ထိုင်းရေနံကုမ္ပဏီ PTTEP က အမေရိကန်ဒေါ်လာ သန်း ၃,၀၀၀၊ကျော် တိုးချဲ့ရင်းနှီးမြှုပ်နှံမည်ဟု ကြေညာ

မြန်မာနိုင်ငံတွင် ရေနံနှင့် သဘာဝဓာတ်ငွေ့ လုပ်ငန်းကို ၂၅ နှစ်ကြာ လုပ်ကိုင်နေခဲ့သည့် ထိုင်းနိုင်ငံမှ
ပီတီတီအီးပီ (PTTEP) ကုမ္ပဏီက လာမည့် ငါးနှစ်တာကာလအတွင်း အမေရိကန်ဒေါ်လာ
သန်းပေါင်း ၃ ဒသမ ၃ ဘီလျံ တိုးချဲ့ ရင်းနှီးမြှုပ်နှံရန် ဖေဖော်ဝါရီလ ၂၅ ရက်နေ့တွင် ကြေညာခဲ့
သည်။

မြန်မာနိုင်ငံတွင် ကုန်းတွင်းပိုင်းနှင့် ကမ်းလွန်ပိုင်း ရေနံနှင့် သဘာဝဓာတ်ငွေ့လုပ်ကွက် ခုနစ်ကွက်
အား လုပ်ကိုင်လျက်ရှိသည့် ထိုင်းနိုင်ငံတော်ပိုင် ပီတီတီအီးပီကုမ္ပဏီ၏ မြန်မာနိုင်ငံအတွင်း ပထမဆုံး
အကြိမ် သတင်းစာရှင်းလင်းပွဲကို ရန်ကုန်မြို့တွင် ကျင်းပခဲ့ရာ "ကျွန်တော်တို့ ကုမ္ပဏီရဲ့ နိုင်ငံတကာ
ရင်းနှီး မြှုပ်နှံမှုတွေထဲမှာ မြန်မာနိုင်ငံက ဒုတိယ အများဆုံးပါပဲ။ မြန်မာနိုင်ငံနဲ့ ရေရှည်လက်တွဲ
လုပ်ဆောင်သွားမှာပါ"ဟု ကုမ္ပဏီ၏ အမှုဆောင် အရာရှိချုပ်ဖြစ်သူ မစ္စတာ Tevin Vongvanich
က ပြောကြားခဲ့သည်။

မြန်မာနိုင်ငံမှ ထွက်ရှိသော သဘာဝဓာတ်ငွေ့ များကို ထိုင်းနိုင်ငံသို့ တင်ပို့ရောင်းချရာတွင် အဓိက
ဝယ်ယူရေးကုမ္ပဏီဖြစ်သည့် PTTEP သည် မြန်မာနိုင်ငံ၌ ပထမဆုံးရေနံရှာဖွေရေးလုပ်ငန်းကို
၁၉၈၉ ခုနှစ်တွင် စတင်လုပ်ကိုင်ခဲ့ပြီး လက်ရှိတွင်လည်း ကုန်းတွင်းပိုင်းလုပ်ကွက် နှစ်ခုနှင့် ကမ်းလွန်
လုပ်ကွက် ငါးကွက်ကို လုပ်ကိုင်ခွင့်ရရှိထားပြီး ဖြစ်သည်။

PTTEP ကုမ္ပဏီလုပ်ကိုင်ခွင့် ရရှိထားသည့် မုတ္တမကမ်းလွန်မှ M-3 လုပ်ကွက်သည် ရေနံနှင့်
သဘာဝဓာတ်ငွေ့ ရှာဖွေရေးလုပ်ငန်းများ အောင်မြင်ခဲ့ပြီး ၂၀၁၈ ခုနှစ်ခန့်တွင် စီးပွားဖြစ် ထုတ်လုပ်
နိုင်မည်ဟု စွမ်းအင်ဝန်ကြီးဌာနက ပြီးခဲ့သည့် နှစ်လယ်ပိုင်းတွင် ကြေညာခဲ့ပြီး ဖြစ်သည်။

