ပဲစင်းငုံနှင့် မတ်ပဲ အိန္ဒိယ အဝယ်ရပ်တန့်၍ ဈေးနှုန်းများ ကျဆင်း

ပဲစင်းငုံနှင့် မတ်ပဲများ အိန္ဒိယအဝယ် ရပ်တန့်နေ၍
ဈေးနှုန်းများ တစ်ရက်ထက် တစ်ရက်ကျ
ဆင်းလာကြောင်း ဆီထွက်သီးနှံ အရောင်း
အဝယ်ပြုလုပ်သူများက မေ ၁ ရက်က ပြောသည်။

» အပြည့်အစုံသို့

နိုင်ငံတစ်ဝန်းမှ ရေနံမြေအလုပ်သမားများ တက်ရောက်သည့် အလုပ်သမားနေ့အခမ်းအနား ချောက်ရေနံမြေတွင် ကျင်းပ

မကွေးတိုင်းဒေသကြီး ချောက်ရေနံမြေအတွင်း
နှစ်ပေါင်း ၂၀ ကျော် ကျင်းပပြုလုပ်ခွင့် မရခဲ့သည့်
အလုပ်သမားနေ့ အခမ်းအနားကို ပြီးခဲ့သည့် မေ ၁ ရက်တွင်
ပြန်လည်ကျင်းပခွင့် ရရှိခဲ့ပြီး မြန်မာနိုင်ငံတစ်ဝန်းမှ
ရေနံမြေအလုပ်သမားများ တက်ရောက်ခဲ့ကြောင်း ...

» အပြည့်အစုံသို့

အမှုမှန်ဖော်ထုတ်အရေးယူပေးရန် အဓမ္မပြုကျင့်ခံရသည့် အမျိုးသမီးတောင်းဆို

မကွေးတိုင်းဒေသကြီး ပခုက္ကူမြို့နယ်တွင်
ဖြစ်ပွားခဲ့သည့် ခြိမ်းခြောက်အကျပ်ကိုင်ပြီး
အကြိမ်ကြိမ် အဓမ္မပြုကျင့်ခဲ့သည်ဆိုသော
အမှုတွင် ကျူးလွန်ခဲ့သူသည် နောက်ခံ
အင်အားတောင့်တင်းမှုကြောင့် ...

» အပြည့်အစုံသို့

မကွေးမြို့တော်ခန်းမရှေ့တွင် ဆန္ဒဖေါ်ထုတ်သူ ဆေးကျောင်းသားအား တရားရုံးမှ ဒဏ်ငွေ သုံးသောင်းချ

မကွေးမြို့၊ မြို့တော်ခန်းမရှေ့တွင် ပြည်တွင်းစစ်ရပ်ဆဲရန် ဆန္ဒဖော်ထုတ်သူ ဆေးကျောင်းသားအား
ယခုလ ၂ ရက်နေ့တွင် မကွေးမြို့နယ်တရားရုံးမှ ဒဏ်ငွေသုံးသောင်း(သို့မဟုတ်)ထောင်ဒဏ်
တစ်ဆယ့်ငါးရက် ကျခံရမည်ဟု အမိန့်ချမှတ်ခဲ့သည်။

» အပြည့်အစုံသို့

တရုတ်နိုင်ငံတွင် အကျဉ်းကျပြီး ပြန်ရောက်လာသည့် မြန်မာနိုင်ငံသားများကို နေရပ် အသီသီးသို့ ပြန်ပို့

တရုတ်နိုင်ငံတွင် အကြောင်းအမျိုးမျိုးကြောင့် အကျဉ်းကျပြီး ပြန်ရောက်လာသည့် မြန်မာနိုင်ငံသားများကို
ဧပြီလ ၂၉ ရက်နေ့ ညနေ ၅ နာရီအချိန်ခန့်မှ စတင်ကာ မန္တလေးမြို့မှတဆင့် နေရပ်အသီးသီးသို့
ပြန်လည်ပို့ဆောင်ပေးခဲ့ကြောင်း သိရသည်။

» အပြည့်အစုံသို့

မန္တလေး - ပြင်ဦးလွင်လမ်းတိုးချဲ့ရာတွင် ခုတ်လှဲခဲ့ရသည့် လမ်းဘေးအပင်များ အစားထိုးရန် အရိပ်ရပင်များ စိုက်ပျိုးသွားမည်

