မဟာသန္တိသုခကျောင်းတော်ကြီးနှင့်ပတ်သက်၍ သမ္မတထံတင်ပြ

မဟာသန္တိသုခကျောင်းတော်ကြီးကို ပီနန်ဆရာတော်မှ ထပ်ဆင့်လှူဒါန်းခဲ့ခြင်းမရှိကြောင်းနှင့်
ဆရာတော်နှင့် ကျောင်းနေသံဃာတော်များကို ဖယ်ရှားပေးရန်ဟူသော နိုင်ငံတော်သံဃမဟာ
နာယကအဖွဲ့မှ ညွှန်ကြားချက်အပေါ် အစိုးရအဖွဲ့မှ ၀င်ရောက်ညှိနှိုင်းဖြေရှင်းသင့်ကြောင်းနှ
င့်ပတ်သက်ပြီး ရေးသားထားသော စာတစ်စောင်ကို ဖေဖော်ဝါရီလ ၂၇ ရက်နေ့ ကြာသပတေးနေ့
တွင် နိုင်ငံတော် သမ္မတဦးသိန်းစိန်ထံ စာပို့တင်ပြခဲ့ကြောင်း အဆိုပါကျောင်းတိုက်မှ ဆရာတော်
ဦးဥတ္တရက မိန့်ကြားခဲ့သည်။

 

ထိုစာတွင် မဟာသန္တိသုခကျောင်းတော်ကြီးသည် ပီနန်ဆရာတော်၏ ပုဂ္ဂလိက
ပိုင်ကျောင်းဖြစ်ကြောင်း အခြားမည်သူတစ်ဦးတစ်ယောက်ကိုမျှ ဆရာတော်ကြီးက
ပေးစွန့်လွှဲပြောင်း လှူဒါန်းထားခြင်းမရှိပါကြောင်း၊ သာသာနပြုလုပ်ငန်းအတွက် ပြည်ပသို့
သွားစဉ် ထိုစဉ်က နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်ကြီးခင်ညွှန့်က ဆရာတော်ထံ
ကျောင်းတော်ကြီးနှင့်ပတ်သက်၍ အကြောင်းကြားစာပေးပို့ခဲ့ပြီး စာပါအကြောင်းအရာတွင်
နိုင်ငံတော်သံဃမဟာနာယကအဖွဲ့ထံ ယာယီအပ်နှံခဲ့ကြောင်းနှင့် ထို့နောက် ဆရာတော်
မြန်မာနိုင်ငံသို့ ပြန်လည် ကြွရောက်မည်ဆိုပါက လိုအပ်သည်များကို ပေးအပ်မည်ဖြစ်ကြောင်း
ပါရှိသည်။ပြည်တွင်းသို့ ပြန်လာ ခဲ့သည့်အချိန်တွင်မူ ယခုကဲ့သို့ သံဃမဟာနာယကအဖွဲ့၏ ဖယ်ရှားပေး
ရမည်ဟူသော ညွှန်ကြားချက်ကြောင့် အငြင်းပွားနေရပြီး ထိုပြဿနာ နှင့်ပတ်သက်ပြီး အစိုးရ
အနေဖြင့် ညှိနှိုင်းဖြေရှင်းသင့်ကြောင်းလည်း အဆိုပါစာတွင် ထည့်သွင်းရေးသားထားသည်။

"စကတည်းက ဒီကျောင်းကြီးကို ဖြစ်ပေါ်လာဖို့အတွက် အလှူခံထားတာကတော့
ဆရာတော်ကြီးပေါ့ကွယ်။ ပီနန်ဆရာတော်ကြီး နာမည်နဲ့ မြေလျှောက်တယ်။
ပီနန်ဆရာတော်ကြီး နာမည်နဲ့ မြေကျတယ်။ နောက်ပြီး ဆရာတော်ကြီးက သူပိုင်
တဲ့ကျောင်းတော်ကြီးကို ဘယ်သူ့ကိုမှ လှူဒါန်းမထားဘူး" ဟု လန်ဒန် ဆရာတော် ဦးဥတ္တရက
လည်း ပြောကြားခဲ့သည်။

နိုင်ငံတော်သံဃမဟာနာယကအဖွဲ့မှ ညွှန်ကြားချက်တွင် ဆရာတော်နှင့် သီတင်းသုံးနေသော
ကျောင်းနေသံဃာတော်များ ကျောင်းတော်မှ မည်သည့်အချိန်တွင် ဆင်းပေးရမည်ဟူသော
အချက်မပါဝင်ကြောင်း အဆိုပါကျောင်းတိုက်မှ ဆရာတော် ဦးစန္ဒာသီရိက ပြောကြားခဲ့သည်။

ဤအကြောင်းအရာနှင့် ပက်သက်၍ ထင်မြင်ချက်ပေးလိုပါက ...
[email protected] သို့ ပေးပို့နိုင်ပါသည်။


ရာသီဥတုအခြေအနေ

အကြည့်အများဆုံး - ပြည်တွင်းသတင်း