မြန်မာနိုင်ငံ အရှေ့ပိုင်းဒေသများ စိုက်ပျိုးစီးပွား ဖွံ့ဖြိုးတိုးတက်ရေး စီမံကိန်းဖော်ဆောင်မည်

လယ်ယာစိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာနနှင့် အပြည်ပြည်ဆိုင်ရာ
စိုက်ပျိုးရေး ဖွံ့ဖြိုးတိုးတက်မှု ရန်ပုံငွေအဖွဲ့ (IFAD) တို့ ပူးပေါင်းကာ တိုင်းရင်းသား
အိမ်ထောင်စုပေါင်း ၆၂,၄ဝဝ ကျော် စီးပွားရေးအကျိုးအမြတ် ဖြစ်ထွန်းစေမည့် အရှေ့ပိုင်း
ဒေသများ စိုက်ပျိုးစီးပွား ဖွံ့ဖြိုးတိုးတက်ရေး စီမံကိန်း (ESAP) ကို ဖော်ဆောင်သွားမည်
ဖြစ်သည်။

» အပြည့်အစုံသို့

တံခွန်တိုင် နွားဘေးမဲ့ရုံတွင် နွားစာအလှူရှင်များ လိုအပ်နေ

မန္တလေးတိုင်းဒေသကြီး၊ ပြည်ကြီးတံခွန်မြို့နယ်၊
ဈေးတန်းရပ်၊ တံခွန်တိုင်နွားဘေးမဲ့ရုံရှိ နွားများ
အတွက် နွားစာအလှူရှင်များလိုအပ်နေကြောင်း
နွားထိန်းသိမ်းစောင့်ရှောက်ရေး တာဝန်ခံဖြစ်သူ
ဦးဗဟာဒူးက မေ ၁၅ ရက်က ပြောသည်။

» အပြည့်အစုံသို့

စိုက်ပျိုးရေးလုပ်ငန်းများဆိုင်ရာ နိုင်ငံတကာကုန်စည်ပြပွဲနှင့် ဟောပြောပွဲ ပြုလုပ်မည်

စိုက်ပျိုးရေးလုပ်ငန်းဆိုင်ရာ နိုင်ငံတကာ ကုန်စည်ပြပွဲနှင့် ဟောပြောပွဲကို မေ ၂ဝ၊ ၂၁ ရက်
များတွင် ပြုလုပ်သွားမည်ဖြစ်ကြောင်း ပြပွဲကျင်းပပြုလုပ်သည့် Veas Co, Ltd  တာဝန်ရှိသူ
ဒေါ်သက်သက်မာက မေ ၁၅ ရက်တွင် ပြောသည်။

» အပြည့်အစုံသို့

အပူပိုင်းဒေသ စိမ်းလန်းစိုပြည်ရေးအတွက် ကျပ်သန်းပေါင်း ၄၈ဝ နီးပါး သုံးစွဲသွားမည်

၂ဝ၁၇-၁၈ ဘဏ္ဍာနှစ်တွင် မန္တလေးတိုင်းဒေသကြီးအတွင်းရှိ အပူပိုင်းဒေသများ စိမ်းလန်း
စိုပြည်ရေးအတွက် တိုင်းဒေသကြီး ရန်ပုံငွေဖြင့် ကျပ် ၄၇၉ ဒသမ ၆၃၉ သန်း သုံးစွဲသွား
မည်ဖြစ်ကြောင်း မန္တလေးတိုင်းဒေသကြီးဘဏ္ဍာရန်ပုံငွေဖြင့် ဆောင်ရွက်မည့်ရင်းနှီးမြှုပ်နှံမှု
အစီအစဉ်တွင် ဖော်ပြချက်အရသိရသည်။

» အပြည့်အစုံသို့

ယခုဘဏ္ဍာနှစ် ငါးအင်းလေလံ ကျပ်သိန်း ၁,ဝဝဝ ကျော် ပိုမိုရရှိ

ယခုဘဏ္ဍာနှစ်အတွက် မန္တလေးတိုင်းဒေသကြီးအတွင်းရှိ အင်းများကိုလေလံပစ်ရာတွင်
ရရှိသည့်နှုန်းထားမှာ ယခင်နှစ်ထက် ကျပ်သိန်း ၁,၄ဝဝ ပိုမိုရရှိခဲ့ကြောင်း မန္တလေးတိုင်း
ဒေသကြီး ငါးလုပ်ငန်းဦးစီးဌာနဦးစီးမှူး ဦးလှဝင်းက လွန်ခဲ့သော ရက်သတ္တပတ်က
ပြောသည်။

