ရခိုင်ပြည်နယ်၌ သန်းခေါင်စာရင်း ကောက်ယူရာတွင် ဘာသာစကားနှင့် လုံခြုံရေးအတွက် စိုးရိမ်မှုများရှိနေ

စစ်တွေမြို့တွင် စိုက်ထူထားသည့် သန်းခေါင်စာရင်းကောက်ယူမှုနှင့် ပတ်သက်ပြီး လှုံ့ဆော်ဆိုင်းဘုတ်ကြီးတစ်ခုအား မတ်လအစောပိုင်းကတွေ့ရစဉ်။ စိုးသန်းဝင်း/အေအက်ဖ်ပီစစ်တွေမြို့တွင် စိုက်ထူထားသည့် သန်းခေါင်စာရင်းကောက်ယူမှုနှင့် ပတ်သက်ပြီး လှုံ့ဆော်ဆိုင်းဘုတ်ကြီးတစ်ခုအား မတ်လအစောပိုင်းကတွေ့ရစဉ်။ စိုးသန်းဝင်း/အေအက်ဖ်ပီ

ပြည်လုံးကျွတ် အတိုင်းတာဖြင့် မတ်လ ၃၀ ရက်နေ့မှ ဧပြီလ ၁၀ ရက်နေ့အထိ သန်းခေါင်စာရင်း
ကောက်ယူမည်ဖြစ်ရာ ရခိုင်ပြည်နယ်၌ ဘင်္ဂါလီများနေထိုင်သော နေရာများသို့ သန်းခေါင်စာရင်း
ကောက်ယူကြရမည့် ပညာရေးဝန်ထမ်းများသည် ဘာသာစကားအခက်အခဲနှင့် လုံခြုံရေးအတွက်
စိုးရိမ်စိတ်များ ဖြစ်ပေါ်နေကြသည်။

"ကျွန်တော်တို့က ဒေသခံမဟုတ်ပါဘူး။ တာဝန်ကျလို့ ရောက်လာရတာပါ။ ဘင်္ဂါလီစကားကို
ဘယ်လိုမှ နားမလည်ဘူး။ ဒေသခံဆရာတွေတောင်မှ ဘင်္ဂါလီစကား ကောင်းကောင်းနားလည်
ကြတာ မဟုတ်ဘူး။ ရခိုင်ပြည်နယ်အတွက် သီးသန့်လုံခြုံရေး မပေးဘူးလို့ ပြောတယ်။
ကျွန်တော်တို့မှာ ဘာသာစကားကလည်း နားမလည်၊ ပဋိပက္ခတွေကလည်းဖြစ်နေတော့ လုံခြုံရေး
အတွက် စိုးရိမ်နေရတယ်"ဟု မောင်တောမြို့နယ်မှ မူလတန်းကျောင်းဆရာ တစ်ဦးက ပြောသည်။

"ရခိုင်ပြည်နယ်တောင်ပိုင်းနဲ့ မြောက်ပိုင်း အကုန်လုံး ဘင်္ဂါလီစကားဆိုတာ ဘာမှန်းမသိကြဘူး။
ဘူးသီးတောင်နဲ့ မောင်တောမှာလည်း ဒေသခံ အနည်းငယ်လောက်ပဲ ဘင်္ဂါလီစကား နည်းနည်းပဲ
တတ်ကြတယ်။ ကျွန်တော်ကနယ်က တာဝန်ကျတာ၊ ဘင်္ဂါလီစကားမတတ်ဘဲနဲ့ တတ်တယ်
ဆိုပြီးတော့ စာရင်းထဲမှာပါနေတယ်။ အဲလိုဖြစ်နေတာ ပညာရေးဝန်ထမ်း တော်တော်များများဖြစ်နေ
ကြတယ်။ ဒါတွေကိုလည်း သေချာစိစစ်သင့်တယ်လို့ ထင်ပါတယ်"ဟု မောင်တောမြို့နယ်ခွဲ
တောင်ပျော်မြို့နယ်မှ မူလတန်းကျောင်းဆရာ တစ်ဦးက ပြောသည်။

ဘင်္ဂါလီစကားကို အထူးသီးသန့်အနေဖြင့် သင်ကြားလို့မရနိုင်ကြောင်း၊ ဘင်္ဂါလီမိသားစုများနှင့်
အနေနီးသော သူများသာ အနည်းငယ် ပြောနိုင်ကြောင်း သီးသန့် သင်ကြားယူလိုစိတ်လည်း
မရှိကြောင်း ရခိုင်ပြည်နယ် ဒေသခံများက ဆိုသည်။

"ပညာရေးဝန်ထမ်း ၁၀၀ မှာ ၉၅ ရာခိုင်နှုန်းက ဘင်္ဂါလီစကား မတတ်ကြပါဘူး။ သီးသန့်သင်ကြားဖို့
ဆိုတာလည်း တိုင်းရင်းသားဘာသာစကား မဟုတ်တဲ့အတွက် မဖြစ်နိုင်ပါဘူး။ ပညာရေးဝန်ထမ်း
တွေအနေနဲ့ စိုးရိမ်စိတ်တွေဖြစ်နေတယ်ဆိုတာကိုတော့ ကြားနေရတယ်။ သန်းခေါင်စာရင်း
ကောက်တဲ့အချိန် ရသေ့တောင်၊ ဘူးသီးတောင်နဲ့ မောင်တောမြို့တွေကိုတော့ သီးသန့်လုံခြုံရေး
ထားပေးစေချင်ပါတယ်" ဟု မောင်တောမြို့နယ်မှ နိုင်ငံရေး တက်ကြွစွာလှုပ်ရှားသူ ဦးဝင်းသိန်းက
ပြောသည်။

