နယ်စည်းမထား ဆရာဝန်များအဖွဲ့ကို ရခိုင်ပြည်နယ်မှ ထွက်ခွာဖို့ ဒုတိယအကြိမ် ထပ်မံ တောင်းဆို

နယ်စည်းမထားဆရာဝန်များအဖွဲ့ (MSF) ကို ရခိုင်ပြည်နယ်မှ ချက်ချင်းထွက်ခွာသွားရန် ဒေသခံများက ဖေဖော်ဝါရီလ ၂၂ ရက်နေ့နှင့် ၂၃ ရက်နေ့တို့တွင် စစ်တွေမြို့ရှိ အဆိုပါအဖွဲ့ရုံးရှေ့၌ ဆန္ဒပြနေသည်ကို တွေ့ရစဉ်။ ဓာတ်ပုံ - အေအက်ဖ်ပီနယ်စည်းမထားဆရာဝန်များအဖွဲ့ (MSF) ကို ရခိုင်ပြည်နယ်မှ ချက်ချင်းထွက်ခွာသွားရန် ဒေသခံများက ဖေဖော်ဝါရီလ ၂၂ ရက်နေ့နှင့် ၂၃ ရက်နေ့တို့တွင် စစ်တွေမြို့ရှိ အဆိုပါအဖွဲ့ရုံးရှေ့၌ ဆန္ဒပြနေသည်ကို တွေ့ရစဉ်။ ဓာတ်ပုံ - အေအက်ဖ်ပီ

ရခိုင်ပြည်နယ်အတွင်း ကျန်းမာရေး စောင့်ရှောက်မှု အကူအညီ ဆောင်ရွက်ပေးနေသော
နယ်စည်းမထားဆရာဝန်များအဖွဲ့(MSF) ကို ရခိုင်ပြည်နယ်မှ ချက်ချင်းထွက်ခွာသွားရန်အတွက်
ရခိုင်ပြည်နယ်ဒေသခံများက ဒုတိယအကြိမ်အဖြစ် ယခုလ ၂၂ ရက်နေ့နှင့် ၂၃ ရက်နေ့တွင်
စစ်တွေမြို့ရှိ အဆိုပါ အဖွဲ့ရုံးရှေ့၌ ထိုင်သပိတ် ဆင်နွှဲခဲ့ကြသည်။

တရားဝင်ခွင့်ပြုချက်အရ လူဦးရေ ၂၀ ခန့်သာ ခွင့်ပြုခဲ့သော်လည်း ဒေသခံပြည်သူ ထောင်နှင့် ချီပြီး
လိုက်ပါအားပေးခဲ့ကြကြောင်း ဆန္ဒဖော်ထုတ်ရာတွင် လိုက်ပါခဲ့သည့် ဒေသခံတစ်ဦးက ဆိုသည်။

"ရခိုင်ပြည်နယ်မှာရှိတဲ့ ရခိုင်တိုင်းရင်းသားဘယ်သူ့ကိုမဆို မေးလိုက်ပါ။ ဒီအဖွဲ့တွေကို လက်ခံလား
ဆိုရင် ဘယ်သူမှ လက်မခံပါဘူး။ ဆရာဝန်တွေက ဆေးမကုဘဲနဲ့ ပဋိပက္ခတွေမှာ ပါဝင်ဆောင်ရွက်
နေတာတွေက နိုင်ငံရေးကို ၀င်ရောက်စွက်ဖက်နေတာပါ။ ဒါကြောင့် ဒီအဖွဲ့ ကိုအလိုမရှိတဲ့အတွက်
ရခိုင်ကနေထွက်ပေးဖို့ ဆန္ဒဖော်ထုတ်ရတာပါ"ဟု ဆန္ဒဖော်ထုတ်ရာတွင် ခေါင်းဆောင်တစ်ဦးဖြစ်သူ
ရခိုင်အမျိုးသမီးကွန်ရက် ဥက္ကဋ္ဌ ဒေါ်ညိုအေး ကပြောသည်။

နယ်စည်းမထား ဆရာဝန်များအဖွဲ့သည် ရခိုင်ပြည်နယ်သို့ ၁၉၉၀ ပြည့်နှစ် ၀န်းကျင်မှ စတင်၍
ရောက်ရှိခဲ့သော်လည်း ဘင်္ဂါလီများကိုသာ ဦးစားပေးဆောင်ရွက်နေကြောင်း ရခိုင်တိုင်းရင်းသား
ဒေသခံများက ဆိုသည်။

ကုလ အဖွဲ့အစည်းများနှင့် အခြားအဖွဲ့ အစည်းများကို ရခိုင်ပြည်နယ်မှ ထွက်ခွာပေးရန် အတွက်
ကိုလည်း ဒေသခံပြည်သူနှင့် သံဃာတော်များအပါအ၀င် အင်အားသုံးထောင်ခန့်က ဖေဖော်ဝါရီလ
၂ ရက်နေ့က စစ်တွေမြို့တွင် လမ်းလျှောက် ဆန္ဒဖော်ထုတ်ခဲ့ကြသည်။

ဤအကြောင်းအရာနှင့် ပက်သက်၍ ထင်မြင်ချက်ပေးလိုပါက ...
[email protected] သို့ ပေးပို့နိုင်ပါသည်။


ရာသီဥတုအခြေအနေ

အကြည့်အများဆုံး - ပြည်တွင်းသတင်း