» အပြည့်အစုံသို့

ဗိုလ်ချုပ်ကြေးရုပ်ဖွင့်ပွဲကို ဒေါ်အောင်ဆန်းစုကြည်၏ မွေးနေ့တွင် ပြုလုပ်မည်

မန္တလေးမြို့၊ ပြည်ကြီးတံခွန်မြို့နယ် မန္တလာတံခွန်
ပန်းခြံတွင် ကြေးပိဿာချိန် ၁,၅ဝဝ ရှိသည့်
ဗိုလ်ချုပ်အောင်ဆန်း ကြေးရုပ်တုဖွင့်ပွဲကို
ဒေါ်အောင်ဆန်းစုကြည်၏မွေးနေ့ဖြစ်သည့်
ဇွန် ၁၉ ရက်တွင် ပြုလုပ်သွားမည်ဖြစ်ကြောင်း...

» အပြည့်အစုံသို့

သပိတ်ကျင်းမြို့နယ်အနီးရှိ သစ်တောများတွင် တောဆင်ရိုင်းများကို သတ်ဖြတ်မှုများ ရှိနေ

မန္တလေးတိုင်းဒေသကြီး၊ ပြင်ဦးလွင်ခရိုင်၊ သပိတ်
ကျင်းမြို့နယ် အနီးတစ်ဝိုက်ရှိသစ်တောများတွင်
ကျင်လည်ကျက်စားနေသည့်တောဆင်ရိုင်းများကို
ဖမ်းဆီးသတ်ဖြတ်မှုများရှိနေကြောင်း သပိတ်ကျင်း
မြို့နယ်တောရိုင်းတိရစ္ဆာန် ထိန်းသိမ်းစောင့်ရှောက်
ရေး ၉ မိုင်ကျေးရွာ ရှေ့တန်းရုံးစခန်း တာဝန်ခံ
ဦးစိုင်းညီညီက ပြောသည်။

» အပြည့်အစုံသို့

ပုဂံဇုန်ဝင်ကြေးငွေဖြင့် ပုဂံဘုရားလမ်းများ စတင်ပြုပြင်

ပုဂံရှေးဟောင်းယဉ်ကျေးမှုဇုန်ကို လာရောက်လည်ပတ်သည့် နိုင်ငံခြားသားခရီးသွားများ
ထံမှကောက်ခံရရှိသည့် ဇုန်ဝင်ကြေးများ၏လေးရာခိုင်နှုန်းဖြင့် ပုဂံဒေသရှိ ဘုရားများ၏
လမ်းများကို စတင်ပြုပြင်နေပြီဖြစ်ကြောင်း ပုဂံဒေသ တိုးတက်ဖွံ့ဖြိုးရေးအသင်းဥက္ကဋ္ဌ
ဦးခင်မောင်နုက ယခုလ ၁၅ ရက်က ပြောသည်။

» အပြည့်အစုံသို့

ငါးမိနစ်စကားစမြည်

ဒီတစ်ပတ်ငါးမိနစ်စကားစမြည်ကဏ္ဍမှာ နိုင်ငံရေး
တက်ကြွလှုပ်ရှားသူ ကိုအောင်ဆန်းမြင့်က
ဒီလနှောင်းပိုင်းမှာ ကျင်းပတော့မယ့် ၂၁ ရာစု
ပင်လုံနဲ့ ပတ်သက်ပြီး သူ့မျှော်လင့်ချက်များကို
ပြောကြားထားပါတယ်။

» အပြည့်အစုံသို့

ရတနာပုံ (စ) ဈေးဆိုင်ခန်းခများမှာ အခြားဆိုင်ခန်းခများထက်များနေသဖြင့် ဆိုင်ခန်းရှင်များ အခက်အခဲကြုံနေရဟုဆို

မန္တလေးမြို့၊ ပြည်ကြီးတံခွန်မြို့နယ်ရှိ ရတနာပုံ(စ)
ဈေးဆိုင်ခန်းခများကို တိုးမြှင့်ကောက်ခံရန် စည်ပင်
သာယာမှ အတည်ပြုထားရာတိုးမြှင့်လိုက်သော
နှုန်းထားမှာ အခြားဈေးဆိုင်ခန်းခများနှင့်နှိုင်းယှဉ်
ပါက များပြားနေပြီး ဈေးမှာလည်း စည်ကားမှုမရှိ
သေးသဖြင့် ဆိုင်ခန်းရှင်များအနေဖြင့်...

» အပြည့်အစုံသို့

ရာသီဥတုအခြေအနေ - မန္တလေး

အကြည့်အများဆုံး - မန္တလေးနှင့် အထက်မြန်မာပြည်သတင်း