"M-3လုပ်ကွက်က စီးပွားဖြစ်ထုတ်လုပ်ဖို့ အချိန်ယူရဦးမှာပါ။ ထွက်ရှိလာမယ့် သဘာဝ ဓာတ်ငွေ့ကို
ဘယ်လို အချိုးကျခွဲဝေထုတ်ယူ မယ်ဆိုတာပြောဖို့တော့ အချိန်စောနေပါသေးတယ်"ဟုလည်း
မစ္စတာ Tevin က သတင်းစာရှင်းလင်းပွဲတွင် ပြောကြားခဲ့သည်။

PTTEP ကုမ္ပဏီအနေဖြင် ကုန်းတွင်းပိုင်းလုပ်ကွက် MOGE-3, PSC-G နှင့် EP-2 တို့အပြင်
ကမ်းလွန်လုပ်ကွက်များဖြစ်သော MD-7, MD-8 နှင့် MD-11 လုပ်ကွက်များတွင်လည်း ရေနံနှင့်
သဘာဝဓာတ်ငွေ့ ရှာဖွေရေးလုပ်ငန်းများကို စဉ်ဆက်မပြတ် လုပ်ဆောင်သွားမည်ဟုလည်း ၎င်းက
ပြောကြားသည်။

မြန်မာနိုင်ငံတွင် PTTEP ၏ ပထမဆုံး ကိုယ်ပိုင်စီမံကိန်းတစ်ခုဖြစ်သော ဇောတိက (M-9) စီမံကိန်း
အား တစ်နေ့လျှင် သဘာဝ ဓာတ်ငွေ့ ကုဗပေသန်း ၃၀၀ နှုန်းဖြင့် ယခုနှစ် အတွင်း စတင်ထုတ်လုပ်
သွားမည်ဖြစ်သော်လည်း မြန်မာနိုင်ငံ ပြည်တွင်းသုံးအတွက် သဘာဝ ဓာတ်ငွေ့ မည်မျှရရှိမည်ကို
မသိရပေ။

"ကျွန်တော်တို့ကုမ္ပဏီ လုပ်ကိုင်ခွင့်ရရှိထားတဲ့ စီမံကိန်းတွေမှာ တစ်ဦးတည်း ရင်းနှီးမြှုပ်နှံတာမျိုး
အပြင် ပူးပေါင်းရင်းနှီးမြှုပ်နှံတာတွေလည်း လုပ်ကိုင်သွားဖို့ရှိပါတယ်။ ခုကြေညာထားတဲ့ လာမယ့်
ငါးနှစ်တာအတွင်း ရင်းနှီးမြှုပ်နှံမယ့် ပမာဏမှာြ၃ လုပ်ကွက်အတွက် မပါ သေးပါဘူး"ဟု မစ္စတာ
Tevin က ဖြည့်စွက် ပြောကြားခဲ့သည်။

ထိုင်းနိုင်ငံတော်ပိုင် PTTEP ကုမ္ပဏီ၏ လက်ရှိရင်းနှီးမြှုပ်နှံမှု စုစုပေါင်းပမာဏမှာ အမေရိကန်ဒေါ်လာ
သန်းပေါင်း ၁၀ ဘီလျံကျော်ရှိပြီး မြန်မာနိုင်ငံတွင် ရင်းနှီးမြှုပ်နှံထားသော ပမာဏမှာ ကန်ဒေါ်လာ
တစ်ဘီလျံကျော် ရှိသည် သိရသည်။

ဤအကြောင်းအရာနှင့် ပက်သက်၍ ထင်မြင်ချက်ပေးလိုပါက ...
[email protected] သို့ ပေးပို့နိုင်ပါသည်။


ရာသီဥတုအခြေအနေ

အကြည့်အများဆုံး - ပြည်တွင်းသတင်း