်လိုအပ်ကြောင်း မျိုးဆက်သစ်လူငယ်အဖွဲ့မှ
ကိုမိုးသွေးက ပြောသည်။

လူငယ်စင်တာ ဖွင့်လှစ်နိုင်စေရန် ပြည်ထောင်စု ၀န်ကြီးဦးအောင်မင်းအား လူငယ်အဖွဲ့ ၂၀ ကျော်
ခန့် လာရောက်တွေ့ဆုံမှုများ ပြုလုပ်ခဲ့ပြီးနောက်ပိုင်း အဆိုပါကိစ္စကို နိုင်ငံတော်သမ္မတထံ တင်ပြ
ပေးခဲ့ကြောင်း မြန်မာ ငြိမ်းချမ်းရေးစင်တာမှ ဦးလှမောင်ရွှေက ပြောသည်။

လက်ရှိအနေအထားအရ လူငယ်စင်တာပြုလုပ်ရန် အစိုးရက နေရာရွေးချယ်မှုများပြုလုပ်လျက်ရှိပြီး
မကြာခင် အကောင်အထည်ပေါ်လာဖွယ်ရှိကြောင်း ၎င်းကပြောကြားသည်။

ဤအကြောင်းအရာနှင့် ပက်သက်၍ ထင်မြင်ချက်ပေးလိုပါက ...
[email protected] သို့ ပေးပို့နိုင်ပါသည်။


ရာသီဥတုအခြေအနေ

အကြည့်အများဆုံး - ပြည်တွင်းသတင်း