ပြည်လုံးကျွတ် သန်းခေါင်စာရင်းကောက်ယူရာတွင် ပဋိပက္ခဖြစ်ပွားနေသော နေရာများတွင်
လုံခြုံရေးအစီအမံများဖြင့် ကောက်ယူမည်ဆိုပါက လူဦးရေ ကိန်းဂဏန်း အတိအကျရရှိရန်
အခက်အခဲဖြစ်နိုင်သည့်အတွက် လုံခြုံရေး သီးသန့်မထားရခြင်းဖြစ်ကြောင်း လူဝင်မှုကြီးကြပ်ရေးနှင့်
ပြည်သူ့အင်အား ဦးစီးဌာန ပြည်ထောင်စုဝန်ကြီး ဦးခင်ရီက ဖေဖော်ဝါရီလ ၁၀ ရက်နေ့က ရန်ကုန်မြို့
သုဝဏ္ဏမိုးလုံလေလုံ အားကစားခန်မ၌ ပြုလုပ်သော မြန်မာနိုင်ငံလုံးဆိုင်ရာ ၂၀၁၄ ခုနှစ်
ပြည်လုံးကျွတ်သန်းခေါင် စာရင်းနှင့် ပတ်သက်သည့် သတင်းစာရှင်းလင်းပွဲတွင် ပြောကြားခဲ့သည်။

"ဘာသာစကား အခက်အခဲရှိမယ်ဆိုရင် ဘာသာစကားကျွမ်းကျင်တဲ့သူတွေနဲ့ ဘယ်လို
ကောက်သွားမလဲ။ တစ်ဖက်ကလည်း ဒီလို အသုံးပြုတဲ့နေရာမှာ ဘာပြောမလဲ။ နှစ်ဖက်
လူ့အဖွဲ့အစည်းကြားမှာ ပြေပြေလည်လည်ဖြစ် အောင်ညှိနှိုင်းဆောင်ရွက်သွားပါမယ်"ဟု ၎င်းက
ပြောကြားခဲ့သည်။

သန်းခေါင်စာရင်း ကောက်ယူရာတွင်လည်း လူတစ်စုက ရိုဟင်ဂျာဟု ပြောဆိုခဲ့ပါက ရိုဟင်ဂျာ
လူမျိုးအား မြန်မာတိုင်းရင်းသားအဖြစ် အသိအမှတ်ပြုမည် မဟုတ်ကြောင်း ၎င်းက ဆက်လက်
ပြောကြားခဲ့သည်။

သန်းခေါင်စာရင်း ကောက်ယူခြင်းကို ရခိုင်တိုင်းရင်းသားများအနေဖြင့် အားတက်သရော ပူးပေါင်း
ပါဝင်သွားကြမည်ဖြစ်သလို ဘင်္ဂါလီများဘက်မှလည်း အေးဆေး ငြိမ်းချမ်းစွာ ဆောင်ရွက်နိုင်ရန်
ပူးပေါင်း ပါဝင်သွားကြမည်ဖြစ်ကြောင်း သိရသည်။

"သန်းခေါင်စာရင်း ကောက်ယူတာတွေကို အေးဆေးငြိမ်းချမ်းစွာနဲ့ ဆောင်ရွက်သွားနိုင်ဖို့အတွက်
ကျွန်တော်တို့ဘက်ကလည်း တတ်နိုင်တဲ့ဘက်က ပူးပေါင်းပါဝင် ဆောင်ရွက်သွားကြမှာပါ"ဟု
ရခိုင်ပြည်နယ် စစ်တွေမြို့၊ အောင်မင်္ဂလာရပ်ကွက်မှ ဘင်္ဂါလီလူမျိုး ဦးရွှေလှမော်က ပြောသည်။

ပြည်လုံးကျွတ်သန်းခေါင်စာရင်း ကောက်ယူရာ၌ အခြေခံကိန်းဏန်းများမှာ လူဦးရေ သန်း ၆၀ ၊
အိမ်ထောင်စု ၁၁ သန်း၊ တိုင်းနှင့်ပြည်နယ် ၁၄ ခု၊ ခရိုင် ၇၀ ၊ မြို့နယ်ပေါင်း ၃၃၀ ၊ ရပ်ကွက်ပေါင်း
၃,၀၅၁၊ ကျေးရွာအုပ်စုပေါင်း ၁၃,၆၂၀ ၊ ကျေးရွာပေါင်း ၆၄,၃၄၆၊ ကောက်ကွက်ပေါင်း ၉၁,၀၀၀၊
လူမျိုးစု ၁၃၅ စု၊ ဘာသာကြီး ငါးသာ သာ (နတ်အပါအ၀င်) တို့ဖြစ်ကာ အချိန်အတိုင်းအတာဖြင့်
ကောက်ယူသွားမည်ဖြစ်ပြီး ပညာရေးဝန်ထမ်းများနှင့် ကျန်းမာရေးဝန်ထမ်းများက ပူးပေါင်း
ပါဝင်ကြမည်ဖြစ်သည်။

ဤအကြောင်းအရာနှင့် ပက်သက်၍ ထင်မြင်ချက်ပေးလိုပါက ...
[email protected] သို့ ပေးပို့နိုင်ပါသည်။


ရာသီဥတုအခြေအနေ

အကြည့်အများဆုံး - ပြည်တွင်းသတင်း