မန္တလေး - ပြင်ဦးလွင် တိုးချဲ့လမ်းဖောက်လုပ်ရာတွင် ခုတ်လှဲခဲ့ရသည့် လမ်းဘေးအပင်ကြီး၊
အပင်ငယ်များအစား ပြင်ဦးလွင်မြို့ရှိ ဌာနဆိုင်ရာ အဖွဲ့အစည်းများနှင့် စိမ်းလန်းပြင်ဦးလွင်
သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးအဖွဲ့တို့ပူးပေါင်းကာ အရိပ်ရအပင် ၁၂,၀၀၀ ကျော်ကို မိုးဦးကျချိန်မှ
စတင်ကာ စိုက်ပျိုးသွားမည်ဖြစ်ကြောင်း ၎င်းအဖွဲ့မှ သိရသည်။

» အပြည့်အစုံသို့

မန္တလေးတိုင်း စည်ပင်ကွပ်ကဲမှုအောက်ရှိ အမှိုက်သိမ်းဆည်းမှုလုပ်ငန်း ကျပ်သိန်း ၅,၇၀၀ ကျော် အရှုံးပေါ်

မန္တလေးတိုင်းဒေသကြီး စည်ပင်သာယာရေးအဖွဲ့၏ ကွပ်ကဲမှုအောက်ရှိ မြို့နယ်၂၂ မြို့နယ်ရှိ
စည်ပင်သာယာရေးအဖွဲ့များမှ သက်ဆိုင်ရာမြို့နယ်အလိုက် အမှိုက်သိမ်းဆည်းခြင်း
ဝန်ဆောင်မှုလုပ်ငန်း လုပ်ကိုင်ခဲ့ရာတွင် ပြီးခဲ့သည့် ၂၀၁၆ - ၂၀၁၇ ဘဏ္ဍာနှစ်အတွက်
ကျပ်သိန်းပေါင်း ၅,၇၀၀ကျော် အရှုံးပေါ်ခဲ့ကြောင်း မန္တလေးတိုင်းဒေသကြီး စည်ပင်သာယာရေးအဖွဲ့၏
စာရင်းများအရ သိရသည်။

» အပြည့်အစုံသို့

အလောင်းတော်ကဿပ အမျိုးသားဥယျာဉ်ရှိ သစ်တောဝန်ထမ်းများကို လက်နက်ကိုင်ခွင့်ပြု

စစ်ကိုင်းတိုင်းဒေသကြီး အလောင်းတော်ကဿပ အမျိုးသားဥယျာဉ်အတွင်း တာဝန်ထမ်းဆောင်နေသော
သစ်တောဝန်ထမ်း၂ဝ ကို ယခုလ ၇ ရက်မှစတင်ကာ လက်နက်များ ပြန်လည်ကိုင်ဆောင်ခွင့်ပြု
ထားပြီး အနောက်မြောက်တိုင်းစစ်ဌာနချုပ်နှင့် ညှိနှိုင်းပြီးပါက ပိုမိုကောင်းမွန်သော လက်နက်များ
ပြောင်းလဲတပ်ဆင်ပေးမည်ဟု အမျိုးသားဥယျာဉ်အုပ်ချုပ်ရေးမှူး ဦးမောင်မောင်နိုင်က ပြောသည်။

» အပြည့်အစုံသို့

ရေနံလက်ယက်တွင်း ရန်ပုံငွေကျပ်သန်း ၁,၇ဝဝ ပြန်ပေးရန် ကမ်းလှမ်း

ယခင်အစိုးရလက်ထက်တွင် မကွေးတိုင်းဒေသကြီး
ရန်ပုံငွေအဖြစ် ကောက်ခံခဲ့သည့် ရေနံလက်ယက်တွင်း
ရန်ပုံငွေ ကျပ် ၇ ဒသမ ၄၅၉ ဘီလျံအနက်
ကျပ်သန်း ၁,၇ဝဝ ကိုပြန်လည်လွှဲပြောင်းပေးရန်
ဦးဘုန်းမော်ရွှေနှင့် ဦးကြည်ထွန်းတို့က ကမ်းလှမ်း ...

» အပြည့်အစုံသို့

စစ်ကိုင်းပညာရေးကောလိပ် ကျောင်းသားနှစ်ဦးဆန္ဒဖော်ထုတ်

စစ်ကိုင်းတိုင်းဒေသကြီးအတွင်းရှိ စစ်ကိုင်းပညာရေး
ကောလိပ်တွင် ဖိနှိပ်ချုပ်ချယ်မှုများရှိနေသေးပြီး
အပြည်ပြည်ဆိုင်ရာ လူအခွင့်အရေးကြေညာ
စာတမ်းပါ အချက်အလက်များကို ချိုးဖောက်မှုများ
ရှိနေသေးသောကြောင့် စစ်ကိုင်းပညာရေး ...

» အပြည့်အစုံသို့

ရာသီဥတုအခြေအနေ - မန္တလေး

အကြည့်အများဆုံး - မန္တလေးနှင့် အထက်မြန်မာပြည်သတင်း